ပစ်ခတ်မှုဖြစ်လို့ မင်းပြားမြို့နယ် စိတ္တရရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး

ပစ်ခတ်မှုဖြစ်လို့ မင်းပြားမြို့နယ် စိတ္တရရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ဦးသေဆုံး

မင်းပြား၊ ဒီဇင်ဘာ ၁၂-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက စိတ္တရကျေးရွာမှာ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ည ၁၁ နာရီခွဲလောက်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူဝင်းတို့ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

မနေ့ကည ၁၁ နာရီလောက်မှာ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့နေအိမ်ကိုဝင်လာကာ အုပ်ချုပ်ရေးမှူးကိုခေါ်ကြောင်း အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှူးက အိမ်နောက်ဘက်မှာ ဖုန်းပြောနေရာကနေ ထူးတဲ့အချိန်မှာ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ကျေးရွာသားကပြောပါတယ်။

“မနေ့ညက ၁၁ နာရီခွဲ လောက်မှာ စစ်ကြောင်းကဝင်လာတယ်။ အုပ်ချုပ်ရေးမှူးအိမ်ကိုရှာပြီးသွားတယ်။ အုပ်ချုပ်ရေးမှူးဖုန်းပြောနေတဲ့အချိန်မှာ ရမ်းသန်းပြီးပစ်ခတ်တယ်။ လူတွေကိုလည်းဖမ်းသွားတယ်။ အမျိုးသမီးတစ်ဦးလည်း သေတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ခလရ ၃၇၉ ကစစ်ကြောင်းဖြစ်ပြီး ကျေးရွာအတွင်းက ရွာသား ၇ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ အဲ့ဒီကျေးရွာသားကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

“အုပ်ချုပ်ရေးမှူးက အဲ့ဒီမှာသေဆုံးသွားတယ်။ ဒါပေမယ့် သူ့မှာ ကျည်ထိတဲ့ဒဏ်ရာမရှိဘူး။ သေနတ်ပေါင်နဲ့ ထုရိုက်သွားခဲ့ကြတာပါ။ ဦးခေါင်းမှာဒဏ်ရာတွေရှိတယ်။ နားရွက်နှစ်ဖက်စလုံးမှာ ဒဏ်ရာတွေနဲ့သေဆုံးသွားတာပါ။”လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

အဲ့ဒီသေဆုံးသူတွေရဲ့အလောင်းတွေကို မင်းပြားမြို့ဆေးရုံကြီးကိုပို့ဆောင်ပေးရမှာဖြစ်ပေမယ့် သွားလာရေးအဆင်မပြေတာကြောင့် ပို့ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆွေမျိုးတွေကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း အဲ့ဒီစိတ္တရကျေးရွာနဲ့ အနီးဝန်းကျင်နေရာတစ်ခုမှာ ပစ်ခတ်သံတွေကိုကြားနေရပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

#voiceofmyanmar #VOM #မင်းပြား #အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

Zawgyi

ပစ္ခတ္မႈျဖစ္လို႔ မင္းျပားၿမိဳ႕နယ္ စိတၱရရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔ အမ်ိဳးသမီးတစ္ဦးေသဆံုး

မင္းျပား၊ ဒီဇင္ဘာ ၁၂-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ မင္းျပားၿမိိဳ႕နယ္အတြင္းက စိတၱရေက်းရြာမွာ ၿပီးခဲ့တဲ့ ၁၁ ရက္ေန႔ည ၁၁ နာရီခြဲေလာက္မွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးဥာဏ္သိန္းနဲ႔ ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ေဒၚျဖဴျဖဴဝင္းတုိ႔ ေသဆံုးသြားခဲ့တယ္လို႔ ေက်းရြာသားတစ္ဦးကေျပာပါတယ္။

မေန႔ကည ၁၁ နာရီေလာက္မွာ စိတၱရေက်းရြာကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုဝင္ေရာက္လာၿပီး အုပ္ခ်ဳပ္ေရးမွဴး ဦးဥာဏ္သိန္းရဲ႕ေနအိမ္ကိုဝင္လာကာ အုပ္ခ်ဳပ္ေရးမွဴးကိုေခၚေၾကာင္း အဲ့ဒီအခ်ိန္မွာ အုပ္ခ်ဳပ္ေရးမွဴးက အိမ္ေနာက္ဘက္မွာ ဖုန္းေျပာေနရာကေန ထူးတဲ့အခ်ိန္မွာ ပစ္ခတ္လိုက္တာျဖစ္တယ္လို႔ ေက်းရြာသားကေျပာပါတယ္။

“မေန႔ညက ၁၁ နာရီခြဲ ေလာက္မွာ စစ္ေၾကာင္းကဝင္လာတယ္။ အုပ္ခ်ဳပ္ေရးမွဴးအိမ္ကိုရွာၿပီးသြားတယ္။ အုပ္ခ်ဳပ္ေရးမွဴးဖုန္းေျပာေနတဲ့အခ်ိန္မွာ ရမ္းသန္းၿပီးပစ္ခတ္တယ္။ လူေတြကိုလည္းဖမ္းသြားတယ္။ အမ်ိဳးသမီးတစ္ဦးလည္း ေသတယ္။”လို႔ ေက်းရြာသားတစ္ဦးကေျပာပါတယ္။

အဲ့ဒီစစ္ေၾကာင္းဟာ ခလရ ၃၇၉ ကစစ္ေၾကာင္းျဖစ္ၿပီး ေက်းရြာအတြင္းက ရြာသား ၇ ဦးကိုလည္း ဖမ္းဆီးသြားခဲ့တယ္လို႔ အဲ့ဒီေက်းရြာသားကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိေသးပါဘူး။

“အုပ္ခ်ဳပ္ေရးမွဴးက အဲ့ဒီမွာေသဆံုးသြားတယ္။ ဒါေပမယ့္ သူ႔မွာ က်ည္ထိတဲ့ဒဏ္ရာမရွိဘူး။ ေသနတ္ေပါင္နဲ႔ ထုရိုက္သြားခဲ့ၾကတာပါ။ ဦးေခါင္းမွာဒဏ္ရာေတြရွိတယ္။ နားရြက္ႏွစ္ဖက္စလံုးမွာ ဒဏ္ရာေတြနဲ႔ေသဆံုးသြားတာပါ။”လို႔ မိသားစုဝင္တစ္ဦးကေျပာပါတယ္။

အဲ့ဒီေသဆံုးသူေတြရဲ႕အေလာင္းေတြကို မင္းျပားၿမိဳ႕ေဆးရံုႀကီးကိုပို႔ေဆာင္ေပးရမွာျဖစ္ေပမယ့္ သြားလာေရးအဆင္မေျပတာေၾကာင့္ ပို႔ေဆာင္ဖုိ႔ အခက္အခဲရွိေနတယ္လို႔ ေဆြမ်ိဳးေတြကေျပာပါတယ္။

ဒီကေန႔မနက္ပိုင္းမွာလည္း အဲ့ဒီစိတၱရေက်းရြာနဲ႔ အနီးဝန္းက်င္ေနရာတစ္ခုမွာ ပစ္ခတ္သံေတြကိုၾကားေနရၿပီး လက္နက္ႀကီးပစ္ခတ္မႈေတြလည္းရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

#voiceofmyanmar #VOM #မင္းျပား #အုုပ္ခ်ဳပ္ေရးမွဴးပစ္ခတ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW