စစ်ကိုင်းက ရှေးဟောင်း အစေခံခံတပ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ် (၆)ဦးကို ဖမ်းဆီး

စစ်ကိုင်း၊ ဒီဇင်ဘာ ၂-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်းမြို့၊ဧမြဝတီရပ်ရှိ ရှေးဟောင်းသမိုင်းဝင် အစေခံခံတပ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ် (၆)ဦးကို ဒီနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။

ရှေးဟောင်းသမိုင်းဝင် အစေခံခံတပ်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတဲ့ သတင်းအရ စစ်ကိုင်းမြို့မရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေ၊ သက်သေတွေနဲ့အတူ အစေခံခံတပ်အတွင်းကို ဝင်ရောက်ရှာဖွေခဲ့ချိန် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

”ကျွန်တော်တို့ သူတို့ကို စစ်ဆေးတုန်း၊ ကွင်းဆက်တွေ ဘာတွေ စစ်ဆေးတုန်းမို့ အမှုဖွင့်လှစ်ဆောင်ရွက်ထားခြင်း မရှိသေးပါဘူး”လို့ စစ်ကိုင်းမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကတော့ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်နေသူတွေဖြစ်တဲ့ ဖြိုးမင်းကျော် (ခ)ဂူးဂူး(၃၀)နှစ်၊ ဟိန်းဇင်ထွန်း(ခ)ဂျိုးဂျိုး(၂၉)နှစ်၊ ဇော်ဝင်းထွန်း (၃၀)နှစ်၊ စစ်ကိုင်းမြို့၊မင်းလမ်းရပ်နေ ချမ်းမြေ့ထွန်း (၃၀)နှစ်၊ စစ်ကိုင်းမြို့၊စိန်ကုန်ရပ်နေ ဇော်ဇော်အောင် (ခ)ချက်ဖောင်း (၂၂)နှစ်၊ စစ်ကိုင်းမြို့၊အိုးဘိုရပ်နေ မိုးမင်းဇော် (၃၁)နှစ်တို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ၆ဦးကို ရှာဖွေစစ်ဆေးရာ ဖြိုးမင်းကျော် (ခ)ဂူးဂူး(၃၀)နှစ်ရဲ့ အနက်ရောင် ဘောင်းဘီအိတ် ဘယ်ဘက်မှာ ထည့်ထားတဲ့ ပင်နီဆလင်တစ်လုံးအတွင်းက ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင်အမှုန့်(ဝဒသမ ၂၅)ဂရမ် တွေ့ရှိခဲ့တဲ့အတွက် သက်သေတွေရှေ့မှာ သိမ်းဆည်ခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မှုးယစ်ဆေးဝါးသုံးစွဲတဲ့ ပုဒ်မနဲ့ အမှုဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့၊ညပိုင်းကလည်း စစ်ကိုင်းမြို့၊အင်းဝတံတားမှာ ကျပ်သိန်း(၃၀၀၀)ကျော် တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်တွေပါ ဖမ်းဆီးရမိခဲ့သေးတာဖြစ်ပါတယ်။

#voiceofmyanmar #စစ်ကိုင်း #မှုးယစ်ဆေး #အစေခံတပ်

Zawgyi

စစ္ကုိင္းက ေရွးေဟာင္း အေစခံခံတပ္အတြင္းမွာ မူးယစ္ေဆးဝါးသုံးစြဲေနတဲ့ လူငယ္ (၆)ဦးကို ဖမ္းဆီး

စစ္ကုိင္း၊ ဒီဇင္ဘာ ၂-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမဳိ႕၊ဧၿမဝတီရပ္ရွိ ေရွးေဟာင္းသမုိင္းဝင္ အေစခံခံတပ္အတြင္းမွာ မူးယစ္ေဆးဝါးသုံးစြဲေနတဲ့ လူငယ္ (၆)ဦးကုိ ဒီေန႔မနက္ပိုင္းက ဖမ္းဆီးရမိခဲ့တယ္လုိ႔ စစ္ကုိင္းၿမဳိ႕မရဲစခန္းက သိရပါတယ္။

