ဘဏ်အများစုကအသေးစား၊ အလတ်စား လုပ်ငန်းတွေကို ယုံကြည်မှုအားနည်းနေ ရန်ကုန် ၊ ဒီဇင်ဘာ ၁၅-၂၀၁၉ သူရိန် ( VOM ) ပြည်တွင်းကအသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် လိုအပ်သည့်ချေးငွေထုတ်ရာမှာ အများစုကချေးငွေမရဘဲ ဘဏ်ရဲ့ယုံကြည်မှုအားနည်းနေတယ်လို့စက်မှုကြီးကြပ်ရေးနဲ့စစ်ဆေးရေးဦးစီးဌာန၊ SME DevelopmentDepartment ညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။ “ SME ဆိုကတည်းက မိုက်ခရိုတွေ၊ Small လေးတွေဆိုကတည်းက အဖက်ဖက်ကနေ အားနည်းတာပေါ့။ သူတို့သည် စီမံခန့်ခွဲမှုအားနည်းတယ်။ ရင်းနှီးမြှုပ်နှံမှုအားနည်းတယ်။ နည်းပညာအားနည်းတယ်။ အဲဒါတွေမှာမှ SME ကဏ္ဍတော်တော်များများက ငွေကြေးကဏ္ဍကို ပိုအရေးကြီးတယ်ထင်တာပေါ့။ ငွေကြေးကဏ္ဍအတွက်ကိုက ဘဏ်တွေက ကိုလက်ထရယ်တောင်းတာတွေရှိတယ်။ ကိုလက်ထရယ်ပိုင်းမှာ မပြနိုင်တဲ့ SMEတွေမှာ အခက်အခဲရှိတယ်။ ဘဏ်နဲ့ဆက်စပ်နေတဲ့ SME လုပ်ငန်းတွေမှာပေါ့ ဘဏ်တိုင်းကလည်း Micro လုပ်ငန်းတွေ၊ Small လေးတွေပေါ်မှာ ယုံကြည်မှုအားနည်းတယ်။ ဒီဘက်ကလည်း ဘဏ်ဘက်ကတောင်းတဲ့ အချက်အလက်တွေကို မပေးနိုင်တာတွေရှိတယ်”လို့ညွှန်ကြားရေးမှူးချုပ်…
Read MoreDay: December 15, 2019
နီပေါမှာ ဘုရားဖူးဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦးသေဆုံး
Unicode နီပေါမှာ ဘုရားဖူးဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦးသေဆုံး ခတ္တမန္ဒူ ၊ ဒီဇင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) နီပေါနိုင်ငံ ဆင်ဒူပူချော့ခရိုင်မှာ ဒီဇင်ဘာ ၁၅ ရက်ကဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၁၄ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ မတော်တဆမှုဟာ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီ ဒိုလာခါခါဒီချော-ဂျီရီလမ်းပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်ကာ မီတာ ၅၀၀ အနက်ရှိချောက်အတွင်းကို ထိုးကျသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ခြင်းမရှိသေးပါဘူး။ ဘတ်စ်ကားဟာ ကာလင်ချော့ဘုရားကျောင်းမှ ဘုရားဖူးတွေကို ပြန်လည်ခေါ်ဆောင်လာစဉ် တိမ်းမှောက်သွားခြင်းဖြစ်ပါတယ်။ ဘတ်စ်ကားတိမ်းမှောက်ချိန်မှာ ကားပေါ်မှာ လူ ၄၀ ဦးကို တင်ဆောင်ထားပြီး ဒါဏ်ရာရရှိသူတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရပါတယ်။ မတော်တဆမှုကြောင့် ထိခိုက်သေဆုံးမှု များပြားလာနိုင်တယ်လို့…
Read Moreသတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နိုင်ငံအဖြစ် တရုတ်နိုင်ငံထိပ်ဆုံးရပ်တည်နေ
Unicode သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နိုင်ငံအဖြစ် တရုတ်နိုင်ငံထိပ်ဆုံးရပ်တည်နေ ဝါရှင်တန်၊ ဒီဇင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘာတစ်ဝန်းမှာ သတင်းထောက်၂၅၀ ဦးထက်မနည်းဟာ သူတို့ရဲ့သတင်းထောက်လှမ်းရေးသား မှုတွေကြောင့် ထောင်ကျခံနေရပြီး တရုတ်နိုင်ငံဟာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း အမေရိကန်အခြေစိုက် သတင်းသမားများကာကွယ်ရေး ကော်မတီရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ သတင်းသမား ၄၈ ဦးထက်မနည်း ထောင်ဒါဏ်ကျခံနေရတယ်လို့ သတင်းသမားများကာကွယ်ရေး ကော်မတီကပြောပါတယ်။ ဟောင်ကောင်မှာဖြစ်ပွားနေတဲ့ ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးကို အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့တာကို ကိုးကားပြီး တရုတ်သမ္မတ ရှီကျင်းပင်ဟာ သတင်းဌာနတွေအပေါ် ပိုမိုတင်းကြပ်စွာ ထိန်းချုပ်မှုကို စတင်လုပ်ဆောင်နေပြီလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ တူရကီနိုင်ငံကတော့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတွေထဲမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ထောင်ကျနေတဲ့ သတင်းသမား ၄၇ ဦးရှိထိရှိနေပါတယ်။ သတင်းသမားတွေကို ထောင်ချတာတွေဟာ နိုင်ငံသားတွေမှီခိုအားထားနေရတဲ့…
Read More