ဒီမဏိပူရ်ကသည်း လက်နက်ကိုင် အရေးကို ပြင်းပြင်းထန်ထန်ကိုင်တွယ်စေချင်တယ်လို့ တိုက်တွန်း
ရန်ကုန်၊ဒီဇင်ဘာ ၁၂-၂၀၁၉ စွဲ့ဝတီ(VOM) ဒီမဏိပူရ်ကသည်း လက်နက်ကိုင် အရေးကို တပ်မတော်နဲ့ အစိုးရအနေနဲ့ တိတိကျကျ ပြင်းပြင်းထန်ထန်ကိုင်တွယ်စေချင်တယ်လို့ ဇိုးမီးကျောင်းသား နဲ့ လူငယ်အဖွဲ့အစည်းတွေက တိုက်တွန်းပြောဆိုလိုက်ကြပါတယ်။ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ အော်ခစ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ တရားမဝင် မဏိပူရ်ကသည်း လက်နက်ကိုင်တစ်ဦးရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ၊ တွီးဗျာလ်ဇန်ကျေးရွာ မူလတန်းပြ ဆရာမ လျာဒိမ်လွန်းမန်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်း ပြောခဲ့ကြတာဖြစ်ပါတယ်။ “ဒီဖြစ်စဉ်တွေက အထူးသဖြင့် နိုင်ငံတော်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်ကွပ်ကဲတဲ့ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေထဲဖြစ်ပါတယ်။ အနီးကပ်ကတော့ ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ကွပ်ကဲအောက်မှာရှိပါတယ်။ အုပ်ချုပ်ရေးဘက်မှာတော့ တွန်းဇန်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အုပ်ချုပ်မူ နယ်နိမိတ်ထဲမှာရှိပါတယ်။ ဒါကြောင့် အဓိက အနောက်မြောက်ပိုင်း စစ်ဌာနချုပ်နဲ့ ကလေး မြို့ဒေသကွပ်ကွဲရေး စစ်ဌာနချုပ်ကို မေးခွန်းများစွာရှိတယ်။ အုပ်ချုပ်ရေးအနေနဲ့…
Read More
မနေ့ကတစ်ရက်တည်း ရခိုင်ပြည်နဲ့က မြို့နယ်လေးခုမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့
မင်းပြား၊ ဒီဇင်ဘာ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်လေးမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် မနေ့ကတစ်ရက်တည်းမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ မနေ့က မနက်ပိုင်း ၆ နာရီလောက်ကပြီးတော့ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး မင်းပြားမြို့နယ်အတွင်းမှာတော့ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က မင်းပြားမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည်တစ်လုံးဟာ ကုလားမတောင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျေးရွာအတွင်းကနေအိမ်ခြံံဝင်းတစ်ခုအတွင်းမှာ ပေါက်ကွဲခဲ့ပြီး လူ ၅ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။ “တိုက်ပွဲဖြစ်တာက ကျွန်တော်တို့ရွာနဲ့ ဝေးတယ်။ အဲ့ဒီမှာ မင်းပြားဘက်ကနေပြီးတော့ လက်နက်ကြီးနဲ့လှန်းပစ်တယ်။ ရွာထဲကိုတစ်လုံးကျတယ်။ ရွာအနီးအနားတွေမှာလည်းကျတယ်။ အိမ်ခြံဝင်းအတွင်းမှာကျကွဲလို့ လူ ၅ ဦးဒဏ်ရာရခဲ့တယ်။”လို့ ကုလားမတောင်ရွာသားတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး…
Read More
ကျောက်မျက်အခွန် ပြောင်းလဲကောက်ခံရင် နိုင်ငံတော်အတွက် အကျိုးအမြတ်ဖြစ်မယ်
