စစ်ကိုင်းမြို့မှာ သံဃာတော်တစ်ပါးနဲ့ လူ(၃)ယောက်စီကနေ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ

စစ်ကိုင်း ဒီဇင်ဘာ ၁၆-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်းမြို့မှာ သံဃာတော်တပါးနဲ့ လူ(၃)ယောက်စီကနေ ကျပ်သိန်း ၂၀ ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် ညနေ့ ၃ နာရီခွဲက ရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့ အတူ မူးယစ်ဆေးဝါးသတင်းအရ စစ်ကိုင်းမြို့၊ မရှိခဏလမ်းထောင့်မှာ အရှေ့ကနေ အနောက်ကို ယာဉ်မောင်း ဆရာတော်ဦးဇောတိက (လူနာမည်- ကျော်စိုးနိုင်) မောင်းနှင်းပြီး ဘေးမှာ သန်းထက်အောင် လိုက်ပါလာတဲ့ RLG/****ROYAL SALLON အမျိုးအစားခဲရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ သန်းထက်အောင် ဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီ၊ ဦးဇောတိက အန်နဂိုက်(သံဃာအတွင်းဝတ်)တို့ အတွင်းထဲကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်အရ စစ်ကိုင်းမြို့၊ ပါရမိရပ်ကွက်ရှိ အေးချမ်းသာဘုန်းကြီးကျောင်းတိုက်ကိုလည်း သွားရောက်ရှာဖွေခဲ့ရာ ကျော်သူရနဲ့ သိန်းမင်းထွေး (ခ)ဇော်ဂျီတို့နှစ်ဦးကို တွေ့ရှိစစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။

ကျောင်းတိုက်အဝင် ဝဲဘက်ရှိ သစ်မျှောတိုင်အောက်မှာ မြေကြီးတွေနဲ့ ဖုံးအုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ရဲမှတ်တမ်း ဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင်မှု/နှိမ် မှ ရဲအရာခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ အစည်းအဝေးပြုလုပ်နေတဲ့ အတွက် ပြန်လည်ဖြေကြားပေးခြင်းမရှိပါဘူး။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်းဖိုးဟာ စုစုပါင်း ကျပ်သိန်း ၂၂ သိန်းခန့် ရှိပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ သံဃာတော်တစ်ပါးနဲ့ လူ(၃)ဦးကို စစ်ကိုင်းမြို့မရဲစခန်းက မူးယစ်(ပ)၂၀/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၀ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့မရဲစခန်းက စခန်းမှူးဆီ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကိုင်းတိုင်းအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေတွေ့ရှိရင် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာဌာနတွေကို သတင်းပေးတိုင်းကြားပေးဖို့ နဲ့ မူးယစ်ဆေးဝါးအန္တရာယ် ကြီးမားနေတဲ့အတွက် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ အားလုံးပူးပေါင်းပါဝင်ပေးဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောကြားထားတာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #မူးယစ်ဆေး #သံဃာတော်တစ်ပါးနဲ့လူ(၃)ဦး

