အေစာင့္တပ္သားရဲ႕ေသနတ္က က်ည္ထြက္မႈေၾကာင့္ အက်ဥ္းသားတစ္ဦးေသဆုံး

တမူး၊ ႏိုဝင္ဘာ ၂၁-၂၀၁၉
ျမတ္ျပည့္ေမာ္(VOM)

တမူးၿမိဳ႕နယ္မွာ ေအာက္တိုဘာ၂၀ရက္ေန႔က အက်ဥ္းေထာင္ေစာင့္တဲ့ အေစာင့္တပ္သားရဲ႕ေသနတ္ကေန မေတာ္တဆက်ည္ထြက္ၿပီး အက်ဥ္းသားတစ္ဦး ေသဆုံးခဲ့တယ္လို႔ တမူးၿမိဳ႕မရဲစခန္းကေနသိရပါတယ္

အက်ဥ္းဦးစီးပိုင္ လယ္အတြင္း အက်ဥ္းသားေတြစပါးရိပ္ေနခ်ိန္ အေစာင့္တပ္သားျဖစ္သူ ေက်ာ္ေက်ာ္ေ႒းဆိုသူက ထိုင္ခုံေပၚထိုင္ေနရာ ခုံေပၚကေနေခ်ာ္က်ၿပီး ေသနတ္ကိုဖမ္းစြဲရာက ေသနတ္ခလုတ္ကို ဆြဲမိကာ ကိုက္သုံးဆယ္အကြာ စပါးရိတ္ေနတဲ့အက်ဥ္းသား ျမင့္ထြန္း(ခ)ဂ်ပန္ ကိုက်ည္ဆန္ထိမွန္ ေသဆုံးခဲ့တာျဖစ္ပါတယ္။

က်ည္ဆန္မွန္တဲ့ အက်ဥ္းသား ျမင့္ထြန္း (ခ)ဂ်ပန္ဟာ ေမး႐ိုးကေန ေနာက္ပိုးထိေပါက္ထြက္ၿပီး ေဆး႐ုံသို႔ပို႔ခဲ့ရာ တမူးၿမိဳ႕ေဆး႐ုံးႀကီးမွာ ဒီေန႔ေန႔လယ္ပိုင္းက ေသးဆုံးသြားခဲ့တဲ့အတြက္ ၿမိဳ႕သစ္ၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္အေရးယူထားတယ္လို႔ တမူးၿမိဳ႕မရဲစခန္းကသိရပါတယ္။

ၿမိဳ႕သစ္ၿမိဳ႕နယ္ရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းၾကည္႔ရာ ”အမႈစစ္ကာလျဖစ္လို႔ ဘာမွမေျပာႏိုင္ပါဘူး”လို႔ စခန္းမႈးျဖစ္သူ ရဲအုပ္ဦးေဇာ္မင္းလႈိင္ကေျပာပါတယ္။

ေသဆုံးသူအက်ဥ္းသားဟာ ကေလးၿမိဳ႕နယ္ ဘိုကုန္းေက်း႐ြာေန (ဘ)ဦးသန္းထြန္း၏သားျဖစ္သူ အက်ဥ္းသား ျမင့္ထြန္း(ေခၚ)ဂ်ပန္ အသက္(21)ႏွစ္ျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #တမူး #အက်ဥ္းသား #က်ည္မွန္ေသဆံုး

Unicode

အစောင့်တပ်သားရဲ့သေနတ်က ကျည်ထွက်မှုကြောင့် အကျဉ်းသားတစ်ဦးသေဆုံး

တမူး၊ နိုဝင်ဘာ ၂၁-၂၀၁၉
မြတ်ပြည့်မော်(VOM)

တမူးမြို့နယ်မှာ အောက်တိုဘာ၂၀ရက်နေ့က အကျဉ်းထောင်စောင့်တဲ့ အစောင့်တပ်သားရဲ့သေနတ်ကနေ မတော်တဆကျည်ထွက်ပြီး အကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ တမူးမြို့မရဲစခန်းကနေသိရပါတယ်

အကျဉ်းဦးစီးပိုင် လယ်အတွင်း အကျဉ်းသားတွေစပါးရိပ်နေချိန် အစောင့်တပ်သားဖြစ်သူ ကျော်ကျော်ဋ္ဌေးဆိုသူက ထိုင်ခုံပေါ်ထိုင်နေရာ ခုံပေါ်ကနေချော်ကျပြီး သေနတ်ကိုဖမ်းစွဲရာက သေနတ်ခလုတ်ကို ဆွဲမိကာ ကိုက်သုံးဆယ်အကွာ စပါးရိတ်နေတဲ့အကျဉ်းသား မြင့်ထွန်း(ခ)ဂျပန် ကိုကျည်ဆန်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။

ကျည်ဆန်မှန်တဲ့ အကျဉ်းသား မြင့်ထွန်း (ခ)ဂျပန်ဟာ မေးရိုးကနေ နောက်ပိုးထိပေါက်ထွက်ပြီး ဆေးရုံသို့ပို့ခဲ့ရာ တမူးမြို့ဆေးရုံးကြီးမှာ ဒီနေ့နေ့လယ်ပိုင်းက သေးဆုံးသွားခဲ့တဲ့အတွက် မြို့သစ်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ တမူးမြို့မရဲစခန်းကသိရပါတယ်။

မြို့သစ်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ”အမှုစစ်ကာလဖြစ်လို့ ဘာမှမပြောနိုင်ပါဘူး”လို့ စခန်းမှုးဖြစ်သူ ရဲအုပ်ဦးဇော်မင်းလှိုင်ကပြောပါတယ်။

သေဆုံးသူအကျဉ်းသားဟာ ကလေးမြို့နယ် ဘိုကုန်းကျေးရွာနေ (ဘ)ဦးသန်းထွန်း၏သားဖြစ်သူ အကျဉ်းသား မြင့်ထွန်း(ခေါ်)ဂျပန် အသက်(21)နှစ်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #တမူး #အကျဉ်းသား #ကျည်မှန်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW