အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကို လွတ်လပ်စွာတက်နိုင်တဲ့အပြင် လိုအပ်တာတွေကိုပါ ကူညီပေးနိုင်

ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၉
သိဂီ ၤ(VOM)

မြန်မာနိုင်ငံက ဘာသာရေးအစွန်းရောက်လူပုဂ္ဂိုလ်နဲ့ ရဟန်းသံဃာတစ်စုရဲ့နှောက်ယှက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဘာသာရေးပွဲတွေကို မတက်ရောက်နိုင်ခဲ့ပေမယ့် ယနေ့မှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကိုပါ လွတ်လပ်စွာတက်ရောက်နိုင်တဲ့အပြင် လိုအပ်တာတွေကိုပါ ကူညီပေးနိုင်ပြီလို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုထားတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ပန်ပစီဖစ်ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှစုစည်းပြီး ၂၀၂၀ကို မေတ္တာဖြင့်ကြိုဆိုခြင်း အခမ်းအနားမှာ သူရဦးအောင်ကိုကပြောခဲ့တာပါ။

” 2016 .2017.2018 ခုနှစ်တွေမှာ အစွန်းရောက်တဲ့လူပုဂ္ဂိုလ်နဲ့ ရဟန်းသံဃာတစ်စုရဲ့ နှောက်ယှက်မှုတွေကြောင့် အစ္စလမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကို မတက်နိုင်ခဲ့ဘူး။ အမုန်းတရားတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့လည်း အမုန်းတရားတွေနဲ့ ပြဿနာကိုဖြေရှင်းခဲ့ရပါတယ်။ ဒီနှစ်ထဲမှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့အခမ်းအနားကို တက်ရောက်နိုင်ခဲ့ပါတယ်။ မိတ်ဆွေအစ္စလာမ်ဘာသာဝင်တွေလည်း ပျော်ရွှင်စွာကျင်းပနိုင်ပြီ။ ကောင်းချီးလည်းပေးကြတယ်” လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။

ဒီလိုဖြစ်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အများကြီးရုန်းကန် ကြိုးပမ်းခဲ့ရတာနှင့် လက်ရှိ ဘာသာရေးပွဲ အခမ်းအနားတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ကူညီစောင့်ရှောက်ပံ့ပိုးပေးနေတယ်လို့လည်း သိရပါတယ်။

ကိုးကွယ်မှုဘာသာတိုင်း လက်ခံကျင့်သုံးလေ့ရှိတဲ့ မေတ္တာတရားဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်တည်ဆောက်နိုင်ပြီး မြန်မာနိုင်ငံမှာ အဓိကဘာသာကြီးလေးခုနှင့် အခြား ဘာသာဝင်တွေလည်း နေထိုင်နေတာဖြစ်ပါတယ်။

ဒါကြောင့် အမုန်းတရားတွေကို သမိုင်းမှာပဲထားခဲ့ပြီး လာမယ့် ၂၀၂၀ ခုနှစ်မှာ အမုန်းတရားတွေအစား မေတ္တာတရားသာသယ်ဆောင်ပြီး လျှောက်လှမ်းချင်းတယ်လို့လည်း သူရဦးအောင်ကိုကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #သူရဦးအောင်ကို

Zawgyi

အစၥလာမ္ဘာသာဝင္ေတြရဲဲ႕ ဘာသာေရးပြဲေတြကို လြတ္လပ္စြာတက္နိုင္တဲ့အျပင္ လိုအပ္တာေတြကိုပါ ကူညီေပးနိုင္

ရန္ကုန္ ဒီဇင္ဘာ ၁၆-၂၀၁၉
သိဂီ ၤ(VOM)