မန္တလေး၊ ဒီဇင်ဘာ ၁၂ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News မြန်မာ့ကျောက်မျက်ရတနာအခွန်ကို လျော့ချကောက်ခံရင် နိုင်ငံတော်အတွက် အကျိုးအမြတ်ပိုရနိုင်တယ်လို့ ကျောက်မျက်အသိုင်းအဝိုင်းက လူတွေက ပြောပါတယ်။ လက်ရှိကျောက်မျက်ဥပဒေက အခွန်နှုန်းထားတွေဟာ များနေတဲ့အတွက် အခွန်ရှောင်တဲ့သူတွေရှိတယ်လို့ ထာပွဲကုန်သည်ပွဲစားအဖွဲ့ဝင်နဲ့ မိုးကုတ်ကျောက်မျက်အကြံပြုကော်မတီဝင်ကနေ သိရပါတယ်။ “အကြမ်းထည်နဲ့ အချောထည်မှာ ၁၀ ရာခိုင်နှုန်းသာ ရရင် အခုပြီးခဲ့တဲ့အစိုးရက ကောက်ခဲ့တဲ့ အခွန်ထက် ကျွန်တော်တို့က အဆပေါင်းများစွာ ပိုရမယ်။ ဒါကို ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ သူတို့ မပြုပြင်ဘူး” လို့ ထာပွဲကုန်သည်ပွဲစားအဖွဲ့ဝင်နဲ့ မိုးကုတ်ကျောက်မျက်အကြံပြုကော်မတီဝင် ဦးစိုးမြင့်ကပြောပါတယ်။ လက်ရှိ ကျောက်မျက်ဥပဒေအရ တွင်းဝခွန်၊ ရတနာခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ ဝင်ငွေခွန်ဆောင်ရတာတွေ အပြင် အထူးကုန်စည်ခွန်ကိုပါ ပေးဆောင်နေရပြီး အဲ့ဒါတွေကြောင့် အခွန်ရှောင်မှုတွေဖြစ်နေပါတယ်။ “ကျွန်တော်တို့က မှန်မှန်ကန်ကန် လုပ်တယ်။ လုပ်တော့ ရှုံးတယ်။ ရသမျှအကုန်အပ်တယ်။…
Read More
ပစ်ခတ်မှုဖြစ်လို့ မင်းပြားမြို့နယ် စိတ္တရရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး
ပစ်ခတ်မှုဖြစ်လို့ မင်းပြားမြို့နယ် စိတ္တရရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး မင်းပြား၊ ဒီဇင်ဘာ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက စိတ္တရကျေးရွာမှာ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ည ၁၁ နာရီခွဲလောက်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူဝင်းတို့ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ မနေ့ကည ၁၁ နာရီလောက်မှာ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့နေအိမ်ကိုဝင်လာကာ အုပ်ချုပ်ရေးမှူးကိုခေါ်ကြောင်း အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှူးက အိမ်နောက်ဘက်မှာ ဖုန်းပြောနေရာကနေ ထူးတဲ့အချိန်မှာ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ကျေးရွာသားကပြောပါတယ်။ “မနေ့ညက ၁၁ နာရီခွဲ လောက်မှာ စစ်ကြောင်းကဝင်လာတယ်။ အုပ်ချုပ်ရေးမှူးအိမ်ကိုရှာပြီးသွားတယ်။ အုပ်ချုပ်ရေးမှူးဖုန်းပြောနေတဲ့အချိန်မှာ ရမ်းသန်းပြီးပစ်ခတ်တယ်။ လူတွေကိုလည်းဖမ်းသွားတယ်။ အမျိုးသမီးတစ်ဦးလည်း သေတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ခလရ ၃၇၉ ကစစ်ကြောင်းဖြစ်ပြီး ကျေးရွာအတွင်းက ရွာသား ၇ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့…
Read More
ပရိဘောဂတွေ အဝတ်လျှော်စက်တွေထဲပုန်းပြီး အမေရိကန်ကိုဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားတွေ အဖမ်းခံရ
