ကချင်လူငယ် ကိုပေါလုက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် တားမြစ်တဲ့ဥပဒေတွေကို ပြင်ဆင်နိုင်ရေး ဆက်လက်လုပ်ဆောင်မယ်

မြစ်ကြီးနား၊ဒီဇင်ဘာ ၁၆-၂၀၁၉
ရန်အောင်ထွန်း (VOM)

တရားသူကြီးကို ချိန်ခွင်အပျက်ပေးခဲ့လို့ ထောင်ဒဏ် ၃ လ ချခံရသူ ကချင်လူငယ် ကိုပေါလုဟာ ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။

မြန်မာပြည်ဟာ ဒီမိုကရေစိနိုင်ငံအဖြစ် ဖော်ဆောင်နေတာမို့ ပြည်သူလူထုက‌နေ အစိုးရအပေါ် လွတ်လပ်စွာထုတ်ဖော် ပြောဆို တောင်းဆိုပိုင်ခွင့်အတွက် အတားအဆီးဖြစ်နေတယ် ဥပဒေပြင်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ ကိုပေါလုကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူဟာ ကချင်တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ရင်ပြင်ရှေ့တွင် တေးသရုပ်ဖော်မှု ဦးဆောင်ပြုလုပ်ခဲ့ရာမှာ ခွင့်ပြုချက်မတောင်းခံလို့ဆိုပြီး ငြိမ်းစုစီဥပဒေပုဒ်မနှင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်ခံခဲ့တဲ့နေ့ကလည်း တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ချိန်ခွင်အပျက်တစ်ခုပေးခဲ့တဲ့အတွက် နိုင်ငံ့ဝန်ထမ်းအပေါ် မထီမဲ့မြင်ပြုမှု နဲ့ ထောင်ဒဏ် သုံးလ ထပ်မံ အပြစ်ပေးခံခဲ့ရတာဖြစ်တဲ့အတွက် စုစုပေါင်း ၃ လ၊ ၁၅ ရက် ထောင်ကျခဲ့တာပဲဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကချင် #ကိုပေါလု

Zawgyi

ကခ်င္လူငယ္ ကိုေပါလုက လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္အေပၚ တားျမစ္တဲ့ဥပေဒေတြကို ျပင္ဆင္ႏိုင္ေရး ဆက္လက္လုပ္ေဆာင္မယ္

ျမစ္ႀကီးနား၊ဒီဇင္ဘာ ၁၆-၂၀၁၉
ရန္ေအာင္ထြန္း (VOM)

တရားသူႀကီးကို ခ်ိန္ခြင္အပ်က္ေပးခဲ့လို႔ ေထာင္ဒဏ္ ၃ လ ခ်ခံရသူ ကခ်င္လူငယ္ ကိုေပါလုဟာ ဒီကေန႔မနက္ပိုင္းက ျမစ္ႀကီးနားအက်ဥ္းေထာင္ကေန လြတ္ေျမာက္လာခဲ့ပါတယ္။

ျမန္မာျပည္ဟာ ဒီမိုကေရစိႏိုင္ငံအျဖစ္ ေဖာ္ေဆာင္ေနတာမို႔ ျပည္သူလူထုက‌ေန အစိုးရအေပၚ လြတ္လပ္စြာထုတ္ေဖာ္ ေျပာဆို ေတာင္းဆိုပိုင္ခြင့္အတြက္ အတားအဆီးျဖစ္ေနတယ္ ဥပေဒျပင္ဆင္ေရးကို ဆက္လုပ္သြားမယ္လို႔ ကိုေပါလုကေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

သူဟာ ကခ်င္တစ္ေက်ာ့ျပန္စစ္ပြဲ ၈ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ျမစ္ႀကီးနားၿမိဳ႕ ဗိုလ္ခ်ဳပ္ရင္ျပင္ေရွ႕တြင္ ေတးသ႐ုပ္ေဖာ္မႈ ဦးေဆာင္ျပဳလုပ္ခဲ့ရာမွာ ခြင့္ျပဳခ်က္မေတာင္းခံလို႔ဆိုၿပီး ၿငိမ္းစုစီဥပေဒပုဒ္မႏွင့္ တရားစြဲဆိုခံခဲ့ရတာျဖစ္ပါတယ္။

အဲ့ဒီအတြက္ ေထာင္ဒဏ္ ၁၅ ရက္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့တဲ့ေန႔ကလည္း တရားသူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို မေက်နပ္လို႔ ခ်ိန္ခြင္အပ်က္တစ္ခုေပးခဲ့တဲ့အတြက္ ႏိုင္ငံ့ဝန္ထမ္းအေပၚ မထီမဲ့ျမင္ျပဳမႈ နဲ႔ ေထာင္ဒဏ္ သုံးလ ထပ္မံ အျပစ္ေပးခံခဲ့ရတာျဖစ္တဲ့အတြက္ စုစုေပါင္း ၃ လ၊ ၁၅ ရက္ ေထာင္က်ခဲ့တာပဲျဖစ္ပါတယ္။

#VOM #voiceofmyanmar #ကခ်င္ #ကိုေပါလု

Related posts

Leave a Comment

VOM News

FREE
VIEW