ကျောက်မျက်အခွန် ပြောင်းလဲကောက်ခံရင် နိုင်ငံတော်အတွက် အကျိုးအမြတ်ဖြစ်မယ်

မန္တလေး၊ ဒီဇင်ဘာ ၁၂ ၊ ၂၀၁၉
အောင်ထူးနိုင်(VOM)
Video News

မြန်မာ့ကျောက်မျက်ရတနာအခွန်ကို လျော့ချကောက်ခံရင် နိုင်ငံတော်အတွက် အကျိုးအမြတ်ပိုရနိုင်တယ်လို့ ကျောက်မျက်အသိုင်းအဝိုင်းက လူတွေက ပြောပါတယ်။

လက်ရှိကျောက်မျက်ဥပဒေက အခွန်နှုန်းထားတွေဟာ များနေတဲ့အတွက် အခွန်ရှောင်တဲ့သူတွေရှိတယ်လို့ ထာပွဲကုန်သည်ပွဲစားအဖွဲ့ဝင်နဲ့ မိုးကုတ်ကျောက်မျက်အကြံပြုကော်မတီဝင်ကနေ သိရပါတယ်။

“အကြမ်းထည်နဲ့ အချောထည်မှာ ၁၀ ရာခိုင်နှုန်းသာ ရရင် အခုပြီးခဲ့တဲ့အစိုးရက ကောက်ခဲ့တဲ့ အခွန်ထက် ကျွန်တော်တို့က အဆပေါင်းများစွာ ပိုရမယ်။ ဒါကို ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ သူတို့ မပြုပြင်ဘူး” လို့ ထာပွဲကုန်သည်ပွဲစားအဖွဲ့ဝင်နဲ့ မိုးကုတ်ကျောက်မျက်အကြံပြုကော်မတီဝင် ဦးစိုးမြင့်ကပြောပါတယ်။

လက်ရှိ ကျောက်မျက်ဥပဒေအရ တွင်းဝခွန်၊ ရတနာခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်ဆောင်ရတာတွေ အပြင် အထူးကုန်စည်ခွန်ကိုပါ ပေးဆောင်နေရပြီး အဲ့ဒါတွေကြောင့် အခွန်ရှောင်မှုတွေဖြစ်နေပါတယ်။

“ကျွန်တော်တို့က မှန်မှန်ကန်ကန် လုပ်တယ်။ လုပ်တော့ ရှုံးတယ်။ ရသမျှအကုန်အပ်တယ်။ မှန်မှန်ကန်ကန်လုပ်တဲ့သူက အရှုံးပေါ်မှာပဲ။ အရှုံးမပေါ်ချင်တဲ့သူဆိုရင် အပြည့်အဝအပ်မှာမဟုတ်တော့ဘူး။ ဒါက ဥပဒေကို လျော့မပေးတာပေါ့”လို့ ပတ္တမြားနဂါးကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းဝင်းကပြောပါတယ်။

မြန်မာ့ကျောက်မျက်ရတနာမှာ မူဝါဒ မူကြမ်းထွက်ပေါ်နေပြီး အဲဒီမူကြမ်းကို အတည်ပြု အကောင်အထည်ဖော်နိုင်ရင်တော့ ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ အစိုးရအတွက် အကျိုးရလဒ်တွေ ကောင်းလာနိုင်တယ်လို့ သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ရဲ့ မြန်မာပြည်တာဝန်ခံ ဦးမော်ထွန်းအောင်က သုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်။

#Voiceofmyanmar #VOM #ကျောက်မျက်#မိုးကုတ်#videonews

Zawgyi

ေက်ာက္မ်က္အခြန္ ေျပာင္းလဲေကာက္ခံရင္ ႏိုင္ငံေတာ္အတြက္ အက်ိဳးအျမတ္ျဖစ္မယ္

မႏၲေလး၊ ဒီဇင္ဘာ ၁၂ ၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)
Video News

ျမန္မာ့ေက်ာက္မ်က္ရတနာအခြန္ကို ေလ်ာ့ခ်ေကာက္ခံရင္ ႏိုင္ငံေတာ္အတြက္ အက်ိဳးအျမတ္ပိုရႏိုင္တယ္လို႔ ေက်ာက္မ်က္အသိုင္းအဝိုင္းက လူေတြက ေျပာပါတယ္။

လက္ရွိေက်ာက္မ်က္ဥပေဒက အခြန္ႏႈန္းထားေတြဟာ မ်ားေနတဲ့အတြက္ အခြန္ေရွာင္တဲ့သူေတြရွိတယ္လို႔ ထာပြဲကုန္သည္ပြဲစားအဖြဲ႕ဝင္နဲ႔ မိုးကုတ္ေက်ာက္မ်က္အႀကံျပဳေကာ္မတီဝင္ကေန သိရပါတယ္။

“အၾကမ္းထည္နဲ႔ အေခ်ာထည္မွာ ၁၀ ရာခိုင္ႏႈန္းသာ ရရင္ အခုၿပီးခဲ့တဲ့အစိုးရက ေကာက္ခဲ့တဲ့ အခြန္ထက္ ကြၽန္ေတာ္တို႔က အဆေပါင္းမ်ားစြာ ပိုရမယ္။ ဒါကို ကြၽန္ေတာ္တို႔ အႀကိမ္ႀကိမ္ ေျပာခဲ့တယ္။ သူတို႔ မျပဳျပင္ဘူး” လို႔ ထာပြဲကုန္သည္ပြဲစားအဖြဲ႕ဝင္နဲ႔ မိုးကုတ္ေက်ာက္မ်က္အႀကံျပဳေကာ္မတီဝင္ ဦးစိုးျမင့္ကေျပာပါတယ္။

လက္ရွိ ေက်ာက္မ်က္ဥပေဒအရ တြင္းဝခြန္၊ ရတနာခြန္၊ ကုန္သြယ္လုပ္ငန္းခြန္နဲ႔ ဝင္ေငြခြန္ေဆာင္ရတာေတြ အျပင္ အထူးကုန္စည္ခြန္ကိုပါ ေပးေဆာင္ေနရၿပီး အဲ့ဒါေတြေၾကာင့္ အခြန္ေရွာင္မႈေတြျဖစ္ေနပါတယ္။

“ကြၽန္ေတာ္တို႔က မွန္မွန္ကန္ကန္ လုပ္တယ္။ လုပ္ေတာ့ ရႈံးတယ္။ ရသမွ်အကုန္အပ္တယ္။ မွန္မွန္ကန္ကန္လုပ္တဲ့သူက အရႈံးေပၚမွာပဲ။ အရႈံးမေပၚခ်င္တဲ့သူဆိုရင္ အျပည့္အဝအပ္မွာမဟုတ္ေတာ့ဘူး။ ဒါက ဥပေဒကို ေလ်ာ့မေပးတာေပါ့”လို႔ ပတၱျမားနဂါးေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီရဲ႕ ဒါ႐ိုက္တာ ဦးထြန္းဝင္းကေျပာပါတယ္။

ျမန္မာ့ေက်ာက္မ်က္ရတနာမွာ မူဝါဒ မူၾကမ္းထြက္ေပၚေနၿပီး အဲဒီမူၾကမ္းကို အတည္ျပဳ အေကာင္အထည္ေဖာ္ႏိုင္ရင္ေတာ့ ေက်ာက္မ်က္လုပ္ငန္းရွင္ေတြနဲ႔ အစိုးရအတြက္ အက်ိဳးရလဒ္ေတြ ေကာင္းလာႏိုင္တယ္လို႔ သဘာဝသယံဇာတ အရင္းအျမစ္ စီမံခန႔္ခြဲမႈ အႀကံေပးအဖြဲ႕ရဲ႕ ျမန္မာျပည္တာဝန္ခံ ဦးေမာ္ထြန္းေအာင္က သုံးသပ္ေျပာဆိုထားတာျဖစ္ပါတယ္။

#Voiceofmyanmar #VOM #ေက်ာက္မ်က္#မိုးကုတ္#videonews

Related posts

Leave a Comment

VOM News

FREE
VIEW