Zawgyi

စစ္ကိုင္းၿမိဳ႕မွာ သံဃာေတာ္တစ္ပါးနဲ႔ လူ(၃)ေယာက္စီကေန မူးယစ္ေဆးဝါးေတြဖမ္းဆီးရမိ

စစ္ကိုင္း ဒီဇင္ဘာ ၁၆-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကိုင္းၿမိဳ႕မွာ သံဃာေတာ္တပါးနဲ႔ လူ(၃)ေယာက္စီကေန က်ပ္သိန္း ၂၀ ေက်ာ္တန္းဖိုးရွိ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ စစ္ကိုင္းၿမိဳ႕မရဲစခန္းက သိရပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ ညေန႔ ၃ နာရီခြဲက ရဲတပ္ဖြဲ႕ဝင္ေတြဟာ သက္ေသေတြနဲ႔ အတူ မူးယစ္ေဆးဝါးသတင္းအရ စစ္ကိုင္းၿမိဳ႕၊ မရွိခဏလမ္းေထာင့္မွာ အေရွ႕ကေန အေနာက္ကို ယာဥ္ေမာင္း ဆရာေတာ္ဦးေဇာတိက (လူနာမည္- ေက်ာ္စိုးႏိုင္) ေမာင္းႏွင္းၿပီး ေဘးမွာ သန္းထက္ေအာင္ လိုက္ပါလာတဲ့ RLG/****ROYAL SALLON အမ်ိဳးအစားခဲေရာင္ယာဥ္ကို ရပ္တန္႔စစ္ေဆးခဲ့ရာမွ သန္းထက္ေအာင္ ဝတ္ဆင္ထားတဲ့ ဂ်င္းေဘာင္းဘီ၊ ဦးေဇာတိက အန္နဂိုက္(သံဃာအတြင္းဝတ္)တို႔ အတြင္းထဲကေန မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိခဲ့ပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ ထြက္ဆိုခ်က္အရ စစ္ကိုင္းၿမိဳ႕၊ ပါရမိရပ္ကြက္ရွိ ေအးခ်မ္းသာဘုန္းႀကီးေက်ာင္းတိုက္ကိုလည္း သြားေရာက္ရွာေဖြခဲ့ရာ ေက်ာ္သူရနဲ႔ သိန္းမင္းေထြး (ခ)ေဇာ္ဂ်ီတို႔ႏွစ္ဦးကို ေတြ႕ရွိစစ္ေဆးရွာေဖြရာ မူးယစ္ေဆးဝါးေတြနဲ႔အတူ မူးယစ္ေဆးသုံးရာမွာ အသုံးျပဳတဲ့ ဆက္စပ္ပစၥည္းေတြကိုပါ ဖမ္းဆီးရမိခဲ့ပါတယ္။

ေက်ာင္းတိုက္အဝင္ ဝဲဘက္ရွိ သစ္ေမွ်ာတိုင္ေအာက္မွာ ေျမႀကီးေတြနဲ႔ ဖုံးအုပ္ထားတဲ့ မူးယစ္ေဆးဝါးေတြကိုလည္း ရွာေဖြေတြ႕ရွိသိမ္းဆည္းရမိခဲ့တယ္လို႔ ရဲမွတ္တမ္း ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စစ္ကိုင္းခ႐ိုင္မႈ/ႏွိမ္ မွ ရဲအရာခံတစ္ဦးကို ဆက္သြယ္ေမးျမန္းရာ အစည္းအေဝးျပဳလုပ္ေနတဲ့ အတြက္ ျပန္လည္ေျဖၾကားေပးျခင္းမရွိပါဘူး။

ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါးေတြရဲ႕ တန္းဖိုးဟာ စုစုပါင္း က်ပ္သိန္း ၂၂ သိန္းခန္႔ ရွိၿပီး ျဖစ္စဥ္နဲ႔ပတ္သက္တဲ့ သံဃာေတာ္တစ္ပါးနဲ႔ လူ(၃)ဦးကို စစ္ကိုင္းၿမိဳ႕မရဲစခန္းက မူးယစ္(ပ)၂၀/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က)/၂၀ နဲ႔ အမႈဖြင့္ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

စစ္ကိုင္းၿမိဳ႕မရဲစခန္းက စခန္းမႉးဆီ ဆက္သြယ္ေမးျမန္းေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္းမရွိပါဘူး။

စစ္ကိုင္းတိုင္းအတြင္း မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈေတြေတြ႕ရွိရင္ ျပည္သူေတြအေနနဲ႔ သက္ဆိုင္ရာဌာနေတြကို သတင္းေပးတိုင္းၾကားေပးဖို႔ နဲ႔ မူးယစ္ေဆးဝါးအႏၲရာယ္ ႀကီးမားေနတဲ့အတြက္ အမ်ိဳးသားေရးတာဝန္တရပ္အေနနဲ႔ အားလုံးပူးေပါင္းပါဝင္ေပးဖို႔ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာျမင့္ႏိုင္က ေျပာၾကားထားတာလည္း ျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #မူးယစ္ေဆး #သံဃာေတာ္တစ္ပါးနဲ႔လူ(၃)ဦး

Related posts

Leave a Comment

VOM News

FREE
VIEW