လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ျပည္သူလူထုမထိခိုက္ေအာင္ ေဆာင္႐ြက္ဖို႔လို

ေျမာက္ဦး၊ နိုဝင္ဘာ ၂၉-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

လက္နက္ကိုက္အဖြဲ႕အစည္းေတြအေနနဲ႔ ျပည္သူလူထု အက်ိဳးစီးပြားမထိခိုက္ေအာင္ အထူးသတိ ျပဳေဆာင္႐ြက္ဖို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က တိုက္တြန္း‌ေျပာဆိုထားတာ ျဖစ္ပါတယ္။

လက္ရွိမွာ တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္ အဖြဲ႕တို႔မွာ ‌ေျမာက္ဦး မင္းျပားနဲ႔ ရခိုငိျပည္နယ္ ေျမာက္ပိုင္းၿမိဳ႕ နယ္ ၅ ၿမိဳ႕နယ္မွာ ထိေတြ႕မႈေတြျဖစ္ေနတာပါ။

“ ျပည္သူေတြကို လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔ ထိခိုက္နစ္နာမႈမရွိေအာင္ ျပည္သူေတြရဲ႕ အက်ိဳးစီးပြား မပ်က္စီးေအာင္ သတိထား ေဆာင္႐ြက္ပါ၊ ေထာက္ထားၿပီးေတာ့မွ ေဆာင္႐ြက္ဖို႔လိုတယ္”လို႔ ဦးထြန္းသာစိန္ က VOMကိုေျပာပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ထဲမွာ ႏွစ္ဖက္တိုက္ပြဲမ်ားတြင္ လက္နက္ႀကီးထိမွန္ကာ ေသဆုံးခဲ့တဲ့ အရပ္သားျပည္သူ ၁၀ဦးထက္မနည္း ေသဆုံးခဲ့ၿပီးျဖစ္တယ္လို႔လည္း သိရပါတယ္။

“မေန႔ကပဲ ေျမာက္ဦးနယ္ထဲက ေဒသခံတစ္ဦး ႏြားသြားေက်ာင္းရင္းနဲ႔ ေပါင္ကို လက္နက္ ႀကီးထိမွန္လို႔ ေဆး႐ုံမွာပဲ အသက္ဆုံးသြားရပါ ၿပီ။ ကြၽန္ေတာ္တို႔လည္း ဘယ္မွာကို မသြားရဲ၊ မလာရဲေအာင္ ျဖစ္ေနပါတယ္”လို႔ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာက္ေနာင္ေက်း႐ြာက ေဒသခံတစ္ဦးကေျပာပါတယ္။

ရခိုင္ျပည္နယ္‌ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္အဖြဲ႕တို႔ ထိေတြ႕မႈျဖစ္စဥ္မွာ အရပ္သား ၈၀ နီးပါး ေသဆုံးခဲ့ရၿပီလို႔လည္း သိရပါတယ္။

#Voiceofmyanmar #ေျမာက္ဦး #ဦးထြန္းသာစိန္

Unicode

လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်သူလူထုမထိခိုက်အောင် ဆောင်ရွက်ဖို့လို

မြောက်ဦး၊ နိုဝင်ဘာ ၂၉-၂၀၁၉
ချမ်းငြိမ်း(VOM)

လက်နက်ကိုက်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထု အကျိုးစီးပွားမထိခိုက်အောင် အထူးသတိ ပြုဆောင်ရွက်ဖို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တိုက်တွန်း‌ပြောဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင် အဖွဲ့တို့မှာ ‌မြောက်ဦး မင်းပြားနဲ့ ရခိုငိပြည်နယ် မြောက်ပိုင်းမြို့ နယ် ၅ မြို့နယ်မှာ ထိတွေ့မှုတွေဖြစ်နေတာပါ။

“ ပြည်သူတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိအောင် ပြည်သူတွေရဲ့ အကျိုးစီးပွား မပျက်စီးအောင် သတိထား ဆောင်ရွက်ပါ၊ ထောက်ထားပြီးတော့မှ ဆောင်ရွက်ဖို့လိုတယ်”လို့ ဦးထွန်းသာစိန် က VOMကိုပြောပါတယ်။

မြောက်ဦးမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲများတွင် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

“မနေ့ကပဲ မြောက်ဦးနယ်ထဲက ဒေသခံတစ်ဦး နွားသွားကျောင်းရင်းနဲ့ ပေါင်ကို လက်နက် ကြီးထိမှန်လို့ ဆေးရုံမှာပဲ အသက်ဆုံးသွားရပါ ပြီ။ ကျွန်တော်တို့လည်း ဘယ်မှာကို မသွားရဲ၊ မလာရဲအောင် ဖြစ်နေပါတယ်”လို့ မြောက်ဦးမြို့နယ် ကျောက်နောင်ကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်‌မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်စဉ်မှာ အရပ်သား ၈၀ နီးပါး သေဆုံးခဲ့ရပြီလို့လည်း သိရပါတယ်။

#Voiceofmyanmar #မြောက်ဦး #ဦးထွန်းသာစိန်

Related posts

Leave a Comment

VOM News

FREE
VIEW