ဘဏ်အများစုကအသေးစား၊ အလတ်စား လုပ်ငန်းတွေကို ယုံကြည်မှုအားနည်းနေ

ဘဏ်အများစုကအသေးစား၊ အလတ်စား လုပ်ငန်းတွေကို ယုံကြည်မှုအားနည်းနေ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅-၂၀၁၉

သူရိန် ( VOM )

ပြည်တွင်းကအသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် လိုအပ်သည့်ချေးငွေထုတ်ရာမှာ အများစုကချေးငွေမရဘဲ ဘဏ်ရဲ့ယုံကြည်မှုအားနည်းနေတယ်လို့စက်မှုကြီးကြပ်ရေးနဲ့စစ်ဆေးရေးဦးစီးဌာန၊ SME DevelopmentDepartment ညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

“ SME ဆိုကတည်းက မိုက်ခရိုတွေ၊ Small လေးတွေဆိုကတည်းက အဖက်ဖက်ကနေ အားနည်းတာပေါ့။ သူတို့သည် စီမံခန့်ခွဲမှုအားနည်းတယ်။ ရင်းနှီးမြှုပ်နှံမှုအားနည်းတယ်။ နည်းပညာအားနည်းတယ်။ အဲဒါတွေမှာမှ SME ကဏ္ဍတော်တော်များများက ငွေကြေးကဏ္ဍကို ပိုအရေးကြီးတယ်ထင်တာပေါ့။ ငွေကြေးကဏ္ဍအတွက်ကိုက ဘဏ်တွေက ကိုလက်ထရယ်တောင်းတာတွေရှိတယ်။ ကိုလက်ထရယ်ပိုင်းမှာ မပြနိုင်တဲ့ SMEတွေမှာ အခက်အခဲရှိတယ်။ ဘဏ်နဲ့ဆက်စပ်နေတဲ့ SME လုပ်ငန်းတွေမှာပေါ့ ဘဏ်တိုင်းကလည်း Micro လုပ်ငန်းတွေ၊ Small လေးတွေပေါ်မှာ ယုံကြည်မှုအားနည်းတယ်။ ဒီဘက်ကလည်း ဘဏ်ဘက်ကတောင်းတဲ့ အချက်အလက်တွေကို မပေးနိုင်တာတွေရှိတယ်”လို့ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

အသေးစားငွေကြေးကဏ္ဍမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ငွေချေးယူသူမှာ ၉ ဒဿမ ၆၃ ရာခိုင်နှုန်းရှိနေပြီး ချေးငွေမရရှိသူတွေလည်းရှိ‌နေပါတယ်။

ဒါ့အပြင် အသေးစား၊ အလတ်စား စီပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုနိုင်မယ့် တိုင်းရင်းသားစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအသင်းကို တည်ထောင်ဖို့စီစဉ်ထားပါတယ်။

လက်ရှိမှာ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့လုပ်ငန်းရှင် ၁၀၀ ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပထမဦးဆုံး ချေးငွေထုတ်ချေးပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ထောင်နှင့်ချီပြီးချေးငွေထုတ်ချေးသွားမှာဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းမှာစက်မှုလုပ်ငန်းပေါင်း ၄၇၀၀ ဝန်းကျင်ရှိပြီး အသေးစား၊ အလတ်စားလုပ်ငန်းများအပါအဝင် စုစုပေါင်း ၆ဝဝဝဝ ဝန်းကျင်ရှိနေပါတယ်။

စက်မှုလုပ်ငန်းအနေဖြင့် လစဉ် ၃၅၀ နှင့် ၄ဝဝ ကြားတိုးတက်မှုရှိနေပြီး မှတ်ပုံတင်ထားပေမယ့်ပြန်ပြီးသက်တမ်းမတိုးရသေးတဲ့ လုပ်ငန်းပေါင်း ၃ဝ နှင့် ၄ဝ ကြားရှိနေပါတယ်။

#voiceofmyanmar #VOM #အသေးစားအလတ်စားစီးပွားရေး

Zawgyi

ဘဏ္အမ်ားစုကအေသးစား၊ အလတ္စား လုပ္ငန္းေတြကို ယုံၾကည္မႈအားနည္းေန

ရန္ကုန္ ၊ ဒီဇင္ဘာ ၁၅-၂၀၁၉

သူရိန္ ( VOM )