ျမန္မာနိုင္ငံက ဘာသာေရးအစြန္းေရာက္လူပုဂၢိဳလ္နဲ႕ ရဟန္းသံဃာတစ္စုရဲ႕ေႏွာက္ယွက္မႈေတြေႀကာင့္ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က ဘာသာေရးပြဲေတြကို မတက္ေရာက္နိုင္ခဲ့ေပမယ့္ ယေန႔မွာေတာ့ အစၥလာမ္ဘာသာဝင္ေတြရဲဲ႕ ဘာသာေရးပြဲေတြကိုပါ လြတ္လပ္စြာတက္ေရာက္နိုင္တဲ့အျပင္ လိုအပ္တာေတြကိုပါ ကူညီေပးနိုင္ျပီလို႔ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုက ေျပာဆိုထားတာျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔ညပိုင္းက ရန္ကုန္ျမိဳ႕ ပန္ပစီဖစ္ဟိုတယ္မွာျပဳလုပ္တဲဲ႕ ျမန္မာနိုင္ငံၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစုံ၊ လူမ်ိဳးေပါင္းစုံမွစုစည္းၿပီး ၂၀၂၀ကို ေမတၱာျဖင့္ႀကိဳဆိုျခင္း အခမ္းအနားမွာ သူရဦးေအာင္ကိုကေျပာခဲ့တာပါ။

” 2016 .2017.2018 ခုႏွစ္ေတြမွာ အစြန္းေရာက္တဲ႕လူပုဂၢိဳလ္နဲ႕ ရဟန္းသံဃာတစ္စုရဲ႕ ေႏွာက္ယွက္မႈေတြေႀကာင့္ အစၥလမ္ဘာသာဝင္ေတြရဲ႕ ဘာသာေရးပြဲေတြက္ုိ မတက္နိုင္ခဲ့ဘူး။ အမုန္းတရားေတြနဲ႕ရင္ဆိုင္ခဲ့ရတယ္။ ကၽြန္ေတာ္တို႔လည္း အမုန္းတရားေတြနဲ႕ ျပႆနာကိုေျဖရွင္းခဲ့ရပါတယ္။ ဒီနွစ္ထဲမွာေတာ့ အစၥလာမ္ဘာသာဝင္ေတြရဲဲ႕ တမန္ေတာ္ေန႔အခမ္းအနားကို တက္ေရာက္နိုင္ခဲ့ပါတယ္။ မိတ္ေဆြအစၥလာမ္ဘာသာဝင္ေတြလည္း ေပ်ာ္ရႊင္စြာက်င္းပနိုင္ျပီ။ ေကာင္းခ်ီးလည္းေပးႀကတယ္” လို႕ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုကေျပာပါတယ္။

ဒီလိုျဖစ္ဖို႔အတြက္ နိုင္ငံေတာ္အစိုးရအေနနဲဲ႔ အမ်ားႀကီးရုန္းကန္ ႀကိဳးပမ္းခဲ့ရတာႏွင့္ လက္ရွိ ဘာသာေရးပြဲ အခမ္းအနားေတြကို နိုင္ငံေတာ္အစိုးရအေနနဲ႔ ကူညီေစာင့္ေရွာက္ပံ့ပိုးေပးေနတယ္လို႔လည္း သိရပါတယ္။

ကိုးကြယ္မႈဘာသာတိုင္း လက္ခံက်င့္သုံးေလ့ရွိတဲ့ ေမတၱာတရားဟာ ကမ႓ာ့ျငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္တည္ေဆာက္နိုင္ၿပီး ျမန္မာနိုင္ငံမွာ အဓိကဘာသာႀကီးေလးခုႏွင့္ အျခား ဘာသာဝင္ေတြလည္း ေနထိုင္ေနတာျဖစ္ပါတယ္။

ဒါေႀကာင့္ အမုန္းတရားေတြက္ို သမိုင္းမွာပဲထားခ့ဲၿပီး လာမယ့္ ၂၀၂၀ ခုႏွစ္မွာ အမုန္းတရားေတြအစား ေမတၱာတရားသာသယ္ေဆာင္ျပီး ေလွ်ာက္လွမ္းခ်င္းတယ္လို႔လည္း သူရဦးေအာင္ကိုကေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #သူရဦးေအာင္ကို

Related posts

Leave a Comment

VOM News

FREE
VIEW