၀ီဂါမြတ္စလင္ေတြကို တရုတ္အစိုးရက Brainwashes လုပ္ေနတယ္လို႔ သတင္းေပါက္ၾကား

လန္ဒန္၊ နို၀င္ဘာ-၂၅-၂၀၁၉
မ်ိဳးဆက္ (VOM)

တရုတ္နိုင္ငံရိွ လံုျခံဳေရးတင္းၾကပ္တဲ႔ အက်ဥ္းစခန္းကြန္ရက္တစ္ခုမွာ ထိန္းသိမ္းထားတဲ႔ ေသာင္းနဲ႔ ခ်ီတ႔ဲမြတ္စလင္ေတြဟာ တရုတ္နိုင္ငံရဲ႕ စနစ္တက်အယူအဆသစ္ရိုက္သြင္းျခင္း (Brainwashes) ခံေနရတယ္လို႔ ပထမဆံုးအၾကိမ္ေပါက္ၾကားလာတဲ႔ စာရြက္စာတမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ရွင္က်န္းျပည္နယ္အေနာက္ဖ်ားပိုင္းရိွ စခန္းပညာေရးနွင္႔ ေလ႔က်င္႔ေရးေတြကို မိမိဆႏၵအေလ်ာက္ သင္ယူေလ႔လာေနတဲ႔ ေနရာျဖစ္တယ္လို႔ တရုတ္အစိုးရက အစဥ္တစ္စိုက္ အခိုင္အမာေျပာဆိုထားပါတယ္။
ဒါေပမယ္႔ အက်ဥ္းသားေတြကို ပိတ္ေလွာင္ထားျခင္း၊ အယူအဆသစ္ေတြသင္ၾကားေပးျခင္းနဲ႔ ျပစ္ဒါဏ္ေပးျခင္းေတြ ျပဳလုပ္ေနတယ္လို႔ ထြက္ေပၚလာတဲ႔ စာရြက္စာတမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ျဗိတိန္နိုင္ငံဆုိင္ရာ တရုတ္သံအမတ္ၾကီးက ယင္းစာရြက္စာတမ္းေတြဟာ အမွားေတြျဖစ္တယ္လို႔ ပယ္ခ်ထားပါတယ္။ အဲဒီစာရြက္ စာရြက္စာတမ္းေတြဟာ ျဗိတိန္ရိွ ဘီဘီစီျမင္ကြင္းက်ယ္အစီအစဥ္၊ ဂါဒီယန္သတင္းစာတို႔အပါအ၀င္ သတင္းဌာန ၁၇ ခုနဲ႔ တြဲဖက္လုပ္ကိုင္ေနတဲ႔ စံုစမ္းေထာက္လွမ္း သတင္းေထာက္မ်ားဆိုင္ရာ နိုင္ငံတကာအဖြဲ႔ ကေနရရိွခဲ႔တာျဖစ္ပါတယ္။

ရွင္က်န္းျပည္နယ္က စခန္းေတြမွာ ၀ီဂါမြတ္စလင္အသိုင္းအ၀ိုင္းမွ လူအမ်ားစုအပါအဝင္ လူဦးေရတစ္သန္းခန္႔ တရားစီရင္ျခင္းမခံရပဲ ထိန္းသိမ္းခံထားရတယ္လို႔ ယူဆရပါတယ္။

အဲဒီစခန္းေတြကို ဦးစီးလုပ္ကိုင္ခဲ႔တဲ႔ ေဒသဆိုင္ရာတာ၀န္ရိွသူေတြဆီကို ၂၀၁၇ ခုနွစ္ကေပးပို႔တဲ႔ စာမ်က္နွာကိုးမ်က္ပါ မွတ္စုအပါအ၀င္ တရုတ္အစိုးရရဲ႕ ေပါက္ၾကားခဲ႔တဲ႔ စာရြက္စာတမ္းေတြမွာ စခန္းေတြကို တင္ၾကပ္တဲ႔ စည္းကမ္းေတြ၊ အျပစ္ေပးတာေတြနဲ႔ လံုး၀မလြတ္ေျမာက္ေစဖို႔အတြက္ လံုျခံဳေရးအဆင္႔ျမင္႔ အက်ဥ္းေထာင္ေတြအျဖစ္ လုပ္ေဆာင္သင္႔တယ္လို႔ အရွင္းလင္းဆံုးညႊန္ၾကားထာတယ္လို႔ ေဖာ္ျပထားပါတယ္။

