နိုင်ငံခြားကအရုပ်တွေ ဝင်ရောက်မှုများတဲ့အတွက် မြန်မာ့ရိုးရာစက္ကူအရုပ်လုပ်ငန်းတွေ ပျောက်ကွယ်တော့မှာလား
Read More
ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ရန်ကုန်၊ ဒီဇင်ဘာ ၂-၂၀၁၉ ချမ်းငြိမ်း(VOM) ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မယ်လို့ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြေညာခြင်း အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်ဖို့ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးလေ့ရှိပြီး၊ မကြာခင်ကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရပ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမူများဖြစ်တဲ့ မဟာဌာနစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်ပြီးတော့ မွမ်းမံပြင်ဆင်ဖို့ လိုအပ်ချက်နဲ့အညီ ပြန်လည်ရေးဆွဲဖို့ စတဲ့လုပ်ငန်းတွေကို စီမံဆောင်ရွက်သွားမယ်လို့သိရတယ်။ နိုင်ငံရဲ့ လူမူစီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတကာတက္ကသိုလ်များနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာမှာ ထိထိရောက်ရောက်ဖြစ်စေဖို့ ကျောင်းသားများ ရွေးပြောင်းပညာသင်ကြားရာမှာ လွယ်ကူချောမွေ့စေရေးအတွက် အဆင်ပြေအောင် သင်ရိုးညွှန်းတမ်းတွေ မူဝါဒတွေကို ပြုပြင်ပြောင်းလဲသွားမယ်လို့လည်းသိရပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ ဦးစားပေးလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကတော့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ၊ ရန်ကုန်တက္ကသိုလ်ပြန်လည်မွမ်းမံရေးအတွက် စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊…
Read More
စည်းကမ်းမဲ့ ခရီးသွားတွေကြောင့် ရွှေနန်းတော်ကျောင်းကို လုံခြုံရေးချပေးဖို့လိုအပ်
စည်းကမ်းမဲ့ ခရီးသွားတွေကြောင့် ရွှေနန်းတော်ကျောင်းကို လုံခြုံရေးချပေးဖို့လိုအပ် မန္တလေး-ဒီဇင်ဘာ ၂-၂၀၁၉ ဇာနည်မာန် + ရှိုင်းအောင် မန္တလေးက ရွှေနန်းတော်ကျောင်းကို ကမ္ဘာလှည့်ခရီးသွားတွေ ဒီနှစ်ပိုင်း အလာများပြီး ဒီထဲမှာ ဆေးလိပ်သောက်တာ၊ ပန်းပုရုပ်တွေကို ကိုင်တွယ်တာတွေနဲ့ စည်းမဲ့ကမ်းမဲ့အမှိုကစွန့်တာတွေကြောင့် ရွှေကျောင်းကြီးအတွက် လုံခြုံရေးက အရေးတကြီးလိုအပ်နေတယ်လို့ ပြုပြင်ထိမ်းသိမ်းရေးလုပ်နေသူတွေက ဆိုပါတယ်။ အမေရိကန်သံအမတ်တွေရဲ့ ရံပုံငွေနဲ့ ရှေးမူမပျက် ပြုပြင်ထိမ်းသိမ်းမှုတွေလုပ်နေတဲ့ World Monument Fund က Program Director ဂျက်ဖ်အလန်နဲ့ မြန်မာမမှု ပန်းပုပညာရှင် ဦးကံချွန်တို့ကို ရွှေနန်းတော်ကျောင်းမှာ မဇာနည်မာန်က တွေ့ဆုံပြီး ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။ World Monument Fund က Program Director ဂျက်ဖ်အလန် ပြောတာတွေကတော့ ဒီနှစ်အဖို့ ကြုံရတဲ့ အခက်အခဲက ခရီးသွားတွေ တအားများလာတာပါပဲ။ ခရီးသွားတွေထဲမှာ တရုတ်ပြည်မကြီးက ခရီးသွားတွေ တော်တော်များလာတော့…
Read More
စစ်ကိုင်းက ရှေးဟောင်း အစေခံခံတပ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ် (၆)ဦးကို ဖမ်းဆီး