ပရိဘောဂတွေ အဝတ်လျှော်စက်တွေထဲပုန်းပြီး အမေရိကန်ကိုဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသားတွေ အဖမ်းခံရ ဆန်ဒီယာဂို၊ ဒီဇင်ဘာ-၁၂-၂၀၁၉ မျိုးဆက် (VOM) ပရိဘောဂပစ္စည်းတွေ၊ အဝတ်လျှော်စက်တွေထဲမှာ ပုန်းအောင်းလိုက်ပါလာတဲ့ လူ ၁၁ ဦးကို အမေရိကန်နိုင်ငံထဲ တရားမဝင်ခိုးသွင်းတဲ့ဖြစ်စဉ်တစ်ခုကို အမေရိကန်နယ်စပ်တာဝန်ရှိသူတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံကနေ ဆိုက်ရောက်လာတဲ့ ကုန်တင်ကားတစ်စီးထဲမှာ ပုန်းအောင်လိုက်ပါလာတဲ့ အဲဒီလူတွေအားလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီတရုတ်နိုင်ငံသားတွေကို ဆန်ဒီယာဂိုမြို့မှာရှိတဲ့ ဆန်စီဒရိုနယ်စပ်ဖြတ်ကျော်ဂိတ်မှာ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ဒီဇင်ဘာ ၇ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာတော့ အဝတ်လျှော်စက်နဲ့ ပရိဘောဂတွေထဲကနေ တရုတ်နိုင်ငံသားအချို့ကို တွေ့ရှိခဲ့ပြီး သူတို့ကို ကယ်ထုတ်ပေးခဲ့ပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဒါဏ်ရာမရဖူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ အသက် ၄၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား ကုန်တင်ကားမောင်းသူကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လူမှုဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုတွေနဲ့တရားစွဲခံရမယ့် တရုတ်နိုင်ငံသား ၁၁ ဦးကိုတော့…
Read More
ဘူးသီးတောင် NLD ဥက္ကဌ ဦးရဲသိန်း ပျောက်နေ
ဘူးသီးတောင် NLD ဥက္ကဌ ဦးရဲသိန်း ပျောက်နေ ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဦးရဲသိန်းမှာ ပျောက်ဆုံးလျက်ရှိနေပြီး စုံစမ်း၍မရဖြစ်နေကြောင်း သတင်းရရှိပါတယ်။ ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၁၁ နာရီလောက်မှာ သူနေထိုင်တဲ့အိမ်ကနေ ထွက်သွားခဲ့ပြီး အဲ့ဒီအချိန်ကနေ ပြန်လည်မရောက်လာဘဲ ဘယ်နေရာကိုရောက်ရှိနေတယ်ဆိုတာ မသိရသေးဘူးလို့ စစ်တွေခရိုင်ဥက္ကဌ ဦးသင်္ခါကျော်က အတည်ပြုပြောပါတယ်။ “ဟုတ်ပါတယ်။ ဦးရဲသိန်းက မနေ့ကည ၁၁ နာရီလောက်မှာ အပြင်ထွက်သွားတာ ပြန်မရောက်ဘူး။ အခုထိအဆက် အသွယ်မရဘဲဖြစ်နေပါတယ်။ ဘယ်သွားလဲ၊ ဘယ်ကိုရောက်နေလဲမသိရဘူး။ အဲ့ဒီကလူတွေကိုတော့ စုံစမ်းခိုင်းထားပါတယ်။”လို့ ဦသင်္ခါကျော်က ပြောပါတယ်။ ဦးရဲသိန်းဟာ မိသားစုဆွေမျိုးတွေနဲ့ နေထိုင်သူမဟုတ်ဘဲ တစ်ဦးနေထိုင်နေခြင်းဖြစ်ကာ သူပျောက်ဆုံးနေတယ်ဆိုတာ သတင်းကြားနေရကြောင်း ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောပါတယ်။ ကောလဟလသတင်းတွေအရတော့ ဦးရဲသိန်းကို အေအေအဖွဲ့က…
Read More
တိုင်းမ်မဂ္ဂဇင်း၏ 2019 Person of the Yearအဖြစ် ၁၆ နှစ်အရွယ်ဆွီဒင်ကျောင်းသူ ရွေးချယ်ခံရ
တိုင်းမ်မဂ္ဂဇင်း၏ 2019 Person of the Yearအဖြစ် ၁၆ နှစ်အရွယ်ဆွီဒင်ကျောင်းသူ ရွေးချယ်ခံရ နယူးယောက်၊ ဒီဇင်ဘာ-၁၂-၂၀၁၉ မျိုးဆက် (VOM) 2019 Person of the Year အဖြစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကိုလှုံ့ဆော်ခဲ့တဲ့ ဆွီဒင်နိုင်ငံသူ ဂရီတာသွန်းဘာ့ဂ်ကို ကမ္ဘာကျော်တိုင်းမ်းမဂ္ဂဇင်းက ဒီဇင်ဘာ ၁၁ ရက်တွင်ရွေးချယ်လိုက်သည်။ အသက် ၁၆ နှစ်အရွယ် ဂရီတာသွန်းဘာ့ဂ်သည် ၁၉၂၇ ခုနှစ်မှစ၍ တိုင်းမ်းမဂ္ဂဇင်းက နှစ်စဉ်နှစ်တိုင်း အစဉ်အလာအအတိုင် ရွေးချယ်သည့် Person of the Year တွင် အသက်အငယ်ဆုံးဖြစ်သည်။ သူမဟာ Person of the Year အဖြစ်ကြေညာခြင်းမခံရမီ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို…
Read More
ကန်ကြီးထောင့်မြို့ ဟွာမှုန် အထည်ချုပ် စက်ရုံကဆန္ဒပြလုပ်သားတွေ တောင်းဆိုချက်မရသေးလို့ အင်အားထပ်တိုး
ကန်ကြီးထောင့်မြို့ ဟွာမှုန် အထည်ချုပ် စက်ရုံကဆန္ဒပြလုပ်သားတွေ တောင်းဆိုချက်မရသေးလို့ အင်အားထပ်တိုး ပုသိမ်၊ ဒီဇင်ဘာ ၁၂-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့ က တရုတ်နိုင်ငံသားပိုင် ဟွာမှုန်အထည်ချုပ် စက်ရုံမှာ ဒီဇင်ဘာ ၉ရက်နေ့က အင်အား ၂၀၀ ကျော်နဲ့ စတင်ခဲ့တဲ့ အလုပ်သမားသပိတ်ဟာ ဒီနေ့ ၃ရက်မြောက်နေ့မှာတော့ အင်အား ၆၀၀ ကျော်ဖြစ်လာပါတယ်။ “ပထမနေ့ထက်အင်အားက၂ဆကျော်ဖြစ်လာပြီ သပိတ်စခန်းဖွင့်ထားတော့ မြို့မိမြို့ဖတွေကလည်း စောင့်ရှောက်ပေးကြပါတယ်“တောင်းဆိုချက်တွေ သဘောတူညီမှု မရမခြင်း သပိတ် ဆက် မှောက် သွားမှာ ဖြစ်တယ်” ဟု အလုပ်သမားခေါင်းဆောင် မမေသန္တာကျော်ကပြောပါတယ်။ တိုင်းခုံသမိ အဖွဲ့၏ အငြင်းပွားမှု အမှတ်(၅/၂၀၁၉) ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိတာကြောင့် စက်ရုံ အလုပ်သမားတွေက စက်ရုံဝန်းအတွင်း ထမင်းစားဆောင်မှာစတင်သပိတ်မှောက်ခဲ့ကြပါတယ်။ နောက်ရက်တွေမှာတော့ စက်ရုံက သပိတ်မှောက်သူတွေကို စက်ရုံတွင်းပေးမဝင်တာကြောင့် စက်ရုံရှေ့မှာသပိတ်စခန်းဖွင့်ပီး ဆက်လက် တောင်းဆိုမူတွေပြုလုပ်နေတာပါ။…
Read More
ခိုးဝင်မွတ်စလင်တွေကို နိုင်ငံသားမပေးတဲ့ ဥပဒေကြမ်း အိန္ဒိယပါလီမန်အတည်ပြု
ခိုးဝင်မွတ်စလင်တွေကို နိုင်ငံသားမပေးတဲ့ ဥပဒေကြမ်း အိန္ဒိယပါလီမန်အတည်ပြု ဒေလီ၊ ဒီဇင်ဘာ-၁၂-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယပါလီမန်ဟာ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နဲ့ ပါကစ္စတန်နိုင်ငံတို့မှ တရားမဝင်ဝင်ရောက်လာတဲ့ မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ကန့်သတ်ထားတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။ အောက်လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ အဲဒီဥပဒေကြမ်းကို အထက်လွှတ်တော်က ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၁၀၅ မဲနဲ့အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေအတည်ပြုလိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယအရှေ့ မြောက်ပိုင်းပြည်နယ်တွေမှာ ဥပဒေကြမ်းအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဆန္ဒပြမှုတွေကြောင့် အိန္ဒိယတပ်ဖွဲ့ဝင်တွေကို ထရီပူရာမှာ ဖြန့်ကြက်ချထားပြီး အာသံပြည်နယ်မြို့တော် ဂူဝါဟာတီမြို့မှာတော့ ဆန္ဒပြသတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပါတယ်။ ဥပဒေကြမ်းဟာ ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုပါတယ်။ ဒါပေမယ့် အာဏာရ ဟိန္ဒိူအမျိုးသားရေးပါတီကမူ ဒီဥပဒေဟာ ဘာသာရေးဖိနှိပ်မှုကြောင့် ထွက်ပြေးလာသူတွေကို အကာအကွယ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ နိုင်ငံသားဖြစ်မှု…
Read More
အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌနဲ့ ခဏတာ
Read More
VOM News
FREE
VIEW