ပုဂံဘုရား(၉၂)ဆူျပဳျပင္ထိန္းသိမ္းဖို႔အတြက္ အိႏၵိယက အေမရိကန္ေဒၚလာ(၇)သန္းအသုံးျပဳသြားမယ္

ပုဂံ ႏိုဝင္ဘာ ၉-၂၀၁၉
ျဖဴျဖဴ (VOM)

မၾကာခင္ကမွ ယူနက္စကိုဝင္ထားတဲ့ ပုဂံေဒသက ဘုရား (၉၂)ဆူကို အိႏၵိယအစိုးရကေန အေမရိကန္ေဒၚလာ (၇)သန္းအကုန္အက်ခံၿပီး ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ေပးသြားမယ္လို႔ အိႏၵိယေကာင္စစ္ဝန္ခ်ဳပ္ရံုးကေန သိရပါတယ္။

“ ပုဂံဟာ ျမန္မာႏိုင္ငံသူႏိုင္ငံသားေတြအတြက္ ေရွးေဟာင္းအေမြအႏွစ္ျဖစ္႐ုံမကဘူး ကမာၻသူ ကမာၻသားအားလုံး၊ လူသားတစ္ရပ္လုံးအတြက္လည္း အေမြအႏွစ္ျဖစ္တယ္။ အဲ့အတြက္ေၾကာင့္ ပူးေပါင္းေဆာင္႐ြက္ဖို႔ေတြရွိတယ္ ”လို႔ အိႏၵိယေကာင္စစ္ဝန္ခ်ဳပ္ H.E.Mr Nandan Singh Bhaisoraက ေျပာပါတယ္။

၂၀၁၆ ခုႏွစ္က လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ပုဂံေဒသက ဘုရားေပါင္း(၃၈၉)ဆူ ထိခိုက္ပ်က္စီးမႈေတြ ျဖစ္ခဲ့ၿပီး အဲဒီငလ်င္ေၾကာင့္ ပ်က္စီးခဲ့တဲ့ဘုရားေတြ အပါအဝင္ ေနာင္မွာ ငလ်င္ဒဏ္ခံ ဘုရားေတြျဖစ္ဖို႔ ႏိုင္ငံတကာက ပူးေပါင္းၿပီး ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ေပးေနတာျဖစ္တယ္လုိ႔ သိရပါတယ္။

အိႏၵိယႏိုင္ငံအေနနဲ႔ကလည္း ပုဂံဘုရား ၉၂ ဆူအတြက္ တာဝန္ယူေဆာင္႐ြက္သြားမွာျဖစ္ၿပီး မၾကာခင္မွာပဲ အိႏၵိယရဲ႕အင္ဂ်င္နီယာအဖြဲ႕ေတြလည္း ေရာက္လာေတာ့မယ္လို႔ သိရၿပီး မၾကာခင္ကမွ ျပဳျပင္ထိန္းသိမ္းမႈၿပီးစီးသြားတဲ့ အာနႏၵာဘုရားကိုလည္း အိႏၵိယက တာဝန္ယူထိန္းသိမ္းျပဳျပင္ခဲ့တာဆိုရင္ အခ်ိန္ကာလအားျဖင့္ ၆ ႏွစ္ၾကာေဆာင္႐ြက္ခဲ့ရတယ္တာျဖစ္ပါတယ္။

“ လက္ရွိမွာက ၂၀၁၆ ခုႏွစ္က ငလ်င္ဒဏ္ခံခဲ့ရတဲ့ဘုရားေတြကို ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္ေဆာင္ေနတာဆိုေပမယ့္ ဒါဟာ မ်က္ျမင္ပ်က္စီးမႈကို အေရးေပၚျပဳျပင္ထိန္းသိမ္းတဲ့အေနအထားပဲရွိေနတာျဖစ္ၿပီး ပုဂံဘုရား (၃၈၂၂)ဆူလုံးဟာ ေရရွည္ႀကံံ့ခိုင္မႈနဲ႔ ထိန္းသိမ္းမႈအတြက္ ဆက္လက္လုပ္ေဆာင္သြားရမယ္ ” လို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ဒုၫႊန္ခ်ဳပ္ေဒါက္တာသိန္းလြင္က ေျပာပါတယ္။

