တရုတ္ရဲ႕ျခိမ္းေျခာက္မႈေတြတံု႕ျပန္ေရး ေနတိုးမဟာမိတ္ေတြစည္းလံုးၾကဖို႔ အေမရိကန္တိုက္တြန္း

တရုတ္ရဲ႕ျခိမ္းေျခာက္မႈေတြတံု႕ျပန္ေရး ေနတိုးမဟာမိတ္ေတြစည္းလံုးၾကဖို႔ အေမရိကန္တိုက္တြန္း

ဘရပ္ဆယ္၊ နို၀င္ဘာ-၂၁-၂၀၁၉

မိ်ဳးဆက္ (VOM)

တရုတ္နုိင္ငံရဲ႕ ျခိမ္းေျခာက္မႈေတြကို တုံ႕ျပန္နိုင္ဖို႔အတြက္ ေနတိုးမဟာမိတ္နိုင္ငံေတြအေနနဲ႔ စည္းလံုးၾကဖို႔ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုက တိုက္တြန္းလိုက္ပါတယ္။

ဘရယ္ဆယ္ရိွ ေနတိုးဌာနခ်ဳပ္မွာျပဳလုပ္တဲ႔ ေနတိုး နိုင္ငံျခားေရး၀န္ၾကီးေတြ ေဆြးေႏြးပြဲကို တက္ေရာက္ျပီးေနာက္ နို၀င္ဘာ ၂၀ ရက္မွာျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ မိုက္ပြန္ပီယိုက ေျပာဆိုခဲ႔တာပါ။

ေနတိုးမဟာမိတ္ေတြအေနနဲ႔ တရုတ္နုိင္ငံရဲ႕ လက္ရိွျခိမ္းေျခာက္မႈနဲ႔ အလားအလာရိွသည္႔ ေရရွည္ခ်ိန္းေျခာက္မႈေတြကို မျဖစ္မေနေျဖရွင္းရမွာျဖစ္တယ္လို႔ သူကဆိုပါတယ္။

ေနတိုးအဖြဲ႔တည္ေထာင္တဲ႔ နုိင္ငံေတြဟာ လြတ္လပ္ေရးနဲ႔ ဒီမုိကေရစီအတြက္ ျပီးခဲ႔တဲ႔ နွစ္ ၇၀ က အတူတကလက္တြဲခဲ႔ျပီး အဖြဲ႔၀င္နုိင္ငံေတြနဲ႔ တရုတ္နိုင္ငံတို႔အၾကား အေျခခံကြဲျပားျခားနားမႈေတြနဲ႔ ယံုၾကည္မႈေတြကို မဟာမိတ္နိုင္ငံေတြ လ်စ္လ်ဴရႈလို႔မရဘူးလို႔ မိုက္ပြန္ပီယိုက ေျပာပါတယ္။

ျပီးခဲ႔တဲ႔နွစ္ ဇူလိုင္လကျပဳလုပ္တ႔ဲ ေနတိုးထိပ္သီးေဆြးေႏြးပြဲမွာ ကာကြယ္ေရးအတြက္ လံုေလာကတဲ႔ အသံုးစရိတ္မရိွျခင္းအတြက္ အဖြဲ႔၀င္နုိင္ငံေတြကို ေဒၚနယ္ထရန္႔က ေ၀ဖန္ေျပာဆိုျပီးေနာက္ ေနတိုးအဖြဲ႔နဲ႔ အေမရိကန္တို႔အၾကား ကြဲလြဲမႈေတြ ေပၚေပါက္ခဲ႔ပါတယ္။ ေနတိုးအဖြဲ႔ရဲ႕ ေနာက္ထပ္ထိပ္သီးေဆြးေႏြးပြဲကိုေတာ႔ လာမယ္႔လမွာ က်င္းပသြားမွာျဖစ္ပါတယ္။

Ref : NHK
Photo :AFP

Unicode

တရုတ်ရဲ့ခြိမ်းခြောက်မှုတွေတုံ့ပြန်ရေး နေတိုးမဟာမိတ်တွေစည်းလုံးကြဖို့ အမေရိကန်တိုက်တွန်း

ဘရပ်ဆယ်၊ နိုဝင်ဘာ-၂၁-၂၀၁၉

မျိုးဆက် (VOM)

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် နေတိုးမဟာမိတ်နိုင်ငံတွေအနေနဲ့ စည်းလုံးကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တိုက်တွန်းလိုက်ပါတယ်။

ဘရယ်ဆယ်ရှိ နေတိုးဌာနချုပ်မှာပြုလုပ်တဲ့ နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲကို တက်ရောက်ပြီးနောက် နိုဝင်ဘာ ၂၀ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိုက်ပွန်ပီယိုက ပြောဆိုခဲ့တာပါ။

နေတိုးမဟာမိတ်တွေအနေနဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိခြိမ်းခြောက်မှုနဲ့ အလားအလာရှိသည့် ရေရှည်ချိန်းခြောက်မှုတွေကို မဖြစ်မနေဖြေရှင်းရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

နေတိုးအဖွဲ့တည်ထောင်တဲ့ နိုင်ငံတွေဟာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ပြီးခဲ့တဲ့ နှစ် ၇၀ က အတူတကလက်တွဲခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့အကြား အခြေခံကွဲပြားခြားနားမှုတွေနဲ့ ယုံကြည်မှုတွေကို မဟာမိတ်နိုင်ငံတွေ လျစ်လျူရှုလို့မရဘူးလို့ မိုက်ပွန်ပီယိုက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကပြုလုပ်တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲမှာ ကာကွယ်ရေးအတွက် လုံလောကတဲ့ အသုံးစရိတ်မရှိခြင်းအတွက် အဖွဲ့ဝင်နိုင်ငံတွေကို ဒေါ်နယ်ထရန့်က ဝေဖန်ပြောဆိုပြီးနောက် နေတိုးအဖွဲ့နဲ့ အမေရိကန်တို့အကြား ကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ နေတိုးအဖွဲ့ရဲ့ နောက်ထပ်ထိပ်သီးဆွေးနွေးပွဲကိုတော့ လာမယ့်လမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref : NHK
Photo :AFP

Related posts

Leave a Comment

VOM News

FREE
VIEW