ေရွးေဟာင္းသမုိင္းဝင္ အေစခံခံတပ္အတြင္းမွာ မူးယစ္ေဆးဝါးေရာင္းဝယ္သုံးစြဲေနတဲ့ သတင္းအရ စစ္ကုိင္းၿမဳိ႕မရဲစခန္းကရဲတပ္ဖြဲ႕ဝင္ေတြ၊ သက္ေသေတြနဲ႔အတူ အေစခံခံတပ္အတြင္းကို ဝင္ေရာက္ရွာေဖြခဲ့ခ်ိန္ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

”ကြ်န္ေတာ္တုိ႕ သူတုိ႕ကုိ စစ္ေဆးတုန္း၊ ကြင္းဆက္ေတြ ဘာေတြ စစ္ေဆးတုန္းမုိ႔ အမႈဖြင့္လွစ္ေဆာင္ရြက္ထားၿခင္း မရွိေသးပါဘူး”လို႔ စစ္ကုိင္းၿမဳိ႕မရဲစခန္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့သူေတြကေတာ့ စစ္ကုိင္းၿမဳိ႕၊ ရြာေထာင္ရပ္ကြက္ေနသူေတြျဖစ္တဲ့ ၿဖဳိးမင္းေက်ာ္ (ခ)ဂူးဂူး(၃၀)ႏွစ္၊ ဟိန္းဇင္ထြန္း(ခ)ဂ်ဳိးဂ်ဳိး(၂၉)ႏွစ္၊ ေဇာ္ဝင္းထြန္း (၃၀)ႏွစ္၊ စစ္ကုိင္းၿမဳိ႕၊မင္းလမ္းရပ္ေန ခ်မ္းေၿမ႕ထြန္း (၃၀)ႏွစ္၊ စစ္ကုိင္းၿမိဳ႕၊စိန္ကုန္ရပ္ေန ေဇာ္ေဇာ္ေအာင္ (ခ)ခ်က္ေဖာင္း (၂၂)ႏွစ္၊ စစ္ကုိင္းၿမဳိ႕၊အုိးဘုိရပ္ေန မုိးမင္းေဇာ္ (၃၁)ႏွစ္တုိ႔ျဖစ္ပါတယ္။

ဖမ္းဆီးခံရသူ၆ဦးကို ရွာေဖြစစ္ေဆးရာ ၿဖဳိးမင္းေက်ာ္ (ခ)ဂူးဂူး(၃၀)ႏွစ္ရဲ႕ အနက္ေရာင္ ေဘာင္းဘီအိတ္ ဘယ္ဘက္မွာ ထည့္ထားတဲ့ ပင္နီဆလင္တစ္လုံးအတြင္းက ဘိန္းၿဖဴဟု ယူဆရေသာ ၿဖဴ/ဝါေရာင္အမႈန္႕(၀ဒသမ ၂၅)ဂရမ္ ေတြ႕ရွိခဲ့တဲ့အတြက္ သက္ေသေတြေရွ႕မွာ သိမ္းဆည္ခဲ့ပါတယ္။

ၿဖစ္စဥ္နဲ႕ပတ္သက္ၿပီး မႈးယစ္ေဆးဝါးသုံးစြဲတဲ့ ပုဒ္မနဲ႕ အမႈဖြင့္လွစ္သြားမယ္လုိ႕လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၈ ရက္ေန႕၊ညပိုင္းကလည္း စစ္ကုိင္းၿမဳိ႕၊အင္းဝတံတားမွာ က်ပ္သိန္း(၃၀၀၀)ေက်ာ္ တန္းဖုိးရွိတဲ့ မူးယစ္ေဆးဝါးေတြနဲ႔အတူ လက္နက္ေတြပါ ဖမ္းဆီးရမိခဲ့ေသးတာျဖစ္ပါတယ္။

#voiceofmyanmar #စစ္ကိုင္း #မွဳးယစ္ေဆး #အေစခံတပ္

Related posts

Leave a Comment

VOM News

FREE
VIEW