သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နိုင်ငံအဖြစ် တရုတ်နိုင်ငံထိပ်ဆုံးရပ်တည်နေ

Unicode

သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နိုင်ငံအဖြစ် တရုတ်နိုင်ငံထိပ်ဆုံးရပ်တည်နေ

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)

ကမ္ဘာတစ်ဝန်းမှာ သတင်းထောက်၂၅၀ ဦးထက်မနည်းဟာ သူတို့ရဲ့သတင်းထောက်လှမ်းရေးသား မှုတွေကြောင့် ထောင်ကျခံနေရပြီး တရုတ်နိုင်ငံဟာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း အမေရိကန်အခြေစိုက် သတင်းသမားများကာကွယ်ရေး ကော်မတီရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံမှာ သတင်းသမား ၄၈ ဦးထက်မနည်း ထောင်ဒါဏ်ကျခံနေရတယ်လို့ သတင်းသမားများကာကွယ်ရေး ကော်မတီကပြောပါတယ်။

ဟောင်ကောင်မှာဖြစ်ပွားနေတဲ့ ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးကို အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့တာကို ကိုးကားပြီး တရုတ်သမ္မတ ရှီကျင်းပင်ဟာ သတင်းဌာနတွေအပေါ် ပိုမိုတင်းကြပ်စွာ ထိန်းချုပ်မှုကို စတင်လုပ်ဆောင်နေပြီလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

တူရကီနိုင်ငံကတော့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံတွေထဲမှာ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ထောင်ကျနေတဲ့ သတင်းသမား ၄၇ ဦးရှိထိရှိနေပါတယ်။

သတင်းသမားတွေကို ထောင်ချတာတွေဟာ နိုင်ငံသားတွေမှီခိုအားထားနေရတဲ့ ကမ္ဘာ့ပေါ်ကသတင်း သတင်းအချက်အလက်ရပိုင်ခွင့်ကို ခြိမ်းခြောက်နေတာဖြစ်ပြီး အခြေအနေတိုးတက် ကောင်းမွန်စေရေးအတွက် သတင်းသမားများကာကွယ်ရေးကော်မတီက တောင်းဆိုထားပါတယ်။

Ref : NHK
Photo : Getty Images

#voiceofmyanmar #VOM #သတင်းသားတွေကိုဖမ်းဆီးထောင်ချ #တရုတ်

 

Zawgyi

သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်တဲ႕နိုင္ငံအျဖစ္ တရုတ္နုိင္ငံထိပ္ဆံုးရပ္တည္ေန

၀ါရွင္တန္၊ ဒီဇင္ဘာ-၁၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ကမၻာတစ္၀န္းမွာ သတင္းေထာက္၂၅၀ ဦးထက္မနည္းဟာ သူတို႔ရဲ႕သတင္းေထာက္လွမ္းေရးသား မႈေတြေၾကာင္႔ ေထာင္က်ခံေနရျပီး တရုတ္နုိင္ငံဟာ သတင္းေထာက္ေတြကို ဖမ္းဆီးေထာင္ခ်တဲ႔ နုိင္ငံေတြထဲမွာ ထိပ္ဆံုးမွ ရပ္တည္ေနေၾကာင္း အေမရိကန္အေျခစိုက္ သတင္းသမားမ်ားကာကြယ္ေရး ေကာ္မတီရ႕ဲ အစီရင္ခံစာတစ္ရပ္မွာ ေဖာ္ျပပါတယ္။

လက္ရိွအခ်ိန္ထိ တရုတ္နုိင္ငံမွာ သတင္းသမား ၄၈ ဦးထက္မနည္း ေထာင္ဒါဏ္က်ခံေနရတယ္လို႔ သတင္းသမားမ်ားကာကြယ္ေရး ေကာ္မတီကေျပာပါတယ္။

ေဟာင္ေကာင္မွာျဖစ္ပြားေနတဲ႔ ဒီမိုကေရစီေထာက္ခံတဲ႔ ဆႏၵျပပြဲေတြမွာ သတင္းယူေနတဲ႔ အလြတ္တန္းသတင္းေထာက္တစ္ဦးကို ေအာက္တိုဘာလအတြင္းက ဖမ္းဆီးခဲ႔တာကို ကိုးကားျပီး တရုတ္သမၼတ ရိွီက်င္းပင္ဟာ သတင္းဌာနေတြအေပၚ ပိုမိုတင္းၾကပ္စြာ ထိန္းခ်ဳပ္မႈကို စတင္လုပ္ေဆာင္ေနျပီလို႔ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

တူရကီနုိင္ငံကေတာ႔ သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်တဲ႔ နိုင္ငံေတြထဲမွာ ဒုတိယအမ်ားဆံုးနုိင္ငံျဖစ္ျပီး ေထာင္က်ေနတဲ႔ သတင္းသမား ၄၇ ဦးရိွထိရိွေနပါတယ္။

သတင္းသမားေတြကို ေထာင္ခ်တာေတြဟာ နိုင္ငံသားေတြမီီွခိုအားထားေနရတဲ႔ ကမၻာ႔ေပၚကသတင္း သတင္းအခ်က္အလက္ရပိုင္ခြင္႔ကို ျခိမ္းေျခာက္ေနတာျဖစ္ျပီး အေျခအေနတိုးတက္ ေကာင္းမြန္ေစေရးအတြက္ သတင္းသမားမ်ားကာကြယ္ေရးေကာ္မတီက ေတာင္းဆိုထားပါတယ္။

Ref : NHK
Photo : Getty Images

#voiceofmyanmar #VOM #သတင္းသားေတြကိုုဖမ္းဆီးေထာင္ခ် #တရုုတ္

Related posts

Leave a Comment

VOM News

FREE
VIEW