ဂမ္ဘီယာတရားစြဲဆိုမႈနဲ႔ပတ္သက္လို႔ ျမန္မာအစိုးရကို ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ခ်ီးမြမ္း

ခ်င္းမိုင္၊ ဒီဇင္ဘာ ၂ -၂၀၁၉
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း‌ေတြရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အစည္းအ၀ေး (၀၆/ ၂၀၁၉) ကို ဒီကေန႔မနက္ပိုင္းက ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ စတင္က်င္းပေနၿပီး အဲဒီအစည္းအေဝးမွာ PPST ရဲ႕ ယာယီအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က အဖြင့္မိန္႔ခြန္း‌ေျပာၾကားရာမွာ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုတဲ့အေပၚ ေျဖရွင္းမယ့္ အေျခအေနနဲ႔ပတ္သက္ၿပီး ျမန္မာအစိုးရကို ခ်ီးမြမ္းေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံရဲ႕ တရားစြဲဆိုျခင္းအား ရင္ဆိုင္ေျဖရွင္းေရးအတြက္ အစိုးရနဲ႔ တပ္မေတာ္ပူးေပါင္းလုပ္ေဆာင္မယ္ဆိုတာဟာ ဒီကိစၥကို အစိုးရက တာဝန္ယူတယ္၊ တာဝန္ခံတယ္ဆိုတာကို ျပသျခင္းပဲ ျဖစ္ပါတယ္။ တစ္ဖက္က သက္ေသအေထာက္အထား ခိုင္လုံမႈဘယ္ေလာက္အထိ ရွိတယ္ဆိုတာကိုလည္း ထည့္တြက္ဖို႔ လိုအပ္ပါတယ္” လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) ယာယီအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိျဖစ္ေပၚေနတဲ့ ျပည္ေထာင္စုနဲ႔ ကမာၻ႔အေရးအရာကိစၥရပ္ေတြ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္သြားႏိုင္ေရးကိစၥရပ္ေတြကိုလည္း အဲ့ဒီအစည္းအေဝးမွာ ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။

“ၿငိမ္းခ်မ္းေရးဟာ မိမိတို႔ EAOေတြအပါအဝင္ အားလုံးအတြက္ အေရးပါလို႔ မိမိတို႔ဟာ NCA ကို လက္မွတ္ေရးထိုးၿပီး ၿငိမ္း ခ်မ္းတဲ့နည္းလမ္းနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ ဒီလိုႀကိဳးပမ္းေဆာင္႐ြက္ရာမွာ အားလုံးစုစုစည္းစည္းနဲ႔ ေဆာင္႐ြက္မွသာလိုရာပန္းတိုင္ကို ေရာက္ရွိမွာျဖစ္ပါတယ္”လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာပါတယ္။

ျပည္တြင္းစစ္ျဖစ္ပြားရာ တိုင္းရင္းသားေဒသေတြမွာ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေဒသခံတိုင္းရင္းသား ျပည္သူေတြက ႏွစ္ေပါင္းမ်ားစြာ ခါးစည္းခံခဲ့ရတာေတြကို ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ၿပီး ျပည္ေထာင္စုႀကီး ၿငိမ္းခ်မ္းသာယာ ဝေျပာ တိုးတက္ဖြံ႕ၿဖိဳးေအာင္ ေဆာင္႐ြက္တာနဲ႔ ကုစားေပးရမွာ ျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။

NCAျပ႒ာန္းခ်က္နဲ႔အညီ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ကာ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈေတြကို ေဆာင္႐ြက္ႏိုင္မွသာ တိုင္းျပည္ဖြံ႕ၿဖိဳးေရး ေအာက္က်ေနာက္က် ျဖစ္ေနတာေတြ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈ၊ စီးပြားေရးက်ဆင္းမႈ၊ ျပည္တြင္းစစ္ ျဖစ္ေနတာေတြ၊ ျပည္ပကို လူသားအရင္းအျမစ္ယိုစီးမႈ စတာေတြကို ကာကြယ္ႏိုင္မွာျဖစ္ၿပီး ေအးခ်မ္းသာယာတဲ့ ျပည္ေထာင္စုႀကီးဟာလည္း ကမာၻနဲ႔ရင္ေဘာင္တန္းႏိုင္မွာ ျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒီအစည္းအေဝးကို ဒီဇင္ဘာ ၄ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး JICM အစည္းအေဝးက်င္းပႏိုင္ေရး၊ NCA-S EAO တို႔ရဲ႕ စုဖြဲ႕မႈနဲ႔ပတ္သက္တဲ့ လုပ္ငန္းလမ္းၫႊန္ေတြကို ေဆြးေႏြးအတည္ျပဳသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ခ်င္းမိုင္ #ဂမ္ဘီယာတရားစြဲဆိုမွဳ #ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္

Unicode

ဂမ်ဘီယာတရားစွဲဆိုမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရကို ဗိုလ်ချုပ်ကြီးယွက်စစ် ချီးမွမ်း

ချင်းမိုင်၊ ဒီဇင်ဘာ ၂ -၂၀၁၉
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၆/ ၂၀၁၉) ကို ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပြီး အဲဒီအစည်းအဝေးမှာ PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်း‌ပြောကြားရာမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုတဲ့အပေါ် ဖြေရှင်းမယ့် အခြေအနေနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ချီးမွမ်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရေးအတွက် အစိုးရနဲ့ တပ်မတော်ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာဟာ ဒီကိစ္စကို အစိုးရက တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သက်သေအထောက်အထား ခိုင်လုံမှုဘယ်လောက်အထိ ရှိတယ်ဆိုတာကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်” လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်ထောင်စုနဲ့ ကမ္ဘာ့အရေးအရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေးကိစ္စရပ်တွေကိုလည်း အဲ့ဒီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

“ငြိမ်းချမ်းရေးဟာ မိမိတို့ EAOတွေအပါအဝင် အားလုံးအတွက် အရေးပါလို့ မိမိတို့ဟာ NCA ကို လက်မှတ်ရေးထိုးပြီး ငြိမ်း ချမ်းတဲ့နည်းလမ်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ အားလုံးစုစုစည်းစည်းနဲ့ ဆောင်ရွက်မှသာလိုရာပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။

ပြည်တွင်းစစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ လူအခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံတိုင်းရင်းသား ပြည်သူတွေက နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတာတွေကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝပြော တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်တာနဲ့ ကုစားပေးရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

NCAပြဋ္ဌာန်းချက်နဲ့အညီ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ကာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးရေး အောက်ကျနောက်ကျ ဖြစ်နေတာတွေ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ ပြည်တွင်းစစ် ဖြစ်နေတာတွေ၊ ပြည်ပကို လူသားအရင်းအမြစ်ယိုစီးမှု စတာတွေကို ကာကွယ်နိုင်မှာဖြစ်ပြီး အေးချမ်းသာယာတဲ့ ပြည်ထောင်စုကြီးဟာလည်း ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး JICM အစည်းအဝေးကျင်းပနိုင်ရေး၊ NCA-S EAO တို့ရဲ့ စုဖွဲ့မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းလမ်းညွှန်တွေကို ဆွေးနွေးအတည်ပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #ချင်းမိုင် #ဂမ်ဘီယာတရားစွဲဆိုမှု #ဗိုလ်ချုပ်ကြီးယွက်စစ်

Related posts

Leave a Comment

VOM News

FREE
VIEW