လမ္းေတြေပၚ က်ဴးေက်ာ္ၿပီး အခိုင္အမာအုတ္ျမစ္ခ်ေဆာက္ထားတဲ့ အိမ္ေတြကိုစတင္ဖ်က္

ရန္ကုန္ ႏိုဝင္ဘာ ၂၅-၂၀၁၉
သိဂီ ၤ(VOM)

ရန္ကုန္ၿမိဳ႕က ျပည္သူပိုင္လမ္းမေတြေပၚထိ က်ဴေက်ာ္ၿပီး အခိုင္အမာအုတ္ျမစ္ခ် တည္ေဆာက္ထားတဲ့ ေနအိမ္ေတြကို သက္ဆိုင္ရာစည္ပင္သာယာေရးေကာ္မတီက ႏို႔တစ္စာပို႔ၿပီး မေန႔ႏိုဝင္ဘာ(၂၄)ရက္က စတင္ဖ်က္ဆီးေနၿပီျဖစ္ပါတယ္။

ကမာ႐ြတ္ၿမိဳ႕နယ္ နဲ႔ လႈိင္ၿမိဳ႕နယ္ထဲက ရပ္ကြက္ေတြမွာ ျပည္သူပိုင္ဧရိယာလမ္းေတြေပၚ အစြန္းထြက္ က်ဴးေက်ာ္ၿပီး အုတ္ျမစ္ခ်ကာ အခိုင္အမာအိမ္နဲ႔တစ္တြဲတည္း ေဆာက္ထားတဲ့ေနအိမ္ေတြကို အဓိကထား ၿဖိဳဖ်က္ရွင္းလင္းခိုင္းေနတာ ကိုေတြ႕ရပါတယ္။

” ျပည္သူပိုင္လမ္းေပၚ အေဆာက္အဦးေဆာက္တာ ေဈးဆိုင္ဖြင့္တာ လမ္းပိတ္ လုပ္ေနတာကို လုံးဝခြင့္မလြတ္ပါဘူး။ သူတို႔အတြက္ဘာမွလည္းစဥ္းစားေပးစရာမရွိပါဘူး။ေဈးသည္ဆိုရင္ လူပါးဝတဲ့ေဈးသည္ ျဖစ္တယ္။ သူတို႔က ေခ်ာင္ရင္ေခ်ာင္သလိုလုပ္ေနတာျဖစ္တယ္။ အိမ္ဆိုလည္း ဆိုင္ဖြင့္ထားၿပီး ေခ်ာင္ရင္ေခ်ာင္သလို လမ္းမေပၚ အဖီထြက္တာ ခုံခင္းတာရွီတယ္။လူသြားလမ္းပိတ္လုပ္ တယ္။ ” လို႔ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးကေျပာၿပီးေနာက္ ခုလို က်ဴးေက်ာ္ေဆာက္ထားတဲ့အိမ္ေတြကို ဖ်က္ဆီးေနတာပဲျဖစ္ပါတယ္။

ခုလို လမ္းေပၚက်ဴးေက်ာ္တည္ေတာက္ထားတဲ့အေဆာက္အဦးေတြ ၿဖိဳဖ်က္ ဖယ္ရွားရွင္း လင္းတဲ့လုပ္ငန္းကို ရန္ကုန္ၿမိဳ႕စည္ပင္သာယာေရးနယ္နမိတ္အတြင္းက ၿမိဳ႕နယ္တိုင္းမွာ တေျပးညီထဲ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

” အရင္ တိုက္ခန္းစေနကတည္းက မၾကာဘူး၊ ဒီေနရာေတြပါ တခါတည္းလုပ္ထားတာၾကာခဲ့ၿပီ။ အမတို႔ က အခုဖ်က္ခိုင္းတဲ့အထဲပါတယ္။ ခုစည္ပင္က ႏို႔တစ္စာပို႔လာတယ္ လမ္းေပၚက်ဴးလုပ္ထားတာကို ဖ်က္ေပးဖို႔ေပါ့ ။ ခုေတာ့ဖ်က္လိုက္ပါၿပီ ။ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ဖ်က္ေနတယ္ ” လို႔ က်ဴးေက်ာ္အိမ္ခန္းကို ဖ်က္ေပးေနရတဲ့ ကမာ႐ြတ္ၿမိဳ႕နယ္ ျပည္ရိပ္မြန္အိမ္ယာမွ ေဒၚေဌးေဌးကေျပာပါတယ္။

