
သူရိန်(VOM)







Unicode

ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေရ

ရန်ကုန်၊နိုဝင်ဘာ ၂၁-၂၀၁၉
သူရိန်(VOM)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်ဟာ သွေးကင်ဆာရောဂါနဲ့ ဘန်ကောက်မှာ ဆေးကုသမှုခံယူနေရတယ်လို့ NLDပါတီရဲ့ ဗဟိုကော်မတီဝင် ဦးမျိုးညွန့်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပအပြီး သတင်းထောက်တွေရဲ့ မေးမြန်မှုကို ဒေါက်တာမျိုးညွန့်က ဖြေကြားခဲ့တြာဖစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၂၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး အပြီးမှာပဲ ဝန်ကြီးချုပ်ဟာ ဘန်ကောက်ကို ထွက်ခွါသွားခဲ့တာ ဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည်တာဝန်မထမ်းဆောင်သေးတာဖြစ်ပါတယ်။

လက်ရှိမှာ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် အစား လျှပ်စစ်၊စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန် ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ဒေါက်တာဇော်မြင့်မောင်

YouTube Link – https://www.youtube.com/embed/n8Dw6OVSm1Y

Related posts

Leave a Comment

VOM News

FREE
VIEW