ျပည္တြင္းကအေသးစား၊ အလတ္စား လုပ္ငန္းေတြအတြက္ လိုအပ္သည့္ေခ်းေငြထုတ္ရာမွာ အမ်ားစုကေခ်းေငြမရဘဲ ဘဏ္ရဲ႕ယုံၾကည္မႈအားနည္းေနတယ္လို႔စက္မႈႀကီးၾကပ္ေရးနဲ႔စစ္ေဆးေရးဦးစီးဌာန၊ SME DevelopmentDepartment ညြန္ၾကားေရးမႉးခ်ဳပ္ ေဒၚေအးေအးဝင္းက ေျပာပါတယ္။

“ SME ဆိုကတည္းက မိုက္ခ႐ိုေတြ၊ Small ေလးေတြဆိုကတည္းက အဖက္ဖက္ကေန အားနည္းတာေပါ့။ သူတို႔သည္ စီမံခန႔္ခြဲမႈအားနည္းတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈအားနည္းတယ္။ နည္းပညာအားနည္းတယ္။ အဲဒါေတြမွာမွ SME က႑ေတာ္ေတာ္မ်ားမ်ားက ေငြေၾကးက႑ကို ပိုအေရးႀကီးတယ္ထင္တာေပါ့။ ေငြေၾကးက႑အတြက္ကိုက ဘဏ္ေတြက ကိုလက္ထရယ္ေတာင္းတာေတြရွိတယ္။ ကိုလက္ထရယ္ပိုင္းမွာ မျပႏိုင္တဲ့ SMEေတြမွာ အခက္အခဲရွိတယ္။ ဘဏ္နဲ႔ဆက္စပ္ေနတဲ့ SME လုပ္ငန္းေတြမွာေပါ့ ဘဏ္တိုင္းကလည္း Micro လုပ္ငန္းေတြ၊ Small ေလးေတြေပၚမွာ ယုံၾကည္မႈအားနည္းတယ္။ ဒီဘက္ကလည္း ဘဏ္ဘက္ကေတာင္းတဲ့ အခ်က္အလက္ေတြကို မေပးႏိုင္တာေတြရွိတယ္”လို ႔ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚေအးေအးဝင္းက ေျပာပါတယ္။

အေသးစားေငြေၾကးက႑မွာ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ေငြေခ်းယူသူမွာ ၉ ဒႆမ ၆၃ ရာခိုင္ႏႈန္းရွိေနၿပီး ေခ်းေငြမရရွိသူေတြလည္းရွိ‌ေနပါတယ္။

ဒါ့အျပင္ အေသးစား၊ အလတ္စား စီပြားေရးလုပ္ငန္းေတြကို ကိုယ္စားျပဳႏိုင္မယ့္ တိုင္းရင္းသားစြန႔္ဦးတီထြင္ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းကို တည္ေထာင္ဖို႔စီစဥ္ထားပါတယ္။

လက္ရွိမွာ အေသးစား၊အလတ္စား စီးပြားေရးလုပ္ငန္းလုပ္ကိုင္ေနတဲ့လုပ္ငန္းရွင္ ၁၀၀ ကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ပထမဦးဆုံး ေခ်းေငြထုတ္ေခ်းေပးသြားမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ေထာင္ႏွင့္ခ်ီၿပီးေခ်းေငြထုတ္ေခ်းသြားမွာျဖစ္ပါတယ္။

လက္ရွိ ျပည္တြင္းမွာစက္မႈလုပ္ငန္းေပါင္း ၄၇၀၀ ဝန္းက်င္ရွိၿပီး အေသးစား၊ အလတ္စားလုပ္ငန္းမ်ားအပါအဝင္ စုစုေပါင္း ၆ဝဝဝဝ ဝန္းက်င္ရွိေနပါတယ္။

စက္မႈလုပ္ငန္းအေနျဖင့္ လစဥ္ ၃၅၀ ႏွင့္ ၄ဝဝ ၾကားတိုးတက္မွဳရွိေနျပီး မွတ္ပုံတင္ထားေပမယ့္ျပန္ၿပီးသက္တမ္းမတိုးရေသးတဲ့ လုပ္ငန္းေပါင္း ၃ဝ ႏွင့္ ၄ဝ ၾကားရွိေနပါတယ္။

#voiceofmyanmar #VOM #အေသးစားအလတ္စားစီးပြားေရး

Related posts

Leave a Comment

VOM News

FREE
VIEW