ဘဂၤလားေဒ႔ရွ္မွာ ရထားနွစ္စင္းေခါင္းခ်င္းဆိုင္တိုက္ ၊ ၁၅ဦးေသဆံုးျပီး ၄၀ ေက်ာ္ဒါဏ္ရာရ

Zawgyi

ဒါကာ၊ နို၀င္ဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္နိုင္ငံမွာ နို၀င္ဘာ ၁၂ ရက္မနက္အေစာပိုင္းက ရထားနွစ္စင္းေခါင္းခ်င္းဆိုင္တိုက္မိျပီးေနာက္ လူ ၁၅ ဦးေသဆံုးျပီး ၄၀ ေက်ာ္ဒါဏ္ရာရရိွသြားတယ္လို႔ ဘဂၤလားေဒ႔ရွ္ တာ၀န္ရိွသူေတြကေျပာပါတယ္။ အပ်က္အစီးေတြၾကားမွ ခရီးသည္ေတြကို ကယ္ဆယ္ေရးသမားေတြက ကယ္ထုတ္ရန္ၾကိဳးစားေနၾကပါတယ္။

နိုင္ငံေတာင္ပိုင္း စစ္တေကာင္းဆိပ္ကမ္းျမိဳ႕သို႔သြားမယ္႔ ရထားတစ္စင္းနဲ႔ ဒါကာကိုသြားမယ္႔ တစ္စင္းတို႔ဟာ ျမိဳ႕ေတာ္ဒါကာရဲ႕ အေရွ႕ပိုင္း မိုင္ ၆၀ အကြာရိွ ဘရာမန္ဘာရီယာေဒသမွာ နို၀င္ဘာ ၁၂ ရက္နံနက္ ၃ နာရီက တိုက္မိျခင္းျဖစ္ျပီး စစ္တေကာင္းသြားမယ္႔ ရထားရဲ႕ တြဲသံုးတြဲပ်က္စီးသြားပါတယ္။

လက္ရိွအခ်ိန္ထိ အေလာင္း ၁၅ ေလာင္းရွာေဖြေတြ႔ရွိထားေၾကာင္း ခရိုင္တာ၀န္ရိွသူတစ္ဦးျဖစ္သူ ဒိုလတ္ခန္းက ေျပာဆိုျပီး ရဲတပ္ဖြဲ႔၊ နယ္ျခားေစာင္႔တပ္နဲ႔ စစ္ဘက္ရဲ႕ကယ္ဆယ္ေရးလုပ္ေဆာင္စဥ္အတြင္း ေသဆံုးသူအေရအတြက္ တိုးျမင္႔လာတယ္လို႔ သူကသတိေပးေျပာဆိုပါတယ္။

လူ ၄၀ ေက်ာ္ကို ေဆးရံုသို႔ တင္ပို႔ထားရျပီး အခ်ိဳ႕ကေတာ႔ စိုးရိမ္ဖြယ္အေျခအေနရိွတယ္လို႔ သူကဆိုပါတယ္။ ရထားနွစ္စင္းတိုက္မိခ်ိန္မွာ ခရီးသည္အမ်ားစုက အိမ္ေပ်ာ္ေနၾကတာျဖစ္ပါတယ္။

ရထားနွစ္စင္းဟာ လမ္းေၾကာင္းတူေပၚကို ဘယ္လိုေရာက္ရိွခဲ႔တယ္ဆိုတာ လက္ရိွအခ်ိန္ထိ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ ဒီကိစၥကိုစံုးစမ္းစစ္ေဆးဖို႔ ဘဂၤလားေဒ႔ရွ္အစိုးရက အမိန္႔ထုတ္ထားပါတယ္။

ဘဂၤလားေဒ႔ရွ္နုိင္ငံမွာ ရထားမေတာ္တဆမႈေတြ မၾကာခဏျဖစ္ပြားေလ႔ရိွျပီး အမ်ားစုမွာ ရထားလမ္းကူးမွာ စီမံခန္႔ခြဲ ၾကီးၾကပ္ျခင္းမရိွတာေတြနဲ႔ ရထားလမ္းအေျခအေနေတြ ဆိုးရြားတာေတြေၾကာင္႔ျဖစ္ပါတယ္။

Ref : Reuters
Photo : Masuk Hridoy

#voiceofmyanmar #ဘဂၤလားေဒရွ္ #ရထားခ်င္းေခါင္းခ်င္းဆိုုင္တုုိက္

 

ဘင်္ဂလားဒေ့ရှ်မှာ ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက် ၊ ၁၅ဦးသေဆုံးပြီး ၄၀ ကျော်ဒါဏ်ရာရ

ဒါကာ၊ နိုဝင်ဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုဝင်ဘာ ၁၂ ရက်မနက်အစောပိုင်းက ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိပြီးနောက် လူ ၁၅ ဦးသေဆုံးပြီး ၄၀ ကျော်ဒါဏ်ရာရရှိသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကပြောပါတယ်။ အပျက်အစီးတွေကြားမှ ခရီးသည်တွေကို ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်ရန်ကြိုးစားနေကြပါတယ်။

နိုင်ငံတောင်ပိုင်း စစ်တကောင်းဆိပ်ကမ်းမြို့သို့သွားမယ့် ရထားတစ်စင်းနဲ့ ဒါကာကိုသွားမယ့် တစ်စင်းတို့ဟာ မြို့တော်ဒါကာရဲ့ အရှေ့ပိုင်း မိုင် ၆၀ အကွာရှိ ဘရာမန်ဘာရီယာဒေသမှာ နိုဝင်ဘာ ၁၂ ရက်နံနက် ၃ နာရီက တိုက်မိခြင်းဖြစ်ပြီး စစ်တကောင်းသွားမယ့် ရထားရဲ့ တွဲသုံးတွဲပျက်စီးသွားပါတယ်။

လက်ရှိအချိန်ထိ အလောင်း ၁၅ လောင်းရှာဖွေတွေ့ရှိထားကြောင်း ခရိုင်တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒိုလတ်ခန်းက ပြောဆိုပြီး ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ စစ်ဘက်ရဲ့ကယ်ဆယ်ရေးလုပ်ဆောင်စဉ်အတွင်း သေဆုံးသူအရေအတွက် တိုးမြင့်လာတယ်လို့ သူကသတိပေးပြောဆိုပါတယ်။

လူ ၄၀ ကျော်ကို ဆေးရုံသို့ တင်ပို့ထားရပြီး အချို့ကတော့ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ သူကဆိုပါတယ်။ ရထားနှစ်စင်းတိုက်မိချိန်မှာ ခရီးသည်အများစုက အိမ်ပျော်နေကြတာဖြစ်ပါတယ်။

ရထားနှစ်စင်းဟာ လမ်းကြောင်းတူပေါ်ကို ဘယ်လိုရောက်ရှိခဲ့တယ်ဆိုတာ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒီကိစ္စကိုစုံးစမ်းစစ်ဆေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရထားမတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး အများစုမှာ ရထားလမ်းကူးမှာ စီမံခန့်ခွဲ ကြီးကြပ်ခြင်းမရှိတာတွေနဲ့ ရထားလမ်းအခြေအနေတွေ ဆိုးရွားတာတွေကြောင့်ဖြစ်ပါတယ်။

Ref : Reuters
Photo : Masuk Hridoy

#voiceofmyanmar #ဘင်္ဂလားဒေရှ် #ရထားချင်းခေါင်းချင်းဆိုင်တိုက်

Related posts

Leave a Comment

VOM News

FREE
VIEW