ေခ်ာင္းသာကမ္းေျခမွာ ႏိုင္ငံသား အေထာက္အထားမျပနိုင္သူ ၉၆ဦး ဖမ္းမိ

ေခ်ာင္းသာ၊ ႏိုဝင္ဘာ ၂၉-၂၀၁၉
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ ေခ်ာင္းသာကမ္းေျခေဒသ၊ ဦးတိုေခ်ာင္းတြင္းမွာ နိုဝင္ဘာလ ၂၈ ရက္ေန႔ညပိုင္းက ႏိုင္ငံသား အေထာက္အထားမျပနိုင္သူ ၉၆ ဦး ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

ႏိုင္ငံသား အေထာက္အထားမျပနိုင္သူေတြ ဝင္ေရာက္တယ္လို႔ သတင္းရတဲ့အတြက္ ရဲတပ္ဖြဲ႕၊ ေထြအုပ္၊ စစ္တပ္၊ သစ္ေတာဦးစီးဌာနပါဝင္တဲ့ ပူးေပါင္းအဖြဲ႕က ေခ်ာင္းသာကမ္းေျခနဲ႔ ဆက္သြယ္ထားတဲဲ့ ဥတို႔ေခ်ာင္းတံတားအနီးကို စက္ေလွနဲ႔ဝင္ေရာက္လာခ်ိန္မွာ ဖမ္းမိခဲ့တာလို႔ သိရပါတယ္။

“ သူတို႔က စစ္ေတြဘက္က စက္ေလွ ၂ စီးနဲ႔လာတာ။ ပင္လယ္ထဲမွာ စက္ေလွေပၚလူေတြေျပာင္းတင္ၿပီးေတာ့ တစ္စီးက ပင္လယ္ထဲမွာ က်န္ခဲ့တယ္။ တစ္စီးက ဥတို႔ေခ်ာင္းထဲကို စက္ေလွနဲ႔ ဝင္လာတာ။ မီနီဘတ္ ၁ စီး၊ HiAce ကား ၁ စီးနဲ႔ ပရိုေဘာက္ ၁ စီး စုစုေပါင္း ကား ၃ စီးနဲ႔ ေစာင့္ေနတယ္။ ကားေပၚကို လူေတြတင္ဖို့ လုပ္ေနတဲ့အခ်ိန္မွာ သတင္းအရ က်ေနာ္တို႔ပူးေပါင္းအဖြဲ႕ေတြ ဝိုင္းဝန္းဖမ္းဆီးခဲ့တာပါ ”လို႔ ပုသိမ္ၿမိဳ႕နယ္၊ ေခ်ာင္းသာၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္သူက ျဖစ္စဥ္ကိုေျပာျပပါတယ္။

ထြက္ေျပးလြတ္ေျမာက္သြားတ့ဲ စက္ေလွတစ္စီးကိုလည္း ပူးေပါင္းအဖြဲ႕ကလိုက္လံဖမ္းဆီးရာ ေက်ာက္ ေမာင္ႏွစ္မကမ္းေျခအနီး ေရမိုင္ ၁ မိုင္အကြာမွာ ဖမ္းမိခဲ့တယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မူးရူံးက သိရပါတယ္။

“ပထမမိတာ ၇၀ဦးပါ၊ ဒီမနက္မိတာအကုန္ ၉၆ဦးေပါ့၊ က်ား၃၁၊ မ၆၃၊ ကေလး၂ဦး၊ အကုန္၉၆ဦးပါ။ ခု ဘယ္ကလာလဲ စစ္ေဆးေနဆဲပါ “လို႕ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွ ဒုတိယရဲမွဴးႀကီးထြန္းေရႊကေျပာပါတယ္။

ၿပီးခဲ့တဲ့ နိုဝင္ဘာလ ၂၀ ရက္ေန႔ကလည္း ပုသိမ္ၿမိဳ့နယ္၊ ေရႊေသာင္ယံၿမိဳ႕၊ မီးလင္းဂ်ိဳင္ကမ္းေျခအနီးမွာ စက္ေလွနဲ႔ဲ အလားတူ ႏိုင္ငံသား အေထာက္အထားမျပနိုင္သူ ၂၂ ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕မွတ္တမ္းေတြအရ သိရပါတယ္။

#voiceofmyanmar #ေခ်ာင္းသား # ႏိုင္ငံသားအေထာက္အထားမျပနိုင္သူ

Unicode

ချောင်းသာကမ်းခြေမှာ နိုင်ငံသား အထောက်အထားမပြနိုင်သူ ၉၆ဦး ဖမ်းမိ

ချောင်းသာ၊ နိုဝင်ဘာ ၂၉-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေဒေသ၊ ဦးတိုချောင်းတွင်းမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ညပိုင်းက နိုင်ငံသား အထောက်အထားမပြနိုင်သူ ၉၆ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံသား အထောက်အထားမပြနိုင်သူတွေ ဝင်ရောက်တယ်လို့ သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စစ်တပ်၊ သစ်တောဦးစီးဌာနပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ချောင်းသာကမ်းခြေနဲ့ ဆက်သွယ်ထားတဲ့ ဥတို့ချောင်းတံတားအနီးကို စက်လှေနဲ့ဝင်ရောက်လာချိန်မှာ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ သူတို့က စစ်တွေဘက်က စက်လှေ ၂ စီးနဲ့လာတာ။ ပင်လယ်ထဲမှာ စက်လှေပေါ်လူတွေပြောင်းတင်ပြီးတော့ တစ်စီးက ပင်လယ်ထဲမှာ ကျန်ခဲ့တယ်။ တစ်စီးက ဥတို့ချောင်းထဲကို စက်လှေနဲ့ ဝင်လာတာ။ မီနီဘတ် ၁ စီး၊ HiAce ကား ၁ စီးနဲ့ ပရိုဘောက် ၁ စီး စုစုပေါင်း ကား ၃ စီးနဲ့ စောင့်နေတယ်။ ကားပေါ်ကို လူတွေတင်ဖို့ လုပ်နေတဲ့အချိန်မှာ သတင်းအရ ကျနော်တို့ပူးပေါင်းအဖွဲ့တွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တာပါ ”လို့ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဖြစ်စဉ်ကိုပြောပြပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စက်လှေတစ်စီးကိုလည်း ပူးပေါင်းအဖွဲ့ကလိုက်လံဖမ်းဆီးရာ ကျောက် မောင်နှစ်မကမ်းခြေအနီး ရေမိုင် ၁ မိုင်အကွာမှာ ဖမ်းမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူးရူံးက သိရပါတယ်။

“ပထမမိတာ ၇၀ဦးပါ၊ ဒီမနက်မိတာအကုန် ၉၆ဦးပေါ့၊ ကျား၃၁၊ မ၆၃၊ ကလေး၂ဦး၊ အကုန်၉၆ဦးပါ။ ခု ဘယ်ကလာလဲ စစ်ဆေးနေဆဲပါ “လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင်ကမ်းခြေအနီးမှာ စက်လှေနဲ့ဲ အလားတူ နိုင်ငံသား အထောက်အထားမပြနိုင်သူ ၂၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #ချောင်းသား # နိုင်ငံသားအထောက်အထားမပြနိုင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW