လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်သူလူထုမထိခိုက်အောင် ဆောင်ရွက်ဖို့လို
မြောက်ဦး၊ နိုဝင်ဘာ ၂၉-၂၀၁၉ ချမ်းငြိမ်း(VOM) လက်နက်ကိုက်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထု အကျိုးစီးပွားမထိခိုက်အောင် အထူးသတိ ပြုဆောင်ရွက်ဖို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တိုက်တွန်း‌ပြောဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင် အဖွဲ့တို့မှာ ‌မြောက်ဦး မင်းပြားနဲ့ ရခိုငိပြည်နယ် မြောက်ပိုင်းမြို့ နယ် ၅ မြို့နယ်မှာ ထိတွေ့မှုတွေဖြစ်နေတာပါ။ “ ပြည်သူတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိအောင် ပြည်သူတွေရဲ့ အကျိုးစီးပွား မပျက်စီးအောင် သတိထား ဆောင်ရွက်ပါ၊ ထောက်ထားပြီးတော့မှ ဆောင်ရွက်ဖို့လိုတယ်”လို့ ဦးထွန်းသာစိန် က VOMကိုပြောပါတယ်။ မြောက်ဦးမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲများတွင် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ “မနေ့ကပဲ မြောက်ဦးနယ်ထဲက ဒေသခံတစ်ဦး နွားသွားကျောင်းရင်းနဲ့ ပေါင်ကို လက်နက် ကြီးထိမှန်လို့ ဆေးရုံမှာပဲ အသက်ဆုံးသွားရပါ ပြီ။ ကျွန်တော်တို့လည်း ဘယ်မှာကို…
Read More
ချောင်းသာကမ်းခြေမှာ နိုင်ငံသား အထောက်အထားမပြနိုင်သူ ၉၆ဦး ဖမ်းမိ
ချောင်းသာ၊ နိုဝင်ဘာ ၂၉-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေဒေသ၊ ဦးတိုချောင်းတွင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ညပိုင်းက နိုင်ငံသား အထောက်အထားမပြနိုင်သူ ၉၆ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံသား အထောက်အထားမပြနိုင်သူတွေ ဝင်ရောက်တယ်လို့ သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စစ်တပ်၊ သစ်တောဦးစီးဌာနပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ချောင်းသာကမ်းခြေနဲ့ ဆက်သွယ်ထားတဲ့ ဥတို့ချောင်းတံတားအနီးကို စက်လှေနဲ့ဝင်ရောက်လာချိန်မှာ ဖမ်းမိခဲ့တာလို့ သိရပါတယ်။ “ သူတို့က စစ်တွေဘက်က စက်လှေ ၂ စီးနဲ့လာတာ။ ပင်လယ်ထဲမှာ စက်လှေပေါ်လူတွေပြောင်းတင်ပြီးတော့ တစ်စီးက ပင်လယ်ထဲမှာ ကျန်ခဲ့တယ်။ တစ်စီးက ဥတို့ချောင်းထဲကို စက်လှေနဲ့ ဝင်လာတာ။ မီနီဘတ် ၁ စီး၊ HiAce ကား ၁ စီးနဲ့ ပရိုဘောက် ၁ စီး စုစုပေါင်း ကား ၃…
Read More
လူထုဒေါ်အမာရဲ့ မွေးနေ့ ကမ္ဘာတည်သရွေ့လုပ်သွားမယ်
အမရပူရ-နိုဝင်ဘာ ၂၉ -၂၀၁၉ နေလင်း(VOM) သတင်းစာဆရာမကြီးလည်းဖြစ် စာရေးဆရာမကြီးဖြစ်တဲ့ လူထုဒေါ်အမာ ကွယ်လွန်ခဲ့တာ ၁၁ နှစ်ကျော်ခဲ့ပေမယ့် သူ့ရဲ့ ၁၀၄နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့စာပေအသိုင်းဝိုင်းက နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်တဲ့ အမရပူရမြို့ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက်မှာ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်က ကျင်းပခဲ့ပါတယ်။ စာပေအသိုင်းဝိုင်းက ဆရာတွေကတော့ မွေးနေ့ဆိုတာထက် လူထုက မျိုးစေ့ချခဲ့တဲ့ အမျိုးသားရေး၊နိုင်ငံရေး ၊ စာပေရေးရာ စိတ်ဓါတ်တွေခိုင်မာသည်ထက် ခိုင်မာအောင်လို့ စာပေသမားတွေစုရုံးပြီး ကမ္ဘာတည်သရွေ့ လူထုဒေါ်အမာမွေးနေ့ပွဲတွေလုပ်သွားမယ်လို့ဆိုပါတယ်။ ကိုနေလင်းက ရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar #လူထုဒေါ်အမာ(၁၀၄) နှစ်ပြည့်မွေးနေ့ #အမရပူရ #တောင်လေးလုံးကျောင်းတိုက် Unicode လူထုဒေါ်အမာရဲ့ မွေးနေ့ ကမ္ဘာတည်သရွေ့လုပ်သွားမယ် အမရပူရ-နိုဝင်ဘာ ၂၉ -၂၀၁၉ နေလင်း(VOM) သတင်းစာဆရာမကြီးလည်းဖြစ် စာရေးဆရာမကြီးဖြစ်တဲ့ လူထုဒေါ်အမာ ကွယ်လွန်ခဲ့တာ ၁၁ နှစ်ကျော်ခဲ့ပေမယ့် သူ့ရဲ့…
Read More
Read More
ရွှေပြည်ပန်းပုရွာတွင် ကမ္ဘာ့အကြီးဆုံးသစ်သားပန်းပုပြပွဲပြိုင်ပွဲကြီး ပထမအကြိမ်ကျင်းပ
ပဲခူး ၊နိုဝင်ဘာ ၂၉-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့(၁၀)မိုင်ကုန်းက ရွှေပြည်ပန်းပုရွာ(Shwe Pyi Resort)မှာ ဒီကနေ့မနက်ပိုင်းက ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲပြိုင်ပွဲနဲ့ အဌမအကြိမ် ပန်းပုအကယ်ဒမီဆုပေးပွဲကြီးကို ကျင်းပနေတယ်လို့ သိရပါတယ်။ ‟ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပု ပြပွဲနဲ့ပြိုင်ပွဲဆုပေးပွဲကို ပဲခူးမှာပထမဆုံးကျင်းပတာပါ ၂၀၀၈ခု နာဂစ်ဖြစ်တဲ့အချိန်မှာ အလဲလဲအပြိုပြိုဖြစ်သွားတဲ့ အဖိုးတန်ပြီး နှစ်ပေါင်းရာကျော်ရှိတဲ့ သစ်ပင်တွေဟာ အမြန်ဆုံးဖယ်ရှားလိုက်တဲ့အခါမှာတော့ နောက်ဆုံးထင်းဖြစ်သွားကြတယ်။ ဒါတွေကို အနုပညာဖန်တီးမယ်ဆိုပြီး တစ်နိုင်ငံလုံးက ပန်းပုပညာရှင်တွေ ဖိတ်ခေါ်ပြီး ပန်းပုတွေလုပ်ခဲ့ကြတာ (၁၁)နှစ်ကျော်သွားပါပြီ။ ပန်းပုအကြီးတွေကိုတော့ မရောင်းပါဘူး။ ပန်းပုရုပ်ပေါင်း တစ်သောင်းဝန်းကျင်ရှိပါတယ်။ သစ်သားပန်းပုမှာ ကမ္ဘာမှာအကြီးဆုံးလို့ ပြောရဲပါတယ်လို့” ပွဲတော်ကျင်းပရေးကော်မတီနာယက ဦးခင်မောင်အေးကပြောပါတယ်။ ယခုနှစ်မှာ မြို့နယ်ပေါင်း ၂၀ က ပြိုင်ပွဲဝင်မတွေရဲ့အရုပ်ပေါင်း ၂၂၇ရုပ် ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ပြိုင်ပွဲဆုကြေးငွေတွေကိုလည်း စိတ်ကြိုက်ပြိုင်ပွဲ ပထမဆုအဖြစ် ကျပ်သိန်း (၁၀၀) ၊ဒုတိယဆု ကျပ်(၇၅)သိန်း၊ တတိယဆုကျပ် သိန်း(၅၀)နှင့်…
Read More
အကြီးစားဒုံးပျံပစ်လွှတ်စနစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင် ပြုံးယမ်း၊ နိုဝင်ဘာ-၂၉-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ကြီးကြပ်မှုနဲ့အတူ အကြီစားးပျံပစ်လွှတ်စနစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်မှာဖော်ပြပါတယ်။ ပဲ့ထိန်းဒုံးပျံနှစ်စင်းကို မြောက်ကိုရီးယားက ဂျပန်ပင်လယ်အရှေ့ပိုင်းဒေသကို နိုဝင်ဘာ ၂၈ ရက်က ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အခုလိုထုတ်ဖော်ပြောလိုက်တာဖြစ်ပါတယ်။ ဒီကစ္စနဲ့ပတ်သက်လို့ ဂျပန်နဲ့ အမေရိကန်တို့မှ ထိပ်တန်းတာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂၈ ရက်မှာ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး တောင်ကိုရီးယားနဲ့ အတူ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်စမ်းသပ်မှုဟာ ကမ္ဘာကြီးကို အကြီးအကျယ်စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို ညွှန်ကြားရေးမှူးချုပ် ရှီဂီကီတာကီဇာကီက မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင်ဘီဂန်ကို ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ဒုံးပျံစမ်းသပ်မှုဟာ အောက်တိုဘာ ၃၁ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုနှစ်အတွင်း ၁၃ ကြိမ်မြောက်စမ်းသပ်ခြင်းလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ…
Read More
VOM News
FREE
VIEW