အၾကီးစားဒံုးပ်ံပစ္လႊတ္စနစ္ ေျမာက္ကိုရီးယား စမ္းသပ္ေအာင္ျမင္

ျပံဳးယမ္း၊ နို၀င္ဘာ-၂၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအန္ရဲ႕ ၾကီးၾကပ္မႈနဲ႔အတူ အၾကီစားးပ်ံပစ္လႊတ္စနစ္ကို ေအာင္ျမင္စြာစမ္းသပ္နုိင္ခဲ႔တယ္လို႔ ေျမာက္ကိုရီးယားနုိင္ငံပိုင္သတင္းဌာနက နို၀င္ဘာ ၂၉ ရက္မွာေဖာ္ျပပါတယ္။

ပဲ့ထိန္းဒံုးပ်ံနွစ္စင္းကို ေျမာက္ကိုရီးယားက ဂ်ပန္ပင္လယ္အေရွ႕ပိုင္းေဒသကို နုိ၀င္ဘာ ၂၈ ရက္က ပစ္လႊတ္ခဲ႔ျပီးေနာက္ ေျမာက္ကိုရီးယားနုိင္ငံပိုင္ သတင္းဌာနက အခုလိုထုတ္ေဖာ္ေျပာလိုက္တာျဖစ္ပါတယ္။

ဒီကစၥနဲ႔ပတ္သက္လို႔ ဂ်ပန္နဲ႔ အေမရိကန္တို႔မွ ထိပ္တန္းတာ၀န္ရိွသူေတြဟာ နို၀င္ဘာ ၂၈ ရက္မွာ တယ္လီဖုန္းျဖင္႔ ဆက္သြယ္ေဆြးေႏြးခဲ႔ၾကျပီး ေတာင္ကိုရီးယားနဲ႔ အတူ သံုးနုိင္ငံပူးေပါင္းေဆာင္ရြက္ေရးေတြကို ထပ္မံအတည္ျပဳခဲ႔ၾကပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ဒံုးပ်ံပစ္လႊတ္စမ္းသပ္မႈဟာ ကမၻာၾကီးကို အၾကီးအက်ယ္စိန္ေခၚမႈတစ္ရပ္ျဖစ္တယ္လို႔ ဂ်ပန္နိုင္ငံျခားေရး၀န္ၾကီးဌာနရဲ႕ အာရွနဲ႔ သမုဒၵရာေရးရာဗ်ဴရို ညႊန္ၾကားေရးမွဴးခ်ဳပ္ ရွီဂီကီတာကီဇာကီက ေျမာက္ကိုရီးယားဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ စတီဖင္ဘီဂန္ကို ေျပာၾကားခဲ႔ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ဒံုးပ်ံစမ္းသပ္မႈဟာ ေအာက္တိုဘာ ၃၁ ရက္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ျဖစ္ျပီး ယခုနွစ္အတြင္း ၁၃ ၾကိမ္ေျမာက္စမ္းသပ္ျခင္းလည္းျဖစ္ပါတယ္။

ေျမာက္ကိုရီးယားဟာ ဒံုးပ်ံစမ္းသပ္မႈေတြကို ယခုနွစ္ ေမလအတြင္းကစျပီး ဆက္တိုက္လုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။

ယခုစမ္းသပ္မႈကေတာ႔ ဂ်ပန္နွင္႔ေတာင္ကိုရီးယားတို႔အၾကား ေထာက္လွမ္းေရအခ်က္အလက္ မွ်ေ၀ေရးစာခ်ဳပ္ကို သက္တမ္းတိုးဖို႔ နို၀င္ဘာ ၂၂ ရက္မွာ ေတာင္ကိုရီးယားက ဆံုးျဖတ္ျပီးေနာက္ ေျမာက္ကိုရီးယားက ပထမဆံုးအၾကိမ္ ဒံုးပ်ံပစ္လႊတ္စမ္းသပ္ျခင္းလည္းျဖစ္ပါတယ္။

Ref : NHK Photo : AP
#voiceofmyanmar #ေျမာက္ကိုရီးယား #ဒံုးပ်ံစနစ္ #ေအာင္ျမင္

Unicode

အကြီးစားဒုံးပျံပစ်လွှတ်စနစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ နိုဝင်ဘာ-၂၉-၂၀၁၉
မျိုးဆက် (VOM)

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ကြီးကြပ်မှုနဲ့အတူ အကြီစားးပျံပစ်လွှတ်စနစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်မှာဖော်ပြပါတယ်။

ပဲ့ထိန်းဒုံးပျံနှစ်စင်းကို မြောက်ကိုရီးယားက ဂျပန်ပင်လယ်အရှေ့ပိုင်းဒေသကို နိုဝင်ဘာ ၂၈ ရက်က ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အခုလိုထုတ်ဖော်ပြောလိုက်တာဖြစ်ပါတယ်။

ဒီကစ္စနဲ့ပတ်သက်လို့ ဂျပန်နဲ့ အမေရိကန်တို့မှ ထိပ်တန်းတာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂၈ ရက်မှာ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး တောင်ကိုရီးယားနဲ့ အတူ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကို ထပ်မံအတည်ပြုခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်စမ်းသပ်မှုဟာ ကမ္ဘာကြီးကို အကြီးအကျယ်စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို ညွှန်ကြားရေးမှူးချုပ် ရှီဂီကီတာကီဇာကီက မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင်ဘီဂန်ကို ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးပျံစမ်းသပ်မှုဟာ အောက်တိုဘာ ၃၁ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုနှစ်အတွင်း ၁၃ ကြိမ်မြောက်စမ်းသပ်ခြင်းလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးပျံစမ်းသပ်မှုတွေကို ယခုနှစ် မေလအတွင်းကစပြီး ဆက်တိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ယခုစမ်းသပ်မှုကတော့ ဂျပန်နှင့်တောင်ကိုရီးယားတို့အကြား ထောက်လှမ်းရေအချက်အလက် မျှဝေရေးစာချုပ်ကို သက်တမ်းတိုးဖို့ နိုဝင်ဘာ ၂၂ ရက်မှာ တောင်ကိုရီးယားက ဆုံးဖြတ်ပြီးနောက် မြောက်ကိုရီးယားက ပထမဆုံးအကြိမ် ဒုံးပျံပစ်လွှတ်စမ်းသပ်ခြင်းလည်းဖြစ်ပါတယ်။

Ref : NHK Photo : AP
#voiceofmyanmar #မြောက်ကိုရီးယား #ဒုံးပျံစနစ် #အောင်မြင်

Related posts

Leave a Comment

VOM News

FREE
VIEW