စစ်ကိုင်း၊ ဒီဇင်ဘာ ၂-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့၊ဧမြဝတီရပ်ရှိ ရှေးဟောင်းသမိုင်းဝင် အစေခံခံတပ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ် (၆)ဦးကို ဒီနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။ ရှေးဟောင်းသမိုင်းဝင် အစေခံခံတပ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတဲ့ သတင်းအရ စစ်ကိုင်းမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေ၊ သက်သေတွေနဲ့အတူ အစေခံခံတပ်အတွင်းကို ဝင်ရောက်ရှာဖွေခဲ့ချိန် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ”ကျွန်တော်တို့ သူတို့ကို စစ်ဆေးတုန်း၊ ကွင်းဆက်တွေ ဘာတွေ စစ်ဆေးတုန်းမို့ အမှုဖွင့်လှစ်ဆောင်ရွက်ထားခြင်း မရှိသေးပါဘူး”လို့ စစ်ကိုင်းမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကတော့ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်နေသူတွေဖြစ်တဲ့ ဖြိုးမင်းကျော် (ခ)ဂူးဂူး(၃၀)နှစ်၊ ဟိန်းဇင်ထွန်း(ခ)ဂျိုးဂျိုး(၂၉)နှစ်၊ ဇော်ဝင်းထွန်း (၃၀)နှစ်၊ စစ်ကိုင်းမြို့၊မင်းလမ်းရပ်နေ ချမ်းမြေ့ထွန်း (၃၀)နှစ်၊ စစ်ကိုင်းမြို့၊စိန်ကုန်ရပ်နေ ဇော်ဇော်အောင် (ခ)ချက်ဖောင်း (၂၂)နှစ်၊ စစ်ကိုင်းမြို့၊အိုးဘိုရပ်နေ မိုးမင်းဇော် (၃၁)နှစ်တို့ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ၆ဦးကို ရှာဖွေစစ်ဆေးရာ ဖြိုးမင်းကျော် (ခ)ဂူးဂူး(၃၀)နှစ်ရဲ့ အနက်ရောင် ဘောင်းဘီအိတ်…
Read More
ကျေးရွာအတွင်း လက်နက်ကြီးကျလို့ ငါးဦးဒဏ်ရာရ
မြောက်ဦး၊ ဒီဇင်ဘာ ၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာနဲ့ အနီးဝန်းကျင်ကျေးရွာတစ်ရွာဖြစ်တဲ့ ရှာရှည်ပြင်ကျေးရွာအတွင်းကို ဒီဇင်ဘာ ၁ ရက်နေ့မနက်ပိုင်း ၇ နာရီလောက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစု ၅ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေဟာ နေအိမ်အတွင်းမှာရှိနေကြစဉ် ကျေးရွာအနီး တပ်မတော်စစ်ကြောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ နေအိမ်ကိုကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အိမ်အတွင်းရှိနေသူတွေ ဒဏ်ရာရရှိခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ “မနေ့ကမနက်ပိုင်းက ကျေးရွာအနီးက လက်နက်ငယ်တွေနဲ့ပစ်ပြီးတော့ လက်နက်ကြီးသုံးချက်ပစ်တယ်။ အဲ့ဒီမှာ တစ်ချက်က ကျွန်တော်အိမ်ကိုလာကျတယ်။ အိမ်ကလုံးဝပျက်စီးသွားတယ်။ မိသားစု ၅ ယောက်ထိခိုက်သွားတယ်။ နှစ်နှစ်အရွယ်ကလေးတစ်ဦးပါတယ်။ ၁၀ နှစ်အရွယ်ကလေးကဒဏ်ရာတော်တော်များတယ်။”လို့ မိသားစုဝင် ဦးအောင်စံရွှေကပြောပါတယ်။ အဲ့ဒီကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ဘာကြောင့်ပစ်ခတ်မှုတွေ ပြုလုပ်ရလဲဆိုတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကိုဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။ ဒါ့အပြင် ကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာခဲ့တဲ့အချိန်မှာတော့ အသက်ကြီးပိုင်းတွေဖြစ်တဲ့ ကျေးရွာသား ၄ ဦးကို…
Read More
အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေအကြောင်းဆွေးနွေးဖို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက အစည်းအဝေးခေါ်ပေးဖို့တောင်းဆို