Ref : BBC Photo :AFP
#voiceofmyanmar #လန္ဒန္ #ဝီဂါမြတ္စလင္ #တရုတ္

Unicode

ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရက Brainwashes လုပ်နေတယ်လို့ သတင်းပေါက်ကြား

လန်ဒန်၊ နိုဝင်ဘာ-၂၅-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံရှိ လုံခြုံရေးတင်းကြပ်တဲ့ အကျဉ်းစခန်းကွန်ရက်တစ်ခုမှာ ထိန်းသိမ်းထားတဲ့ သောင်းနဲ့ ချီတဲ့မွတ်စလင်တွေဟာ တရုတ်နိုင်ငံရဲ့ စနစ်တကျအယူအဆသစ်ရိုက်သွင်းခြင်း (Brainwashes) ခံနေရတယ်လို့ ပထမဆုံးအကြိမ်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ရှင်ကျန်းပြည်နယ်အနောက်ဖျားပိုင်းရှိ စခန်းပညာရေးနှင့် လေ့ကျင့်ရေးတွေကို မိမိဆန္ဒအလျောက် သင်ယူလေ့လာနေတဲ့ နေရာဖြစ်တယ်လို့ တရုတ်အစိုးရက အစဉ်တစ်စိုက် အခိုင်အမာပြောဆိုထားပါတယ်။
ဒါပေမယ့် အကျဉ်းသားတွေကို ပိတ်လှောင်ထားခြင်း၊ အယူအဆသစ်တွေသင်ကြားပေးခြင်းနဲ့ ပြစ်ဒါဏ်ပေးခြင်းတွေ ပြုလုပ်နေတယ်လို့ ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ယင်းစာရွက်စာတမ်းတွေဟာ အမှားတွေဖြစ်တယ်လို့ ပယ်ချထားပါတယ်။ အဲဒီစာရွက် စာရွက်စာတမ်းတွေဟာ ဗြိတိန်ရှိ ဘီဘီစီမြင်ကွင်းကျယ်အစီအစဉ်၊ ဂါဒီယန်သတင်းစာတို့အပါအဝင် သတင်းဌာန ၁၇ ခုနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ စုံစမ်းထောက်လှမ်း သတင်းထောက်များဆိုင်ရာ နိုင်ငံတကာအဖွဲ့ ကနေရရှိခဲ့တာဖြစ်ပါတယ်။

ရှင်ကျန်းပြည်နယ်က စခန်းတွေမှာ ဝီဂါမွတ်စလင်အသိုင်းအဝိုင်းမှ လူအများစုအပါအဝင် လူဦးရေတစ်သန်းခန့် တရားစီရင်ခြင်းမခံရပဲ ထိန်းသိမ်းခံထားရတယ်လို့ ယူဆရပါတယ်။

အဲဒီစခန်းတွေကို ဦးစီးလုပ်ကိုင်ခဲ့တဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေဆီကို ၂၀၁၇ ခုနှစ်ကပေးပို့တဲ့ စာမျက်နှာကိုးမျက်ပါ မှတ်စုအပါအဝင် တရုတ်အစိုးရရဲ့ ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေမှာ စခန်းတွေကို တင်ကြပ်တဲ့ စည်းကမ်းတွေ၊ အပြစ်ပေးတာတွေနဲ့ လုံးဝမလွတ်မြောက်စေဖို့အတွက် လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တွေအဖြစ် လုပ်ဆောင်သင့်တယ်လို့ အရှင်းလင်းဆုံးညွှန်ကြားထာတယ်လို့ ဖော်ပြထားပါတယ်။

Ref : BBC Photo :AFP
#voiceofmyanmar #လန်ဒန် #ဝီဂါမွတ်စလင် #တရုတ်

Related posts

Leave a Comment

VOM News

FREE
VIEW