မနေ့ကတစ်ရက်တည်း ရခိုင်ပြည်နဲ့က မြို့နယ်လေးခုမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့

မင်းပြား၊ ဒီဇင်ဘာ ၁၂-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်လေးမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် မနေ့ကတစ်ရက်တည်းမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။

မနေ့က မနက်ပိုင်း ၆ နာရီလောက်ကပြီးတော့ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး မင်းပြားမြို့နယ်အတွင်းမှာတော့ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က မင်းပြားမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည်တစ်လုံးဟာ ကုလားမတောင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျေးရွာအတွင်းကနေအိမ်ခြံံဝင်းတစ်ခုအတွင်းမှာ ပေါက်ကွဲခဲ့ပြီး လူ ၅ ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ကျွန်တော်တို့ရွာနဲ့ ဝေးတယ်။ အဲ့ဒီမှာ မင်းပြားဘက်ကနေပြီးတော့ လက်နက်ကြီးနဲ့လှန်းပစ်တယ်။ ရွာထဲကိုတစ်လုံးကျတယ်။ ရွာအနီးအနားတွေမှာလည်းကျတယ်။ အိမ်ခြံဝင်းအတွင်းမှာကျကွဲလို့ လူ ၅ ဦးဒဏ်ရာရခဲ့တယ်။”လို့ ကုလားမတောင်ရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မင်းပြားမြို့နယ် ဖုန်သာချောင်းအတွင်းမှာရှိတဲ့ တပ်မတော်တပ်စခန်းတစ်ချို့ကို အေအေဘက်ကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် တိုက်ပွဲတွေပြင်းထန်ခဲ့သလို တပ်မတော်ဘက်ကလည်း ရဟတ်ယာဉ်နှစ်စီး၊ ဂျက်လေယာဉ်တစ်စီးနဲ့ နေ့လည်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကမနက်ပိုင်း ၆ နာရီလောက်မှာ ဖားပြိုရွာအရှေ့ဘက်၊ တောင်ကုန်းပေါ်က တပ်မတော်စခန်းတစ်ကို အေအေဘက်နေ စစ်ရေးလိုအပ်ချက်အရ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်။ ပြီးတော့ မင်းပုန်းတောင်တန်းပေါ်က တပ်စခန်းကိုလည်း တိုက်ခိုက်ခဲ့တယ်။ မြေပုံမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ မင်းပြားမှာတော့ ရဟတ်ယာဉ်နှစ်စီး၊ ဂျက်လေယာဉ်တစ်စီးနဲ့ မနက် ၈ နာရီလောက်ကနေ နေ့လည်ပိုင်းအထိ လာရောက်ပစ်ခတ်ခဲ့တယ်။”လို့ ရခိုင်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

မနေ့က နေ့လည်ပိုင်းအထိ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လာရောက်ပြီး ကုလားမတောင်ကျေးရွာအပေါ်ကနေ ပစ်ခတ်မှုတွေပြုလုပ်ခဲ့သလို လက်နက်ကြီးတွေကလည်း ညနေပိုင်းအထိ ပစ်ခတ်မှုတွေရှိနေခဲ့တာကြောင့် ထပ်မံပြီးတော့ ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားမှာကိုစိုးရိမ်ပြီးတော့ အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာသားတွေဟာ ကြောက်ရွံ့ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး နေရပ်စွန့်ခွာသူ အရေအတွက်ဟာ ၉ သောင်းကျော်အထိရှိလာကာ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း မြင့်မားလာနေတာ ဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင် #တိုက်ပွဲ #ဆက်တိုက်ဖြစ်

Zawgyi

မေန႔ကတစ္ရက္တည္း ရခိုင္ျပည္နဲ႔က ၿမိဳ႕နယ္ေလးခုမွာ တုိက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့

မင္းျပား၊ ဒီဇင္ဘာ ၁၂-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိ္င္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ေလးၿမိဳ႕နယ္မွာ ဒီဇင္ဘာ ၁၁ ရက္ မေန႔ကတစ္ရက္တည္းမွာ တပ္မေတာ္နဲ႔ ေအေအတုိ႔အၾကား တုိက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့ၾကတာ ျဖစ္ပါတယ္။

မေန႔က မနက္ပိုင္း ၆ နာရီေလာက္ကၿပီးေတာ့ မင္းျပားၿမိဳ႕နယ္၊ ေျမပံုၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ ပုဏၰားကၽြန္းၿမိဳ႕နယ္ေတြမွာ ျဖစ္ပြားခဲ့ၾကတာျဖစ္ၿပီး မင္းျပားၿမိဳ႕နယ္အတြင္းမွာေတာ့ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၾကတာျဖစ္ပါတယ္။

မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတားအနီးမွာ တိုက္ပြဲစတင္ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဘက္က မင္းျပားၿမိဳ႕ကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ လက္နက္ႀကီးက်ည္တစ္လံုးဟာ ကုလားမေတာင္ေက်းရြာကို က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ ေက်းရြာအတြင္းကေနအိမ္ၿခံံဝင္းတစ္ခုအတြင္းမွာ ေပါက္ကြဲခဲ့ၿပီး လူ ၅ ဦးထိခိုက္ဒဏ္ရာေတြရရွိခဲ့ၾကတာျဖစ္တယ္လုိ႔ ရြာသားေတြကေျပာပါတယ္။

“တိုက္ပြဲျဖစ္တာက ကၽြန္ေတာ္တုိ႔ရြာနဲ႔ ေဝးတယ္။ အဲ့ဒီမွာ မင္းျပားဘက္ကေနၿပီးေတာ့ လက္နက္ႀကီးနဲ႔လွန္းပစ္တယ္။ ရြာထဲကိုတစ္လံုးက်တယ္။ ရြာအနီးအနားေတြမွာလည္းက်တယ္။ အိမ္ၿခံဝင္းအတြင္းမွာက်ကြဲလို႔ လူ ၅ ဦးဒဏ္ရာရခဲ့တယ္။”လို႔ ကုလားမေတာင္ရြာသားတစ္ဦးက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားမႈနဲ႔ပတ္သက္လို႔ အေနာက္ပို္င္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းဦးစီး ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

မင္းျပားၿမိဳ႕နယ္ ဖုန္သာေခ်ာင္းအတြင္းမွာရွိတဲ့ တပ္မေတာ္တပ္စခန္းတစ္ခ်ိဳ႕ကို ေအေအဘက္ကေနၿပီးေတာ့ ဝင္ေရာက္တုိက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ တိုက္ပြဲေတြျပင္းထန္ခဲ့သလို တပ္မေတာ္ဘက္ကလည္း ရဟတ္ယာဥ္ႏွစ္စီး၊ ဂ်က္ေလယာဥ္တစ္စီးနဲ႔ ေန႔လည္ပိုင္းမွာ တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

“မေန႔ကမနက္ပိုင္း ၆ နာရီေလာက္မွာ ဖားၿပိဳရြာအေရွ႕ဘက္၊ ေတာင္ကုန္းေပၚက တပ္မေတာ္စခန္းတစ္ကို ေအေအဘက္ေန စစ္ေရးလိုအပ္ခ်က္အရ ဝင္ေရာက္စီးနင္းတုိက္ခိုက္ခဲ့တယ္။ ၿပီးေတာ့ မင္းပုန္းေတာင္တန္းေပၚက တပ္စခန္းကိုလည္း တိုက္ခိုက္ခဲ့တယ္။ ေျမပံုၿမိဳ႕နယ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာလည္း တုိက္ပြဲေတြျဖစ္ပြားခဲ့တယ္။ မင္းျပားမွာေတာ့ ရဟတ္ယာဥ္ႏွစ္စီး၊ ဂ်က္ေလယာဥ္တစ္စီးနဲ႔ မနက္ ၈ နာရီေလာက္ကေန ေန႔လည္ပိုင္းအထိ လာေရာက္ပစ္ခတ္ခဲ့တယ္။”လို႔ ရခိုင္တပ္မေတာ္ရဲ႕ ေျပာေရးဆိုခြင့္ရိွသူ ခိုင္သုခက ေျပာပါတယ္။

မေန႔က ေန႔လည္ပိုင္းအထိ ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ လာေရာက္ၿပီး ကုလားမေတာင္ေက်းရြာအေပၚကေန ပစ္ခတ္မႈေတြျပဳလုပ္ခဲ့သလို လက္နက္ႀကီးေတြကလည္း ညေနပိုင္းအထိ ပစ္ခတ္မႈေတြရွိေနခဲ့တာေၾကာင့္ ထပ္မံၿပီးေတာ့ က်ေရာက္ေပါက္ကြဲမႈေတြ ျဖစ္ပြားမွာကိုစိုးရိမ္ၿပီးေတာ့ အနီးဝန္းက်င္မွာရွိတဲ့ေက်းရြာသားေတြဟာ ေၾကာက္ရြံ႔ထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ရခုိင္ျပည္နယ္အတြင္းမွာျဖစ္ပြားေနတဲ့ တုိက္ပြဲဟာ တစ္ႏွစ္ခန္႔ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ေနရပ္စြန္႔ခြာသူ အေရအတြက္ဟာ ၉ ေသာင္းေက်ာ္အထိရွိလာကာ အရပ္သားထိခိုက္ေသဆံုးမႈေတြလည္း ျမင့္မားလာေနတာ ျဖစ္ပါတယ္။

#voiceofmyanmar #ရခိုင္ #တိုက္ပြဲ #ဆက္တိုက္ျဖစ္

Related posts

Leave a Comment

VOM News

FREE
VIEW