လက္ရွိ ရန္ကုန္တိုင္းထဲက အိမ္ယာ၊ တိုက္ခန္းတြဲ၊ ေနအိမ္ေတြမွာဆိုရင္ တိုက္ရဲ႕ေအာက္ဆုံးထပ္ ေျမညီထပ္ပိုင္ဆိုင္ထားသူေတြက အိမ္ေရွ႕မ်က္ႏွာသာ အမ်ားျပည္သူပိုင္လမ္းေပၚအထိ ေနရာတိုးခ်ဲ႕ယူကာ အေဆာက္အဦးခ်ဲ႕ျခင္း၊ အုတ္ျမစ္အခိုင္အမာခ်ကာ အိမ္ႏွင့္တစ္တြဲတည္းတည္ေဆာက္ထားျခင္း၊ လဘက္ရည္ဆိုင္၊ ထမင္းဆိုင္၊ ကုန္စုံဆိုင္၊ အလွျပင္ဆိုင္ စသျဖင့္ ဖြင့္လွစ္ထားၾကတာျဖစ္ပါတယ္။

ျပည္သူပိုင္လမ္းမထက္ ေဈးဆိုင္ခင္း ဖြင့္လွစ္ေရာင္းခ်ေနတဲ့ စားေသာက္ဆိုင္၊ လဘက္ရည္ဆိုင္ စတဲ့ဆိုင္ေတြကို ရန္ကုန္စည္ပင္သာယာေရးေကာ္မတီက ဖယ္ရွားရွင္းလင္း အေရးယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လမ္းေဘးေဈးသည္ကိုေတာ့ အျပတ္ရွင္းတဲ့စနစ္မေဆာင္႐ြက္ဘဲ စည္းကမ္းထိန္းသိမ္းေရးအပိုင္းအေနနဲ႔သာသြားေနၿပီး ရပ္ကြက္အတြင္းက က်ဴးေက်ာ္ အေဆာက္အဦးေတြကိုေတာ့ အျပတ္ရွင္းလင္းၿဖိဳဖ်က္တဲ့ပုံစံ ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #က်ဴးေက်ာ္ #စည္ပင္

Unicode

လမ်းတွေပေါ် ကျူးကျော်ပြီး အခိုင်အမာအုတ်မြစ်ချဆောက်ထားတဲ့ အိမ်တွေကိုစတင်ဖျက်

ရန်ကုန် နိုဝင်ဘာ ၂၅-၂၀၁၉
သိဂီ ၤ(VOM)

ရန်ကုန်မြို့က ပြည်သူပိုင်လမ်းမတွေပေါ်ထိ ကျူကျော်ပြီး အခိုင်အမာအုတ်မြစ်ချ တည်ဆောက်ထားတဲ့ နေအိမ်တွေကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီက နို့တစ်စာပို့ပြီး မနေ့နိုဝင်ဘာ(၂၄)ရက်က စတင်ဖျက်ဆီးနေပြီဖြစ်ပါတယ်။

ကမာရွတ်မြို့နယ် နဲ့ လှိုင်မြို့နယ်ထဲက ရပ်ကွက်တွေမှာ ပြည်သူပိုင်ဧရိယာလမ်းတွေပေါ် အစွန်းထွက် ကျူးကျော်ပြီး အုတ်မြစ်ချကာ အခိုင်အမာအိမ်နဲ့တစ်တွဲတည်း ဆောက်ထားတဲ့နေအိမ်တွေကို အဓိကထား ဖြိုဖျက်ရှင်းလင်းခိုင်းနေတာ ကိုတွေ့ရပါတယ်။

