သမ္မတရွေးကောက်ပွဲကို ရုရှားဝင်ရောက်စွက်ဖက်လာရင် လက်တုံ့ပြန်မယ်လို့ အမေရိကန်သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၁၉
မျိုးဆက် (VOM)

လာမည့်နှစ်မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်လာမယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလပ်ရော့ဗ်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက သတိပေးပြောဆိုလိုက်ပါတယ်။

မိမိတို့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာနဲ့ပတ်သက်ပြီး လက်ခံနိုင်စရာလုံးဝမရှိဘူးလို့ ဝါရှင်တန်မှာ ဆာဂီလပ်ရော့ဗ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိုက်ပွန်ပီယိုကပြောပါတယ်။

ရုရှား ဒါမှမဟုတ် အခြားနိုင်ငံခြားတိုင်းပြည်တစ်ခုက မိမိတို့ရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ပျက်ပြားစေဖို့ လုပ်ဆောင်ပါက လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ သူကသတိပေးပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာစေဖို့်အတွက် ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလပ်ရော့ဗ်က သတင်းစာရှင်းလင်းပွဲမှာထပ်မံပယ်ချခဲ့ပါတယ်။

အမေရိကန်ရဲ့ ပြည်တွင်းရေးကို မိမိတို့ဝင်ရောက်စွက်ဖက်ကြောင်းစွပ်စွဲထားတဲ့ ထင်မြင်ချက်အားလုံးဟာ အခြေအမြစ်မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အခိုင်မာဆိုပါတယ်။

Ref : CNA Photo : AFP
#voiceofmyanmar #အမေရိကန် #ရုရှား #ရွေးကောက်ပွဲ

Zawgyi

သမၼတေရြးေကာက္ပြဲကို ရုရွား၀င္ေရာက္စြက္ဖက္လာရင္ လက္တံု႕ျပန္မယ္လို႔ အေမရိကန္သတိေပး

၀ါရွင္တန္၊ ဒီဇင္ဘာ-၁၁-၂၀၁၉
မ်ိဳးဆက္ (VOM)

လာမည္႔နွစ္မွာက်င္းပမယ္႔ အေမရိကန္သမၼတေရြးေကာက္ပြဲကို ရုရွားနုိင္ငံက ၀င္ေရာက္စြက္ဖက္လာမယ္ဆိုရင္ လက္တုံ႕ျပန္သြားမယ္လို႔ ရုရွားနုိင္ငံျခားေရး၀န္ၾကီး ဆာဂီလပ္ေရာ႔ဗ္ကို အေမရိကန္နိုင္ငံျခားေရး ၀န္ၾကီး မိုက္ပြန္ပီယိုက သတိေပးေျပာဆိုလိုက္ပါတယ္။

မိမိတို႔ျပည္တြင္းေရးကို ၀င္ေရာက္စြက္ဖက္တာနဲ႔ပတ္သက္ျပီး လက္ခံနိုင္စရာလံုး၀မရိွဘူးလို႔ ၀ါရွင္တန္မွာ ဆာဂီလပ္ေရာ႔ဗ္နဲ႔ ပူးတြဲျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ မိုက္ပြန္ပီယိုကေျပာပါတယ္။

ရုရွား ဒါမွမဟုတ္ အျခားနိုင္ငံျခားတိုင္းျပည္တစ္ခုက မိမိတို႔ရဲ႕ ဒီမိုကေရစီျဖစ္စဥ္ကို ပ်က္ျပားေစဖို႔ လုပ္ေဆာင္ပါက လက္တုံ႕ျပန္သြားမွာျဖစ္တယ္လို႔ သူကသတိေပးေျပာဆိုလိုက္တာပါ။

ျပီးခဲ႔တဲ႔ ၂၀၁၆ ခုနွစ္သမၼတေရြးေကာက္ပြဲမွာ ေဒၚနယ္ထရန္႔ သမၼတျဖစ္လာေစဖို႔္အတြက္ ရုရွားနုိင္ငံက ၾကား၀င္စြက္ဖက္ခဲ႔ေၾကာင္း အေမရိကန္ေထာက္လွမ္းေရးအဖြဲ႔ရဲ႕ ေတြ႔ရိွခ်က္နဲ႔ ပတ္သက္ျပီး ရုရွားနုိင္ငံျခားေရး၀န္ၾကီး ဆာဂီလပ္ေရာ႔ဗ္က သတင္းစာရွင္းလင္းပြဲမွာထပ္မံပယ္ခ်ခဲ႔ပါတယ္။

အေမရိကန္ရဲ႕ ျပည္တြင္းေရးကို မိမိတို႔၀င္ေရာက္စြက္ဖက္ေၾကာင္းစြပ္စြဲထားတဲ႔ ထင္ျမင္ခ်က္အားလံုးဟာ အေျခအျမစ္မရိွဘူးလို႔ သတင္းစာရွင္းလင္းပြဲမွာ ရုရွားနုိင္ငံျခားေရး၀န္ၾကီးက အခိုင္မာဆိုပါတယ္။

Ref : CNA Photo : AFP
#voiceofmyanmar #အေမရိကန္ #ရုရွား #ေရြးေကာက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW