စစ်ကိုင်းမြို့မှာ သံဃာတော်တစ်ပါးနဲ့ လူ(၃)ယောက်စီကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ
စစ်ကိုင်း ဒီဇင်ဘာ ၁၆-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့မှာ သံဃာတော်တပါးနဲ့ လူ(၃)ယောက်စီကနေ ကျပ်သိန်း ၂၀ ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက် ညနေ့ ၃ နာရီခွဲက ရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့ အတူ မူးယစ်ဆေးဝါးသတင်းအရ စစ်ကိုင်းမြို့၊ မရှိခဏလမ်းထောင့်မှာ အရှေ့ကနေ အနောက်ကို ယာဉ်မောင်း ဆရာတော်ဦးဇောတိက (လူနာမည်- ကျော်စိုးနိုင်) မောင်းနှင်းပြီး ဘေးမှာ သန်းထက်အောင် လိုက်ပါလာတဲ့ RLG/****ROYAL SALLON အမျိုးအစားခဲရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ သန်းထက်အောင် ဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီ၊ ဦးဇောတိက အန်နဂိုက်(သံဃာအတွင်းဝတ်)တို့ အတွင်းထဲကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်အရ စစ်ကိုင်းမြို့၊ ပါရမိရပ်ကွက်ရှိ အေးချမ်းသာဘုန်းကြီးကျောင်းတိုက်ကိုလည်း သွားရောက်ရှာဖွေခဲ့ရာ ကျော်သူရနဲ့ သိန်းမင်းထွေး (ခ)ဇော်ဂျီတို့နှစ်ဦးကို တွေ့ရှိစစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးတွေနဲ့အတူ…
Read More
မန္တလေးက ဆိုင်ကယ်စတန့်
Read More
အိန္ဒိယတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများအရှိန်မြင့်ဖြစ်ပေါ်နေ
အိန္ဒိယတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများအရှိန်မြင့်ဖြစ်ပေါ်နေ ဒေလီ၊ ဒီဇင်ဘာ-၁၆-၂၀၁၉ မျိုးဆက် (VOM) နိုင်ငံအတွင်းနေထိုင်နေကြတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အပေါ် အိန္ဒိယရှိမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေအရှိန်မြင့်ဖြစ်ပေါ်နေပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား အဓိကရုဏ်းတွေလည်း ဖြစ်ပွားနေပါတယ်။ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အရ ဘာသာရေးဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရပါက မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံသုံးနိုင်ငံက မွတ်စလင်မဟုတ်တဲ့ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခွင့်ပြုထားပါတယ်။ မြို့တော်ဒေလီမှာတော့ ဆန္ဒပြသူတွေဟာ ကားတွေကိုမီးရှို့ပြီး လမ်းတွေကိုပိတ်ဆို့ထားတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး ဖမ်းဆီးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ အဲဒီဥပဒေကိုအတည်ပြုလိုက်တာကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတစ်လျှောက် ဆန္ဒပြမှုတွေဖြစ်ပေါ်နေပါတယ်။ ဥပဒေဟာ မွတ်စလင်ဆန့်ကျင်ရေးဖြစ်တယ်လို့ ဝေဖန်သူအချို့က ပြောဆိုကြသလို အချို့ကလည်း အထူးသဖြင့်နယ်စပ်ဒေသတွေမှာ ဒုက္ခသည်တွေအများအပြား ဝင်ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။ ငါးရက်ကြာ မငြိမ်မသက်ဆန္ဒပြမှုတွေအတွင်း လူခြောက်ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ အနောက်ဘန်ဂေါပြည်နယ်က ဆန္ဒပြသူတွေဟာ အာသံပြည်နယ်မှာရှိတဲ့ အဓိကအဝေးပြေးလမ်းမကြီးကို ပိတ်ထားခဲ့ကြပြီး ပြည်သူတွေအနေနဲ့ မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့ နေဝင်မီးငြိမ်းအမိန့်ထုတ်ထားတာကို…
Read More
“မီဒီယာနဲ့ အနာဂတ်လားရာ”
အောင်ထူးနိုင်(VOM) လက်ရှိကာလမှာ သတင်းမီဒီယာတွေ ဘယ်လို ရပ်တည်နေကြရသလဲဆိုတာကို အရင်ဆုံးဆွေးနွေးလိုတယ်။ အစိုးရသတင်းမီဒီယာတွေနဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေရဲ့ ကွာခြားချက်ကို ဆွေးနွေးကြစို့။ အစိုးရသတင်းမီဒီယာတွေဟာ သတင်းယူဖို့အတွက် အခက်အခဲမရှိဘူး။ သွားလာရေးအတွက် ဖယ်ရီကားစီစဉ်ပေးတာ၊ သီးသန့် တက္ကစီကားတွေ စီစဉ်ပေးတာ၊ ဒါ့အပြင် ပြည်သူ့ဘဏ္ဍာငွေနဲ့ လုပ်ကိုင်နေရတာဖြစ်တော့ အရှုံးပေါ်မှာလည်း စိတ်ပူစရာမလိုဘူး။ ပြောချင်တာက သူတို့အတွက် သတင်းယူရတာ အစစအရာရာ အဆင်ပြေတယ်။ ပုဂ္ဂလိက သတင်းမီဒီယာတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါ။ အခက်အခဲတွေ အများကြီးရှိတယ်။ သွားလာရေးအတွက်ဆိုရင် လိုင်းကားလောက်ပဲ စီးနိုင်တာယ်။ သတင်းယူပြီဆိုရင်လည်း ခွဲခြားဆက်ဆံခံရတာတွေ အများကြီးရှိတယ်။ ဌာနဆိုင်ရာနဲ့ ဝင်တာထွက်တာ၊ သတင်းယူတာတွေမှာဆိုရင် အဆိုးဆုံးပဲ။ အစိုးရသတင်းမီဒီယာတွေက ဌာနဆိုင်ရာက ပေးတဲ့အချက်အလက်ကိုသာ သတင်းရေးကြတယ်။ ပုဂ္ဂလိကမီဒီယာတွေကျတော့ ဌာနဆိုင်ရာက ပေးလိုက်တဲ့ အချက်အလက်တွေက မှန်ရဲ့လား၊ သူတို့ပြောလိုက်တဲ့စကားတွေက မှန်ရဲ့လား၊ ဘယ်နေရာမှာ ထိန်ချန်ထားတာလဲဆိုတာကို အမြန်တမ်းစမ်းစစ်နေလေ့ရှိတယ်။ ဒါဟာ အစိုးရသတင်းမီဒီယာတွေနဲ့…
Read More
ကချင်လူငယ် ကိုပေါလုက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် တားမြစ်တဲ့ဥပဒေတွေကို ပြင်ဆင်နိုင်ရေး ဆက်လက်လုပ်ဆောင်မယ်
မြစ်ကြီးနား၊ဒီဇင်ဘာ ၁၆-၂၀၁၉ ရန်အောင်ထွန်း (VOM) တရားသူကြီးကို ချိန်ခွင်အပျက်ပေးခဲ့လို့ ထောင်ဒဏ် ၃ လ ချခံရသူ ကချင်လူငယ် ကိုပေါလုဟာ ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစိနိုင်ငံအဖြစ် ဖော်ဆောင်နေတာမို့ ပြည်သူလူထုက‌နေ အစိုးရအပေါ် လွတ်လပ်စွာထုတ်ဖော် ပြောဆို တောင်းဆိုပိုင်ခွင့်အတွက် အတားအဆီးဖြစ်နေတယ် ဥပဒေပြင်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ ကိုပေါလုကပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကချင်တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ရင်ပြင်ရှေ့တွင် တေးသရုပ်ဖော်မှု ဦးဆောင်ပြုလုပ်ခဲ့ရာမှာ ခွင့်ပြုချက်မတောင်းခံလို့ဆိုပြီး ငြိမ်းစုစီဥပဒေပုဒ်မနှင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်ခံခဲ့တဲ့နေ့ကလည်း တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ချိန်ခွင်အပျက်တစ်ခုပေးခဲ့တဲ့အတွက် နိုင်ငံ့ဝန်ထမ်းအပေါ် မထီမဲ့မြင်ပြုမှု နဲ့ ထောင်ဒဏ် သုံးလ ထပ်မံ အပြစ်ပေးခံခဲ့ရတာဖြစ်တဲ့အတွက် စုစုပေါင်း ၃ လ၊ ၁၅…
Read More
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကို လွတ်လပ်စွာတက်နိုင်တဲ့အပြင် လိုအပ်တာတွေကိုပါ ကူညီပေးနိုင်
ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၉ သိဂီ ၤ(VOM) မြန်မာနိုင်ငံက ဘာသာရေးအစွန်းရောက်လူပုဂ္ဂိုလ်နဲ့ ရဟန်းသံဃာတစ်စုရဲ့နှောက်ယှက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဘာသာရေးပွဲတွေကို မတက်ရောက်နိုင်ခဲ့ပေမယ့် ယနေ့မှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကိုပါ လွတ်လပ်စွာတက်ရောက်နိုင်တဲ့အပြင် လိုအပ်တာတွေကိုပါ ကူညီပေးနိုင်ပြီလို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုထားတာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ပန်ပစီဖစ်ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှစုစည်းပြီး ၂၀၂၀ကို မေတ္တာဖြင့်ကြိုဆိုခြင်း အခမ်းအနားမှာ သူရဦးအောင်ကိုကပြောခဲ့တာပါ။ ” 2016 .2017.2018 ခုနှစ်တွေမှာ အစွန်းရောက်တဲ့လူပုဂ္ဂိုလ်နဲ့ ရဟန်းသံဃာတစ်စုရဲ့ နှောက်ယှက်မှုတွေကြောင့် အစ္စလမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကို မတက်နိုင်ခဲ့ဘူး။ အမုန်းတရားတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့လည်း အမုန်းတရားတွေနဲ့ ပြဿနာကိုဖြေရှင်းခဲ့ရပါတယ်။ ဒီနှစ်ထဲမှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့အခမ်းအနားကို တက်ရောက်နိုင်ခဲ့ပါတယ်။ မိတ်ဆွေအစ္စလာမ်ဘာသာဝင်တွေလည်း ပျော်ရွှင်စွာကျင်းပနိုင်ပြီ။ ကောင်းချီးလည်းပေးကြတယ်” လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။ ဒီလိုဖြစ်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့…
Read More
ကချင်ပြည်နယ် ကျောက်မျက်ပြပွဲအခွန်ကိစ္စ အစိုးရနဲ့ လုပ်ငန်းရှင်ကြား သဘောထားကွဲလွဲ
ကချင်၊ဒီဇင်ဘာ ၁၆-၂၀၁၉ ရန်အောင်ထွန်း (VOM ) ကချင်ပြည်နယ်မှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကျောက်မျက်ပြပွဲကနေ ပြည်ထောင်စုအစိုးရကို ပေးဖို့ကျန်တဲ့ အခွန်ကိစ္စမှာ ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ အစိုးရကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီးနဲ့ မြစ်ကြီးနားကျောက်မျက် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌရဲ့ ပြောကြားချက် တွေအရ သိရပါတယ်။ ဒုတိယအကြိမ်ပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း ၄၀၀ လောက်ပြသခဲ့ပြီး ဝယ်လက်နည်းနေလို့ တချို့ လုပ်ငန်းရှင်တွေက သူ့တို့ကျောက် ဈေးပေါပေါနဲ့ ရောင်းထွက်သွားမှကို စိုးရိမ်တဲ့အတွက် အဆင်ပြေမယ့် ဈေးတစ်ခုသတ်မှတ်ကာ ကိုယ့်ကျောက်ကို ပြန်ကာထားမှုကနေ ပေးရမယ့်အခွန်ကိစ္စမှာ သဘောထားအမြင် ကွဲလွဲနေကြတယ်လို့ သိရပါတယ်။ “ကျောက်အရောင်းအဝယ် ဖြစ်ပြီဆိုရင်တော့ စားသောက်ဆိုင်တွေမှာလိုပေါ့၊ စားသုံးသူ ဝယ်ယူသူ အခွန်ဆောင်ရတဲ့ ပုံစံမျိုးပေါ့၊ အခုလည်းသူတို့က ကျောက်ကရောင်းထွက်သွားတယ် ၊ ရောင်းရတဲ့အပေါ်မှာ သူတို့အနေနဲ့ အခွန်ဆောင်ရတဲ့အပေါ်မှာပေါ့ ၊ အခွန်ရဲ့လုပ်ထုံးလုပ်နည်း အဆင့်တစ်ဆင့်ကျန်ခဲ့တာ ၊ အဲ့ဒါကို…
Read More
ဟွာမူန်အထည်ချုပ် အလုပ်သမားသပိတ်ကို ဖြိုခွင်းမယ်ဆိုတဲ့အတွက် ပုသိမ်မြို့က စက်ရုံအလုပ်သမားတွေပါ လာရောက်ပူးပေါင်း
ပုသိမ်၊ ဒီဇင်ဘာ ၁၆-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့က ဟွာမှုန်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ကို အင်အားသုံး ဖြိုခွင်းတော့မယ်လို့ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ဒီဇင်ဘာ ၁၅ ညနေပိုင်းက သပိတ်စခန်းကို လာရောက်ကြေညာခဲ့ပါတယ်။ အဲ့ဒီလိုကြေညာခဲ့တဲ့အတွက် ပုသိမ်မြို့ပေါ်က အခြားစက်ရုံအလုပ်သမားတွေပါ ဒီကနေ့မနက်ပိုင်းက လာရောက်ပူးပေါင်းတဲ့အတွက် သပိတ်စခန်းမှာ အလုပ်သမား ၈၀၀ခန့် ၤရှိနေတယ်လို့သိရပါတယ်။ ” ညှိနှိုင်းဆောင်ရွက်ပေးနိုင်တာကို လုပ်ပေးပြီးပြီ၊ တည်ဆဲဥပဒေ နဲ့ အညီ ဆောင်ရွက်ရမှာပဲ”လို့ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ အုပ်ချုပ်ရေးမှူး ဦးပြည့်စုံကပြောပါတယ်။ အလုပ်သမားသပိတ်ကို ပုသိမ်စက်မှုဇုန် လုပ်သားများသမဂ္ဂအဖွဲ့ဝင်တွေကပါ လာရောက်ပူးပေါင်းပြီး ထိုင်သပိတ်ကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ” ကျွန်မတို့က အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေ နှင့် အညီ သပိတ်မှောက်နေတာဖြစ်တယ်။ တောင်းဆိုချက်တွေ ညှိနှုင်းသဘောတူညီမှုုမရသေးဘူး။ ဒါကြောင့် သပိတ်ဆက်မှောက် ရပါလိမ့်မယ်” လို့…
Read More
VOM News
FREE
VIEW