” ပြည်သူပိုင်လမ်းပေါ် အဆောက်အဦးဆောက်တာ ဈေးဆိုင်ဖွင့်တာ လမ်းပိတ် လုပ်နေတာကို လုံးဝခွင့်မလွတ်ပါဘူး။ သူတို့အတွက်ဘာမှလည်းစဉ်းစားပေးစရာမရှိပါဘူး။ဈေးသည်ဆိုရင် လူပါးဝတဲ့ဈေးသည် ဖြစ်တယ်။ သူတို့က ချောင်ရင်ချောင်သလိုလုပ်နေတာဖြစ်တယ်။ အိမ်ဆိုလည်း ဆိုင်ဖွင့်ထားပြီး ချောင်ရင်ချောင်သလို လမ်းမပေါ် အဖီထွက်တာ ခုံခင်းတာရှီတယ်။လူသွားလမ်းပိတ်လုပ် တယ်။ ” လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောပြီးနောက် ခုလို ကျူးကျော်ဆောက်ထားတဲ့အိမ်တွေကို ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။

ခုလို လမ်းပေါ်ကျူးကျော်တည်တောက်ထားတဲ့အဆောက်အဦးတွေ ဖြိုဖျက် ဖယ်ရှားရှင်း လင်းတဲ့လုပ်ငန်းကို ရန်ကုန်မြို့စည်ပင်သာယာရေးနယ်နမိတ်အတွင်းက မြို့နယ်တိုင်းမှာ တပြေးညီထဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

” အရင် တိုက်ခန်းစနေကတည်းက မကြာဘူး၊ ဒီနေရာတွေပါ တခါတည်းလုပ်ထားတာကြာခဲ့ပြီ။ အမတို့ က အခုဖျက်ခိုင်းတဲ့အထဲပါတယ်။ ခုစည်ပင်က နို့တစ်စာပို့လာတယ် လမ်းပေါ်ကျူးလုပ်ထားတာကို ဖျက်ပေးဖို့ပေါ့ ။ ခုတော့ဖျက်လိုက်ပါပြီ ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဖျက်နေတယ် ” လို့ ကျူးကျော်အိမ်ခန်းကို ဖျက်ပေးနေရတဲ့ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်အိမ်ယာမှ ဒေါ်ဌေးဌေးကပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းထဲက အိမ်ယာ၊ တိုက်ခန်းတွဲ၊ နေအိမ်တွေမှာဆိုရင် တိုက်ရဲ့အောက်ဆုံးထပ် မြေညီထပ်ပိုင်ဆိုင်ထားသူတွေက အိမ်ရှေ့မျက်နှာသာ အများပြည်သူပိုင်လမ်းပေါ်အထိ နေရာတိုးချဲ့ယူကာ အဆောက်အဦးချဲ့ခြင်း၊ အုတ်မြစ်အခိုင်အမာချကာ အိမ်နှင့်တစ်တွဲတည်းတည်ဆောက်ထားခြင်း၊ လဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကုန်စုံဆိုင်၊ အလှပြင်ဆိုင် စသဖြင့် ဖွင့်လှစ်ထားကြတာဖြစ်ပါတယ်။

ပြည်သူပိုင်လမ်းမထက် ဈေးဆိုင်ခင်း ဖွင့်လှစ်ရောင်းချနေတဲ့ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင် စတဲ့ဆိုင်တွေကို ရန်ကုန်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်း အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လမ်းဘေးဈေးသည်ကိုတော့ အပြတ်ရှင်းတဲ့စနစ်မဆောင်ရွက်ဘဲ စည်းကမ်းထိန်းသိမ်းရေးအပိုင်းအနေနဲ့သာသွားနေပြီး ရပ်ကွက်အတွင်းက ကျူးကျော် အဆောက်အဦးတွေကိုတော့ အပြတ်ရှင်းလင်းဖြိုဖျက်တဲ့ပုံစံ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ကျူးကျော် #စည်ပင်

Related posts

Leave a Comment

VOM News

FREE
VIEW