ကြန္ဂိုနိုင္ငံမွာ လူေနအိမ္ေတြေပၚ ေလယာဥ္ပ်က္က်မႈေၾကာင္႔ လူ ၂၇ ဦးေသဆံုး

ကင္ရွာဆာ ၊ နို၀င္ဘာ-၂၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ကြန္ဂိုဒီမိုကရက္တစ္သမၼတနိုင္ငံအေရွ႕ပိုင္း၊ ဂိုမာျမိဳ႕ရိွေနအိမ္ေတြေပၚကို ခရီးသည္တင္ေလယာဥ္တစ္စင္း ပ်က္က်မႈေၾကာင္႔ လူ ၂၇ ဦးထက္မနည္းေသဆံုးသြားတယ္လို႔ ေဒသဆိုင္ရာတာဝန္ရိွသူေတြက ေျပာပါတယ္။

ေသဆံုးသူထဲမွာ ေနအိမ္တစ္လံုးရိွမိသားစုတစ္ခုမွ လူကိုးဦးလည္းပါဝင္တယ္လို႔ သိရပါတယ္။

အဲဒီအေသးစား ေလယာဥ္ဟာ ျမိဳ႕ေတာ္ေလဆိပ္မွ နုိ၀င္ဘာ ၂၄ ရက္နံနက္ပိုင္းမွာ ပ်ံတက္ျပီးမၾကာမီ ပ်က္က်ခဲ႔တာျဖစ္ပါတယ္။

ေလယာဥ္ပ်က္က်ရျခင္းအေၾကာင္းရင္းကို လက္ရိွအခ်ိန္ထိ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ ေလယာဥ္ေပၚမွာ ခရီးသည္ ၁၇ ဦးနဲ႔ ေလယာဥ္အမႈထမ္း နွစ္ဦး တင္ေဆာင္ထားတယ္လို႔ တာ၀န္ရိွသူမ်ားကေျပာသည္။

ေလယာဥ္ဟာ ပ်ံတက္သြားျပီးေနာက္ ညာဘက္အင္ဂ်င္ခ်ိဳ႕ယြင္းသြားတယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

ေလယာဥ္ပ်က္က်ခ်ိန္မွာ ေနအိမ္မ်ားအတြင္း ေဒသခံဘယ္ေလာက္ရိွေနတယ္ဆိုတာ ခ်က္ခ်င္းမသိရိွရေသးပါဘူး။

ကြန္ဂိုနိုင္ငံမွာ ေဘးအႏၱရာယ္ကင္းရွင္းေရး စံနႈန္းသတ္မွတ္ခ်က္ေတြ အားနည္းတာနဲ႔ ျပဳျပင္ထိန္းသိမ္းေရး ညံ႕ဖ်င္းမႈေတြေၾကာင္႔ ေလယာဥ္မေတာ္တဆမႈေတြ မၾကာခဏျဖစ္ပြားေလ႔ရိွျပီး နိုင္ငံရဲ႕ စီးပြားျဖစ္ေလေၾကာင္းပို႔ေဆာင္ေရးအားလံုးကို အီးယူနုိင္ငံေတြမွာ ပ်ံသန္းခြင္႔ ပိတ္ပင္ခံထားရပါတယ္။

Ref : BBC Photo : Reuters
#voiceofmyanmar #ကင္ရွာဆာ #ေလယာဥ္ပ်က္က်

Unicode

ကွန်ဂိုနိုင်ငံမှာ လူနေအိမ်တွေပေါ် လေယာဉ်ပျက်ကျမှုကြောင့် လူ ၂၇ ဦးသေဆုံး

ကင်ရှာဆာ ၊ နိုဝင်ဘာ-၂၅-၂၀၁၉
မျိုးဆက် (VOM)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း၊ ဂိုမာမြို့ရှိနေအိမ်တွေပေါ်ကို ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူထဲမှာ နေအိမ်တစ်လုံးရှိမိသားစုတစ်ခုမှ လူကိုးဦးလည်းပါဝင်တယ်လို့ သိရပါတယ်။

အဲဒီအသေးစား လေယာဉ်ဟာ မြို့တော်လေဆိပ်မှ နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းမှာ ပျံတက်ပြီးမကြာမီ ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၇ ဦးနဲ့ လေယာဉ်အမှုထမ်း နှစ်ဦး တင်ဆောင်ထားတယ်လို့ တာဝန်ရှိသူများကပြောသည်။

လေယာဉ်ဟာ ပျံတက်သွားပြီးနောက် ညာဘက်အင်ဂျင်ချို့ယွင်းသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လေယာဉ်ပျက်ကျချိန်မှာ နေအိမ်များအတွင်း ဒေသခံဘယ်လောက်ရှိနေတယ်ဆိုတာ ချက်ချင်းမသိရှိရသေးပါဘူး။

ကွန်ဂိုနိုင်ငံမှာ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းသတ်မှတ်ချက်တွေ အားနည်းတာနဲ့ ပြုပြင်ထိန်းသိမ်းရေး ညံ့ဖျင်းမှုတွေကြောင့် လေယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး နိုင်ငံရဲ့ စီးပွားဖြစ်လေကြောင်းပို့ဆောင်ရေးအားလုံးကို အီးယူနိုင်ငံတွေမှာ ပျံသန်းခွင့် ပိတ်ပင်ခံထားရပါတယ်။

Ref : BBC Photo : Reuters
#voiceofmyanmar #ကင်ရှာဆာ #လေယာဉ်ပျက်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW