ကျေးရွာအတွင်း လက်နက်ကြီးကျလို့ ငါးဦးဒဏ်ရာရ

မြောက်ဦး၊ ဒီဇင်ဘာ ၂-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာနဲ့ အနီးဝန်းကျင်ကျေးရွာတစ်ရွာဖြစ်တဲ့ ရှာရှည်ပြင်ကျေးရွာအတွင်းကို ဒီဇင်ဘာ ၁ ရက်နေ့မနက်ပိုင်း ၇ နာရီလောက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစု ၅ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေဟာ နေအိမ်အတွင်းမှာရှိနေကြစဉ် ကျေးရွာအနီး တပ်မတော်စစ်ကြောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ နေအိမ်ကိုကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အိမ်အတွင်းရှိနေသူတွေ ဒဏ်ရာရရှိခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

“မနေ့ကမနက်ပိုင်းက ကျေးရွာအနီးက လက်နက်ငယ်တွေနဲ့ပစ်ပြီးတော့ လက်နက်ကြီးသုံးချက်ပစ်တယ်။ အဲ့ဒီမှာ တစ်ချက်က ကျွန်တော်အိမ်ကိုလာကျတယ်။ အိမ်ကလုံးဝပျက်စီးသွားတယ်။ မိသားစု ၅ ယောက်ထိခိုက်သွားတယ်။ နှစ်နှစ်အရွယ်ကလေးတစ်ဦးပါတယ်။ ၁၀ နှစ်အရွယ်ကလေးကဒဏ်ရာတော်တော်များတယ်။”လို့ မိသားစုဝင် ဦးအောင်စံရွှေကပြောပါတယ်။

အဲ့ဒီကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ဘာကြောင့်ပစ်ခတ်မှုတွေ ပြုလုပ်ရလဲဆိုတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကိုဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။

ဒါ့အပြင် ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာခဲ့တဲ့အချိန်မှာတော့ အသက်ကြီးပိုင်းတွေဖြစ်တဲ့ ကျေးရွာသား ၄ ဦးကို တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်ခြင်းခံလိုက်ရတယ်လို့ ရွာသားတွေကပြောပါတယ်။

“စစ်ကြောင်းက မနက်ပိုင်းမှာ ပစ်ခတ်မှုတွေလုပ်တယ်။ အဲ့ဒီမှာ ထိခိုက်သွားတယ်။ သူတို့က ရှင်းလင်းရေးတွေဘာတွေ လုပ်တာလားတော့ မသိဘူး။ ကျွန်တော်လည်းဒီအကြောင်းကို နားမလည်ဘူး။ ပြီးတော့ ရွာထဲကိုဝင်လာတယ်။ ရွာသားလေးယောက်ကိုခေါ်သွားတယ်လို့ သတင်းရတယ်။ လွတ်မလွတ်သတင်းမရသေးဘူး။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

ဒဏ်ရာရရှိသွားသူတွေကတော့ ဒေါ်အေးကြည်ဌေး ၃၂ နှစ်၊ ဒေါ်သန်းမြင့်ဌေး ၂၅ နှစ်၊ မနှင်းနွယ် ၁၂ နှစ်၊ မောင်အောင်စိုးဌေး ၂ နှစ်နဲ့ အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးတို့ဖြစ်ကြပြီး အဲ့ဒီငါးဦးကို မြောက်ဦးဆေးရုံမှာ ဆေးကုသမှုတွေလုပ်နေတယ်လို့ ဦးအောင်စံရွှေကပြောပါတယ်။

စစ်ကြောင်းက ခေါ်သွားခဲ့တဲ့ ရွာသားလေးဦးကတော့ ဦးဖြူစိန်အောင်၊ ဦးမောင်လှိုင်အေး၊ ဦးအေးသန်းမောင်၊ ဦးတင်စိုးနိုင်တို့ဖြစ်ကြပြီး အဲ့ဒီလေးဦးတို့မှာ အသက်ကြီးပိုင်းတွေဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်ကြောင့် ရှာရှည်ပြင်ရွာနဲ့ အနီးဝန်းကျင်က ကျေးရွာသားတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ ၉ သောင်းကျော်အထိရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #ရခိုင် #မြောက်ဦး #လက်နက်ကြီးကျ

Zawgyi

ေက်းရြာအတြင္း လက္နက္ႀကီးက်လို႔ ငါးဦးဒဏ္ရာရ

ေျမာက္ဦး၊ ဒီဇင္ဘာ ၂-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္ေျမာက္ပိုင္းက တုိက္ပြဲေတြျဖစ္ပြားေနတဲ့ေနရာနဲ႔ အနီးဝန္းက်င္ေက်းရြာတစ္ရြာျဖစ္တဲ့ ရွာရွည္ျပင္ေက်းရြာအတြင္းကို ဒီဇင္ဘာ ၁ ရက္ေန႔မနက္ပိုင္း ၇ နာရီေလာက္က လက္နက္ႀကီးက်ည္တစ္လံုး က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ မိသားစု ၅ဦးထိခိုက္ဒဏ္ရာေတြရရွိခဲ့ပါတယ္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြဟာ ေနအိမ္အတြင္းမွာရွိေနၾကစဥ္ ေက်းရြာအနီး တပ္မေတာ္စစ္ေၾကာင္းက ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္တစ္လံုးဟာ ေနအိမ္ကိုက်ေရာက္ ေပါက္ကြဲခဲ့တဲ့အတြက္ အိမ္အတြင္းရွိေနသူေတြ ဒဏ္ရာရရွိခဲ့ရတာျဖစ္တယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

“မေန႔ကမနက္ပိုင္းက ေက်းရြာအနီးက လက္နက္ငယ္ေတြနဲ႔ပစ္ၿပီးေတာ့ လက္နက္ႀကီးသံုးခ်က္ပစ္တယ္။ အဲ့ဒီမွာ တစ္ခ်က္က ကၽြန္ေတာ္အိမ္ကိုလာက်တယ္။ အိမ္ကလံုးဝပ်က္စီးသြားတယ္။ မိသားစု ၅ ေယာက္ထိခိုက္သြားတယ္။ ႏွစ္ႏွစ္အရြယ္ကေလးတစ္ဦးပါတယ္။ ၁၀ ႏွစ္အရြယ္ကေလးကဒဏ္ရာေတာ္ေတာ္မ်ားတယ္။”လို႔ မိသားစုဝင္ ဦးေအာင္စံေရႊကေျပာပါတယ္။

အဲ့ဒီေက်းရြာအတြင္းကို လက္နက္ႀကီးေတြနဲ႔ ဘာေၾကာင့္ပစ္ခတ္မႈေတြ ျပဳလုပ္ရလဲဆိိုတာနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကိုဆက္သြယ္ခဲ့ေပမယ့္ အဆက္သြယ္မရရွိခဲ့ပါဘူး။

ဒါ့အျပင္ ေက်းရြာအတြင္းကို တပ္မေတာ္စစ္ေၾကာင္းက ဝင္ေရာက္လာခဲ့တဲ့အခ်ိန္မွာေတာ့ အသက္ႀကီးပိုင္းေတြျဖစ္တဲ့ ေက်းရြာသား ၄ ဦးကို တပ္မေတာ္စစ္ေၾကာင္းက ေခၚေဆာင္ျခင္းခံလိုက္ရတယ္လို႔ ရြာသားေတြကေျပာပါတယ္။

“စစ္ေၾကာင္းက မနက္ပိုင္းမွာ ပစ္ခတ္မႈေတြလုပ္တယ္။ အဲ့ဒီမွာ ထိခိုက္သြားတယ္။ သူတုိ႔က ရွင္းလင္းေရးေတြဘာေတြ လုပ္တာလားေတာ့ မသိဘူး။ ကၽြန္ေတာ္လည္းဒီအေၾကာင္းကို နားမလည္ဘူး။ ၿပီးေတာ့ ရြာထဲကိုဝင္လာတယ္။ ရြာသားေလးေယာက္ကိုေခၚသြားတယ္လို႔ သတင္းရတယ္။ လြတ္မလြတ္သတင္းမရေသးဘူး။”လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေျပာပါတယ္။

ဒဏ္ရာရရွိသြားသူေတြကေတာ့ ေဒၚေအးၾကည္ေဌး ၃၂ ႏွစ္၊ ေဒၚသန္းျမင့္ေဌး ၂၅ ႏွစ္၊ မႏွင္းႏြယ္ ၁၂ ႏွစ္၊ ေမာင္ေအာင္စိုးေဌး ၂ ႏွစ္နဲ႔ အသက္ ၁၀ ႏွစ္အရြယ္ကေလးတစ္ဦးတုိ႔ျဖစ္ၾကၿပီး အဲ့ဒီငါးဦးကို ေျမာက္ဦးေဆးရံုမွာ ေဆးကုသမႈေတြလုပ္ေနတယ္လို႔ ဦးေအာင္စံေရႊကေျပာပါတယ္။

စစ္ေၾကာင္းက ေခၚသြားခဲ့တဲ့ ရြာသားေလးဦးကေတာ့ ဦးျဖဴစိန္ေအာင္၊ ဦးေမာင္လိႈင္ေအး၊ ဦးေအးသန္းေမာင္၊ ဦးတင္စိုးႏုိင္တုိ႔ျဖစ္ၾကၿပီး အဲ့ဒီေလးဦးတုိ႔မွာ အသက္ႀကီးပိုင္းေတြျဖစ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေျပာပါတယ္။

အဲ့ဒီပစ္ခတ္မႈျဖစ္စဥ္ေၾကာင့္ ရွာရွည္ျပင္ရြာနဲ႔ အနီးဝန္းက်င္က ေက်းရြာသားေတြဟာ စိုးရိမ္ေၾကာက္လန္႔ၿပီး ထြက္ေျပးေနၾကရတယ္လို႔ သိရပါတယ္။

ရခုိင္ျပည္နယ္အတြင္းက ႏွစ္ဖက္ျဖစ္ပြားေနတဲ့ တိုက္ပြဲျဖစ္စဥ္ေတြအတြင္း ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္ဒုကၡသည္အေရအတြက္ဟာ ၉ ေသာင္းေက်ာ္အထိရွိလာေနၿပီလို႔ ရခုိင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC ရဲ႕ ထုတ္ျပန္ခ်က္္အရ သိရပါတယ္။

#voiceofmyanmar #ရခိုင္ #ေျမာက္ဦး #လက္နက္ႀကီးက်

Related posts

Leave a Comment

VOM News

FREE
VIEW