လက္ရွိမွာ ပုဂံေဒသက ဘုရားေတြျပဳျပင္ထိန္းသိမ္းမႈေတြအတြက္ အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယား၊ ဂ်ာမနီနဲ႔ အီတလီ ႏိုင္ငံေတြကေန ပူးေပါင္းေဆာင္႐ြက္ေနတာျဖစ္ပါတယ္။

#voiceofmyanmar #ပုဂံ #အိႏိၵယ

Unicode

ပုဂံဘုရား(၉၂)ဆူပြုပြင်ထိန်းသိမ်းဖို့အတွက် အိန္ဒိယက အမေရိကန်ဒေါ်လာ(၇)သန်းအသုံးပြုသွားမယ်

ပုဂံ နိုဝင်ဘာ ၉-၂၀၁၉
ဖြူဖြူ (VOM)

မကြာခင်ကမှ ယူနက်စကိုဝင်ထားတဲ့ ပုဂံဒေသက ဘုရား (၉၂)ဆူကို အိန္ဒိယအစိုးရကနေ အမေရိကန်ဒေါ်လာ (၇)သန်းအကုန်အကျခံပြီး ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးကနေ သိရပါတယ်။

“ ပုဂံဟာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် ရှေးဟောင်းအမွေအနှစ်ဖြစ်ရုံမကဘူး ကမ္ဘာသူ ကမ္ဘာသားအားလုံး၊ လူသားတစ်ရပ်လုံးအတွက်လည်း အမွေအနှစ်ဖြစ်တယ်။ အဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ဖို့တွေရှိတယ် ”လို့ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E.Mr Nandan Singh Bhaisoraက ပြောပါတယ်။

၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပုဂံဒေသက ဘုရားပေါင်း(၃၈၉)ဆူ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး အဲဒီငလျင်ကြောင့် ပျက်စီးခဲ့တဲ့ဘုရားတွေ အပါအဝင် နောင်မှာ ငလျင်ဒဏ်ခံ ဘုရားတွေဖြစ်ဖို့ နိုင်ငံတကာက ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ကလည်း ပုဂံဘုရား ၉၂ ဆူအတွက် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး မကြာခင်မှာပဲ အိန္ဒိယရဲ့အင်ဂျင်နီယာအဖွဲ့တွေလည်း ရောက်လာတော့မယ်လို့ သိရပြီး မကြာခင်ကမှ ပြုပြင်ထိန်းသိမ်းမှုပြီးစီးသွားတဲ့ အာနန္ဒာဘုရားကိုလည်း အိန္ဒိယက တာဝန်ယူထိန်းသိမ်းပြုပြင်ခဲ့တာဆိုရင် အချိန်ကာလအားဖြင့် ၆ နှစ်ကြာဆောင်ရွက်ခဲ့ရတယ်တာဖြစ်ပါတယ်။

“ လက်ရှိမှာက ၂၀၁၆ ခုနှစ်က ငလျင်ဒဏ်ခံခဲ့ရတဲ့ဘုရားတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတာဆိုပေမယ့် ဒါဟာ မျက်မြင်ပျက်စီးမှုကို အရေးပေါ်ပြုပြင်ထိန်းသိမ်းတဲ့အနေအထားပဲရှိနေတာဖြစ်ပြီး ပုဂံဘုရား (၃၈၂၂)ဆူလုံးဟာ ရေရှည်ကြံံ့ခိုင်မှုနဲ့ ထိန်းသိမ်းမှုအတွက် ဆက်လက်လုပ်ဆောင်သွားရမယ် ” လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်ချုပ်ဒေါက်တာသိန်းလွင်က ပြောပါတယ်။

လက်ရှိမှာ ပုဂံဒေသက ဘုရားတွေပြုပြင်ထိန်းသိမ်းမှုတွေအတွက် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီနဲ့ အီတလီ နိုင်ငံတွေကနေ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

#voiceofmyanmar #ပုဂံ #အိန္ဒိယ

Related posts

Leave a Comment

VOM News

FREE
VIEW