ရန်ကုန်၊ ဒီဇင်ဘာ ၂-၂၀၁၉ ချမ်းငြိမ်း(VOM) ရန်ကုန်တိုင်းဒေသကြီးအတွင်းက အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေအကြောင်း နဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာ အမြန်ဆုံး ဆွေးနွေးခွင့်ရဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီး လွှတ်တော်ဥက္ကဌကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ၂၀၂၀ ဖေဖေါ်ရီမှသာ ပြန်လည်ခေါ်ယူမှာဖြစ်တဲ့အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးလိုတဲ့အတွက် ခုလိုလက်မှတ်ရေးထိုး တင်ပြတာဖြစ်တယ်လို့ ကိုယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ “ အမြန်ဆုံးလွှတ်တော်ကျင်းပပေးဖို့ ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ထိုးပြီးတော့မှ ဥက္ကဌဆီကို တင်တာပါ။ ၂၀၁၇-၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာကို မြန်မြန်ဆွေးနွေးနိုင်ဖို့ ဖေဖော်ဝါရီလမှဆိုရင် အများကြီးနစ်နာတယ်။ မြန်မြန်ဆွေးနွေးနိုင်မှ မြန်မြန်ပြင်လို့ရမယ် ”လို့ ဒဂုံမဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အများပိုင်ဘတ်စ်ကားစနစ်နဲ့ပတ်သက်လို့ အရှုံးပေါ်နေကာ ရှယ်ယာရှင်တွေကလည်း လက်ရှိမှာ ရှယ်ယာတွေ ပြန်လည်ထုတ်ယူနေပြီး ပြည်သူ့ဘတ်ဂျက်နဲ့ ထည့်ဝင်ထားတဲ့ ငွေကျပ်၃၅…
Read More
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၁ရက် စတင်ကျင်းပမှာဖြစ်၊ ဖြေဆိုဖို့ စာရင်းပေးထားသူ အရင်နှစ်ကထက် ခုနှစ်သောင်းကျော် ပိုများလာ
ရန်ကုန်၊ ဒီဇင်ဘာ ၂-၂၀၁၉ ချမ်းငြိမ်း(VOM) ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသားကျောင်းသူဦးရေဟာ ကိုးသိန်းခြောက်သောင်းကျော်ရှိနေကာ မနှစ်ကထက် ခုနှစ်သောင်းကျော်ပိုများလာပါတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေသိရပါတယ်။ “ဒီနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ရက်မှ စတင်ကျင်းပမှာဖြစ်ပါတယ်။ အရင်နှစ်ကပြောင်းထားတဲ့ မေးခွန်းပုံစံအတိုင်းပါပဲ။ မေးခွန်းပုံစံကတော့ ထပ်ပြောင်းဖို့ မရှိသေးပါဘူး။ စာစစ်ဌာနအတိအကျတော့ စာရင်းလုပ်တုန်းက မနှစ်ကထက် စာစစ်ဌာန ၁၀၀ ကျော် တိုးမှာပါလို့ ”လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောပါတယ်။ ၂၀၂၀ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ရက်မှာ မြန်မာစာ၊ မတ် ၁၂ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၁၃ရက်မှာ သချာင်္၊ မတ် ၁၄ရက်မှာ စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ရက်မှာ ဓာတုဗေဒ၊ မတ် ၁၇ရက်မှာ ရူပဗေဒ၊ မတ်…
Read More
ပင်လယ်ကျားဖောင်ပေါ်ကို လူကုန်ကူးခံခဲ့ရသူနောက်တစ်ဦး ထက်မံလွတ်မြောက်လာ
လှိုင်သာယာ၊ ဒီဇင်ဘာ ၂-၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာမှာ ဒီဇင်ဘာ(၁)ရက်နေ့က ပင်လယ်ကျားဖောင်ပေါ်၊ ကျပ်၈သိန်းနဲ့ရောင်းစားခံရတဲ့ နောက်ထပ်တစ်ဦး ပြန်လွတ်လာတယ်လို့ သောင်ကြီးနယ်မြေရဲစခန်းကသိရပါတယ်။ ‟ လူကုန်ကူးခံရတဲ့လူတစ်ဦး ပင်လယ်ကျားဖောင်က ပြန်လွတ်လာတယ်ဆိုတာ ဟုတ်ပါတယ်၊ ကျနော်ကိုယ်တိုင် တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားပါတယ်၊ တရားခံတွေထဲက နှစ်ဦးတော့မိထားပါပြီလို့ ”အမှတ်(၆)လူကုန်/တားမှ ဒုရဲမှူးဝေလွင်က