သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန်

(Zawgyi)

သတင္းစာဆရာၾကီး နတ္ေမာက္ထြန္းရွိန္ ကြယ္လြန္

မႏၱေလး၊ ႏိုဝင္ဘာ ၃၀၊ ၂၀၁၉
VOM
အမ်ိဳးသား စာေပဆုရွင္၊ သတင္းစာဆရာနဲ႔ စာေရးဆရာၾကီး နတ္ေမာက္ထြန္းရွိန္ (၈၃ႏွစ္) ဟာ ဒီေန႔ ညေန ၃ နာရီမွာ ႏွလံုးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။

မႏၱေလးျမိဳ႕က ဆရာညိဳထြန္းလူက “တေန႔ကတင္ ဘၾကီးမိုးတို႔နဲ႔ ဆံုေတာ့ သက္ၾကီးဆရာၾကီးေတြ ေတြ႔႔ၾကေတာ့ သူနဲ႔ေတြ႔ရေသးတယ္။ စံေတာ္ခ်ိန္မွာေတာင္ က်ေနာ္ေရးလိုက္ေသးတယ္။ ျပီးေတာ့ မဂၤလာေဆာင္တခုမွလည္း ေတြ႔ရေသးတယ္။ ခု သူရုတ္တရက္ၾကီး ဆံုးသြားတယ္ဆိုေတာ့ ေတာ္ေတာ့္ကို စိတ္မေကာင္းဘူးဗ်ာ။ အဲ့ဒီတုန္းကေတြ႔တာ ေနာက္ဆံုးႏႈတ္ဆက္သြားတာလားလို႔ေတာင္ ေတြးမိတယ္ဗ်ာ။ မႏၱေလးအတြက္ သူလုပ္သြားတာ မနည္းဘူး။ ဒီဆံုးရွံဳးမႈက ေတာ္ေတာ္ဝမ္းနည္းစရာ ေကာင္းတယ္ဗ်။ သူလိုလူမ်ိဳးက မေပၚႏိုင္ေတာ့ဘူး။ အေမ လူထု ေဒၚအမာတို႔ ဆရာဦးေမာင္ေမာင္တင္တို႔လို လူမ်ိဳး အစားမေပၚသလို ဆရာ ဦးထြန္ရွိန္လိုလူမ်ိဳး ေပၚဖို႔ဆိုတာလည္း မလြယ္ဘူး” လို႔ ဆိုပါတယ္။

“သူက လူထုတိုက္ထြက္ဗ်။ သူတို႔ ကိုသစ္လြင္တို႔ က်ေနာ္တို႔ အားလံုးကို လူထုထြက္ေတြ၊ ကိုထြန္းရွိန္က ကုတ္ကုတ္ ကုတ္ကုတ္နဲ႔ အရမ္းၾကိဳးစားတဲ့လူ၊ မႏၱေလး အထူးျပဳစာေရးဆရာဗ်။ မႏၱေလးမွာ မႏၱေလးအေၾကာင္း ဂဃနဏ သိတာဆိုလို႔ ေရႊျပည္ဦးဘတင္၊ ကိုထြန္းရွိန္၊ ခုေနာက္တက္မွာေတာ့ ဆူးငွက္ေပါ့ဗ်ာ။ သူတို႔ကိုက ေတာ္ေတာ္ ေက်းဇူးတင္စရာေကာင္းတဲ့လူေတြပါ။ တန္ဖိုးရွိတဲ့ လူတေယာက္ဆိုတာက ေသလိုက္ရင္ သူ႔ေနရာကို အစားထိုးလို႔မရရင္ သူ႔တန္ဖိုးက အၾကီးဆံုးပဲ၊ ကိုထြန္းရွိန္ကြယ္လြန္တာ မႏၱေလးအတြက္ အၾကီးမားဆံုး ဆံုးရႉံးမႈပဲ” လို႔ (ဦး) ကိုေလး (အင္းဝဂုဏ္ရည္) က ဝမ္းနည္းစကား ဆိုပါတယ္။

ဆရာၾကီးဟာ လူထုတိုက္မွာ အယ္ဒီတာအျဖစ္ ေဆာင္ရြက္ခဲ့သလို၊ လုပ္သားျပည္သူ႔ေန႔စဥ္၊ ဟံသာဝတီ သတင္းစာေတြမွာ သတင္းေထာက္အျဖစ္ လုပ္ခဲ့ပါတယ္။ လက္ရွိမွာလည္း မႏၱေလး ေန႔စဥ္ သတင္းစာမွာ အယ္ဒီတာခ်ဳပ္အျဖစ္ တာဝန္ယူေနတာ ျဖစ္ပါတယ္။

စံေတာ္ခ်ိန္နဲ႔ လွ်ပ္တျပက္ သတင္းဂ်ာနယ္ေတြမွာလည္း မႏၱေလးနဲ႔ သက္ဆိုင္တဲ့ သမိုင္းဆိုင္ရာ အေၾကာင္းအရာေတြကို ေရးသားေနသူ ျဖစ္ပါတယ္။

သူဟာ သမိုင္းဆိုင္ရာ စာေပေတြ၊ ဘာသာေရး သာသနာေရး ဆိုင္ရာကို တစိုက္မတ္မတ္ေရးခဲ့သူလည္း ျဖစ္ျပီး မႏၱေလးျမိဳ႕အေၾကာင္း ေရးသားျပဳစုခဲ့တဲ့ ဝင္းေတြနဲ႔ တည္တဲ့မင္းေနျပည္ စာအုပ္နဲ႔ အမ်ိဳးသားစာေပဆု ရခဲ့ပါတယ္။

#VoiceOfMyanmar
#နတ္ေမာက္ထြန္းရွိန္

……………..

(Unicode)

သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန်

မန္တလေး၊ နိုဝင်ဘာ ၃၀၊ ၂၀၁၉
VOM
အမျိုးသား စာပေဆုရှင်၊ သတင်းစာဆရာနဲ့ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန် (၈၃နှစ်) ဟာ ဒီနေ့ ညနေ ၃ နာရီမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

မန္တလေးမြို့က ဆရာညိုထွန်းလူက “တနေ့ကတင် ဘကြီးမိုးတို့နဲ့ ဆုံတော့ သက်ကြီးဆရာကြီးတွေ တွေ့ကြတော့ သူနဲ့တွေ့ရသေးတယ်။ စံတော်ချိန်မှာတောင် ကျနော်ရေးလိုက်သေးတယ်။ ပြီးတော့ မင်္ဂလာဆောင်တခုမှလည်း တွေ့ရသေးတယ်။ ခု သူရုတ်တရက်ကြီး ဆုံးသွားတယ်ဆိုတော့ တော်တော့်ကို စိတ်မကောင်းဘူးဗျာ။ အဲ့ဒီတုန်းကတွေ့တာ နောက်ဆုံးနှုတ်ဆက်သွားတာလားလို့တောင် တွေးမိတယ်ဗျာ။ မန္တလေးအတွက် သူလုပ်သွားတာ မနည်းဘူး။ ဒီဆုံးရှုံးမှုက တော်တော်ဝမ်းနည်းစရာ ကောင်းတယ်ဗျ။ သူလိုလူမျိုးက မပေါ်နိုင်တော့ဘူး။ အမေ လူထု ဒေါ်အမာတို့ ဆရာဦးမောင်မောင်တင်တို့လို လူမျိုး အစားမပေါ်သလို ဆရာ ဦးထွန်ရှိန်လိုလူမျိုး ပေါ်ဖို့ဆိုတာလည်း မလွယ်ဘူး” လို့ ဆိုပါတယ်။

“သူက လူထုတိုက်ထွက်ဗျ။ သူတို့ ကိုသစ်လွင်တို့ ကျနော်တို့ အားလုံးကို လူထုထွက်တွေ၊ ကိုထွန်းရှိန်က ကုတ်ကုတ် ကုတ်ကုတ်နဲ့ အရမ်းကြိုးစားတဲ့လူ၊ မန္တလေး အထူးပြုစာရေးဆရာဗျ။ မန္တလေးမှာ မန္တလေးအကြောင်း ဂဃနဏ သိတာဆိုလို့ ရွှေပြည်ဦးဘတင်၊ ကိုထွန်းရှိန်၊ ခုနောက်တက်မှာတော့ ဆူးငှက်ပေါ့ဗျာ။ သူတို့ကိုက တော်တော် ကျေးဇူးတင်စရာကောင်းတဲ့လူတွေပါ။ တန်ဖိုးရှိတဲ့ လူတယောက်ဆိုတာက သေလိုက်ရင် သူ့နေရာကို အစားထိုးလို့မရရင် သူ့တန်ဖိုးက အကြီးဆုံးပဲ၊ ကိုထွန်းရှိန်ကွယ်လွန်တာ မန္တလေးအတွက် အကြီးမားဆုံး ဆုံးရှူံးမှုပဲ” လို့ (ဦး) ကိုလေး (အင်းဝဂုဏ်ရည်) က ဝမ်းနည်းစကား ဆိုပါတယ်။

ဆရာကြီးဟာ လူထုတိုက်မှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သလို၊ လုပ်သားပြည်သူ့နေ့စဉ်၊ ဟံသာဝတီ သတင်းစာတွေမှာ သတင်းထောက်အဖြစ် လုပ်ခဲ့ပါတယ်။ လက်ရှိမှာလည်း မန္တလေး နေ့စဉ် သတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။

စံတော်ချိန်နဲ့ လျှပ်တပြက် သတင်းဂျာနယ်တွေမှာလည်း မန္တလေးနဲ့ သက်ဆိုင်တဲ့ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကို ရေးသားနေသူ ဖြစ်ပါတယ်။

သူဟာ သမိုင်းဆိုင်ရာ စာပေတွေ၊ ဘာသာရေး သာသနာရေး ဆိုင်ရာကို တစိုက်မတ်မတ်ရေးခဲ့သူလည်း ဖြစ်ပြီး မန္တလေးမြို့အကြောင်း ရေးသားပြုစုခဲ့တဲ့ ဝင်းတွေနဲ့ တည်တဲ့မင်းနေပြည် စာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။

#VoiceOfMyanmar
#နတ်မောက်ထွန်းရှိန်

Related posts

Leave a Comment

VOM News

FREE
VIEW