ေ႐ႊသံလြင္တိုးဂိတ္မွာ ျဖတ္လာတဲ့ယာဥ္ေတြကို စစ္ေဆးရာက ဘဂၤါလီ(၇)ဖမ္းမိ

ပဲခူး၊ ႏိုဝင္ဘာ ၉-၂၀၁၉
မိုးယံ(VOM)

ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးၿမိဳ႕၊ ေ႐ႊသံလြင္တိုးဂိတ္၌ ေ႐ႊသံလြင္တိုးဂိတ္မွာ ျဖတ္လာတဲ့ယာဥ္ေတြကို စစ္ေဆးရာကေန ဘဂၤါလီ ၇ ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ ဘုရားႀကီးနယ္ေျမရဲစခန္းက သိရပါတယ္။

မေန႔ ႏိုဝင္ဘာ(၈)ရက္ညပိုင္း က ေ႐ႊသံလြင္တိုးဂိတ္နားမွာ ပူးေပါင္းအဖြဲ႔ေတြ စစ္ေဆးေရးျပဳလုပ္ေနခ်ိန္ ေဝါဘက္ကေန ဘုရားႀကီးဘက္ကို ေမာင္းလာတဲ့ အနက္ေရာင္ Hiace အမ်ိဳးအစားယာဥ္တစ္စီးေပၚမွာ ျမန္မာစကားမေျပာတတ္တဲ့ ဘဂၤါလီလူမ်ိဳး(၇)ဦး၊ အမ်ိဳးသား(၄)ဦး အမ်ိဳးသမီး(၃)ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားပါတယ္။

အဆိုပါ ဘဂၤါလီလူမ်ိဳး(၇)ဦးကို ဟိုင္းေအ့စ္ယာဥ္ေမာင္း အသက္(၂၉)ႏွစ္ရွိ မင္းမင္းထြန္းဆိုသူနဲ႔ ဇနီးျဖစ္သူ အသက္(၂၄)ႏွစ္ရွိမသိမ့္သိမ့္ေအးတို႔က သထုံၿမိဳ႕က အမည္မသိသူတစ္ဦးရဲ႕အဆက္အသြယ္နဲ႔ တစ္ဦးကို၅၀၀၀ က်ပ္ႏႈန္း ကားခယူၿပီး ရန္ကုန္ကို ၾကက္စာသယ္ရန္အသြားမွာ တင္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တရားမဝင္လူမ်ိဳးေတြကို ကားနဲ႔သယ္လာေသာ ယာဥ္ေမာင္း မင္းမင္းထြန္း၊ ဇနီးျဖစ္သူအပါအဝင္ ဘဂၤါလီ ၇ ဦးတို႔ကို ဘုရားႀကီးနယ္ေျမရဲစခန္းမွ ဥပေဒအရအေရးယူေဆာင္႐ြက္ႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔သိရၿပီး သက္ဆိုင္ရာ ဘုရားႀကီးနယ္ေျမရဲစခန္းကိုလည္း ဆက္သြယ္ေမးျမန္းလို႔ မရေသးတာျဖစ္ပါတယ္။

#voiceofmyanmar #ပဲခူး #ဘဂၤါလီ

Unicode

ရွှေသံလွင်တိုးဂိတ်မှာ ဖြတ်လာတဲ့ယာဉ်တွေကို စစ်ဆေးရာက ဘင်္ဂါလီ(၇)ဖမ်းမိ

ပဲခူး၊ နိုဝင်ဘာ ၉-၂၀၁၉
မိုးယံ(VOM)

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်၌ ရွှေသံလွင်တိုးဂိတ်မှာ ဖြတ်လာတဲ့ယာဉ်တွေကို စစ်ဆေးရာကနေ ဘင်္ဂါလီ ၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘုရားကြီးနယ်မြေရဲစခန်းက သိရပါတယ်။

မနေ့ နိုဝင်ဘာ(၈)ရက်ညပိုင်း က ရွှေသံလွင်တိုးဂိတ်နားမှာ ပူးပေါင်းအဖွဲ့တွေ စစ်ဆေးရေးပြုလုပ်နေချိန် ဝေါဘက်ကနေ ဘုရားကြီးဘက်ကို မောင်းလာတဲ့ အနက်ရောင် Hiace အမျိုးအစားယာဉ်တစ်စီးပေါ်မှာ မြန်မာစကားမပြောတတ်တဲ့ ဘင်္ဂါလီလူမျိုး(၇)ဦး၊ အမျိုးသား(၄)ဦး အမျိုးသမီး(၃)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

အဆိုပါ ဘင်္ဂါလီလူမျိုး(၇)ဦးကို ဟိုင်းအေ့စ်ယာဉ်မောင်း အသက်(၂၉)နှစ်ရှိ မင်းမင်းထွန်းဆိုသူနဲ့ ဇနီးဖြစ်သူ အသက်(၂၄)နှစ်ရှိမသိမ့်သိမ့်အေးတို့က သထုံမြို့က အမည်မသိသူတစ်ဦးရဲ့အဆက်အသွယ်နဲ့ တစ်ဦးကို၅၀၀၀ ကျပ်နှုန်း ကားခယူပြီး ရန်ကုန်ကို ကြက်စာသယ်ရန်အသွားမှာ တင်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရားမဝင်လူမျိုးတွေကို ကားနဲ့သယ်လာသော ယာဉ်မောင်း မင်းမင်းထွန်း၊ ဇနီးဖြစ်သူအပါအဝင် ဘင်္ဂါလီ ၇ ဦးတို့ကို ဘုရားကြီးနယ်မြေရဲစခန်းမှ ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေတယ်လို့သိရပြီး သက်ဆိုင်ရာ ဘုရားကြီးနယ်မြေရဲစခန်းကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးတာဖြစ်ပါတယ်။

#voiceofmyanmar #ပဲခူး #ဘင်္ဂါလီ

Related posts

Leave a Comment

VOM News

FREE
VIEW