VOMကိုအတည်ပြုပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကျွဲသောင်အုပ်စု၊ မှန်ကုန်းကျေးရွာနေ အသက်(၂၀)နှစ်ရှိ ကိုညီသွေး ဟာ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ရန်ကုန်ကို တတ်လာခဲ့ပြီး၊ လှိုင်သာယာ ဒဂုံဧရာအဝေးပြေးကိုရောက်ရှိနေချိန် လှိုင်သာယာမြိုနယ် အပြင်ပဒံကျေးရွာ တွံတေးလမ်းနေ အသက်(၄၁)နှစ်ရှိ မဲကြီးဆိုသူနဲ့ တွေ့ဆုံပြီးနောက်ပိုင်း လူကုန်ကူးခံရတာဖြစ်တယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ်၊ ပင်လယ်ကျားဖောင်မှာ ၈လ အလုပ်လုပ်ရင် ကျပ် ၁၆သိန်း ရမယ်လို့ပြောဆိုစည်းရုံးလို့ လိုက်သွားတာမှာ တွံတေးမြို့နယ်၊ ဘုရားငူကျေးရွာ၊ ပန်းလှိုင်တံတားထိပ်မှာနေတဲ့ ကြည့်လွင်နဲ့ ချိုချိုဝင်းဆိုသူရဲ့နေအိမ်ကို…
Read More
ဂမ်ဘီယာတရားစွဲဆိုမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရကို ဗိုလ်ချုပ်ကြီးယွက်စစ် ချီးမွမ်း
ချင်းမိုင်၊ ဒီဇင်ဘာ ၂ -၂၀၁၉ အောင်ထူးနိုင်(VOM) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအ၀ေး (၀၆/ ၂၀၁၉) ကို ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပြီး အဲဒီအစည်းအဝေးမှာ PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်း‌ပြောကြားရာမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတဲ့အပေါ် ဖြေရှင်းမယ့် အခြေအနေနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ချီးမွမ်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရေးအတွက် အစိုးရနဲ့ တပ်မတော်ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာဟာ ဒီကိစ္စကို အစိုးရက တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သက်သေအထောက်အထား ခိုင်လုံမှုဘယ်လောက်အထိ ရှိတယ်ဆိုတာကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်” လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်ထောင်စုနဲ့…
Read More
ဗစ်တိုးရီးယားအမှုက ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက် ရုံးချိန်းပျက်ကွက်
နေပြည်တော်၊ ဒီဇင်ဘာ ၂-၂၀၁၉ သီရိ (VOM) ဒီကနေ့မနက်ပိုင်းက နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်တရားရုံး၊ ဗစ်တိုးရီးယားအမှု(၅) ကြိမ်မြောက်ရုံးချိန်းမှာ အမှုမှာပါဝင်တဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်ကို ရုံးချိန်းချိန်းဆိုခဲ့ပေမယ့် လာရောက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။ “ ကလေး နှစ်ယောက်က စာမေးပွဲရှိနေတဲ့ အချိန်ဖြစ်နေတဲ့အတွက်ကြောင့် ဒီနေ့မလာနိုင်ပါဘူးတဲ့။ အဲ့ဒီတော့ ၆ ရက်နဲ့ ၁၂ ရက် တစ်ရက်ရက်တော့ အဆင်ပြေပါမယ်လို့ ပြောတယ်။ ဒီဖက်က ဒေါ်စုဒါလီအောင်တို့ကလည်း ကိုယ်တိုင်လည်း အမှုလိုက်နေကြတယ် နောက် CMP အရ သွားနေကြတာဖြစ်တော့ ဒီဟာက ပြန်ပြီးတော့ သေချာစိစစ်မှရမယ်ဆိုတော့ ဒေါ်စုဒါလီအောင်က ၆ ရက်၊ ၁၂ ရက် သူမဖြစ်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် ပြန်ပြီးတော့ ညှိကြတဲ့အခါကျတော့ CMP အတိုင်းပဲပေါ့။ ၁၆ ရက်နေ့မှာ ကလေးနှစ်ယောက်စစ်ဖို့ပါ။ စစ်ဖို့ ပြန်ချိန်းလိုက်ပါတယ်”လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ ချိန်းဆိုထားတဲ့ရက်မှာ…
Read More
VOM News
FREE
VIEW