သုိးေကာင္ေရ ၁၄၀၀၀ ေက်ာ္တင္လာတဲ႔ ကုန္တင္သေဘၤာၾကီး ရုိေမးနီးယားကမ္းလြန္မွာ တိမ္းေမွာက္

ဘူခါရက္၊ နို၀င္ဘာ-၂၅-၂၀၁၉
မ်ိဳးဆက္ (VOM)

သုိးေကာင္ေရ ၁၄၀၀၀ေက်ာ္တင္ေဆာင္လာတဲ႔ အလြန္ၾကီးမားတဲ႔ ကုန္တင္သေဘၤာတစ္စင္းဟာ ရုိေမးနီးယားကမ္းလြန္မွာ တိမ္းေမွာက္သြားတာေၾကာင္႔ ကယ္ဆယ္ေရးအဖဲြ႔ေတြက တိရိစၦာန္ေတြကို ကယ္တင္ဖို႔ ၾကိဳးစားေနၾကပါတယ္။

ကြင္းဟုိက္ကုန္တင္သေဘၤာဟာ ပင္လယ္နက္ကမ္းရုိးတမ္းေပၚရွိ ကြန္စတန္တာျမိဳ႔အေရွ႔ေတာင္ပုိင္းအနီး မီဒီယာဆိပ္ကမ္းကေန ထြက္ခြါလာျပီးေနာက္ ႏုိဝင္ဘာ၂၄ရက္မွာ နစ္ျမဳပ္သြားတာျဖစ္ပါတယ္။

ဆီးရီးယားႏုိင္ငံသားေတြျဖစ္တဲ႔ သေဘၤာသား ၂၂ဦးလံုးကုိ ကယ္တင္နိုင္ခဲ႔တယ္လို႔ တာဝန္ရိွသူေတြက ေျပာပါတယ္။

သိုးေတြကို ကယ္တင္ဖို႔လုပ္ေဆာင္ရာမွာေတာ႔ ရဲတပ္ဖြဲ႔ဝင္ေတြ၊ မိီးသတ္တပ္ဖြဲ႔ဝင္ေတြနဲ႔ ရိုေမးနီးယား ကမ္းေျခေစာင္႔တပ္ဖြဲ႔၀င္ေတြ ပါဝင္ပါတယ္။

လက္ရိွအခ်ိန္ထိ သုိးေကာင္ေရ ၃၂ေကာင္ကုိ ကယ္ဆယ္ထားျပီးျဖစ္ေပမယ္႔ အမ်ားစုဟာ ေရနစ္သြားတာေတြ သေဘၤာေပၚကေန ေရထဲက်သြားျပီလို႔ ယူဆရပါတယ္။

သိုးေတြကို ကယ္ဆယ္တဲ႔လုပ္ငန္းေတြကို ဒီေန႔ညပိုင္းမွာ ရပ္နားထားျပီး ေနာက္တစ္ေန႔မနက္မွာ ျပန္လည္စတင္မွာျဖစ္ပါတယ္။

သေဘၤာတိမ္းေမွာက္ရတဲ႔အေၾကာင္းရင္းကိုေတာ႔ လက္ရိွအခ်ိ္န္ထိ မသိရေသးပါဘူး။ သိုးေတြကို ကယ္တင္ျပီးခ်ိန္နဲ႔ သေဘၤာကို ျပန္လည္ဆယ္တင္ျပီးခ်ိန္မွာေတာ႔ စံုစမ္းစစ္ေဆးမႈလုပ္ေဆာင္သြားမယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။

Ref : BBC Photo : ISU Constanta
#voiceofmyanmar #ဘူခါရက္ #သေဘၤာေမွာက္

သိုးကောင်ရေ ၁၄၀၀၀ ကျော်တင်လာတဲ့ ကုန်တင်သင်္ဘောကြီး ရိုမေးနီးယားကမ်းလွန်မှာ တိမ်းမှောက်

ဘူခါရက်၊ နိုဝင်ဘာ-၂၅-၂၀၁၉
မျိုးဆက် (VOM)

သိုးကောင်ရေ ၁၄၀၀၀ကျော်တင်ဆောင်လာတဲ့ အလွန်ကြီးမားတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ ရိုမေးနီးယားကမ်းလွန်မှာ တိမ်းမှောက်သွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက တိရိစ္ဆာန်တွေကို ကယ်တင်ဖို့ ကြိုးစားနေကြပါတယ်။

ကွင်းဟိုက်ကုန်တင်သင်္ဘောဟာ ပင်လယ်နက်ကမ်းရိုးတမ်းပေါ်ရှိ ကွန်စတန်တာမြို့အရှေ့တောင်ပိုင်းအနီး မီဒီယာဆိပ်ကမ်းကနေ ထွက်ခွါလာပြီးနောက် နိုဝင်ဘာ၂၄ရက်မှာ နစ်မြုပ်သွားတာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံသားတွေဖြစ်တဲ့ သင်္ဘောသား ၂၂ဦးလုံးကို ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သိုးတွေကို ကယ်တင်ဖို့လုပ်ဆောင်ရာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရိုမေးနီးယား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

လက်ရှိအချိန်ထိ သိုးကောင်ရေ ၃၂ကောင်ကို ကယ်ဆယ်ထားပြီးဖြစ်ပေမယ့် အများစုဟာ ရေနစ်သွားတာတွေ သင်္ဘောပေါ်ကနေ ရေထဲကျသွားပြီလို့ ယူဆရပါတယ်။

သိုးတွေကို ကယ်ဆယ်တဲ့လုပ်ငန်းတွေကို ဒီနေ့ညပိုင်းမှာ ရပ်နားထားပြီး နောက်တစ်နေ့မနက်မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။

သင်္ဘောတိမ်းမှောက်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ သိုးတွေကို ကယ်တင်ပြီးချိန်နဲ့ သင်္ဘောကို ပြန်လည်ဆယ်တင်ပြီးချိန်မှာတော့ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်သွားမယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

Ref : BBC Photo : ISU Constanta
#voiceofmyanmar #ဘူခါရက် #သင်္ဘောမှောက်

Unicode

Related posts

Leave a Comment

VOM News

FREE
VIEW