ဟွာမူန်အထည်ချုပ် အလုပ်သမားသပိတ်ကို ဖြိုခွင်းမယ်ဆိုတဲ့အတွက် ပုသိမ်မြို့က စက်ရုံအလုပ်သမားတွေပါ လာရောက်ပူးပေါင်း

ပုသိမ်၊ ဒီဇင်ဘာ ၁၆-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့က ဟွာမှုန်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ကို အင်အားသုံး ဖြိုခွင်းတော့မယ်လို့ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ဒီဇင်ဘာ ၁၅ ညနေပိုင်းက သပိတ်စခန်းကို လာရောက်ကြေညာခဲ့ပါတယ်။

အဲ့ဒီလိုကြေညာခဲ့တဲ့အတွက် ပုသိမ်မြို့ပေါ်က အခြားစက်ရုံအလုပ်သမားတွေပါ ဒီကနေ့မနက်ပိုင်းက လာရောက်ပူးပေါင်းတဲ့အတွက် သပိတ်စခန်းမှာ အလုပ်သမား ၈၀၀ခန့် ၤရှိနေတယ်လို့သိရပါတယ်။

” ညှိနှိုင်းဆောင်ရွက်ပေးနိုင်တာကို လုပ်ပေးပြီးပြီ၊ တည်ဆဲဥပဒေ နဲ့ အညီ ဆောင်ရွက်ရမှာပဲ”လို့ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ အုပ်ချုပ်ရေးမှူး ဦးပြည့်စုံကပြောပါတယ်။

အလုပ်သမားသပိတ်ကို ပုသိမ်စက်မှုဇုန် လုပ်သားများသမဂ္ဂအဖွဲ့ဝင်တွေကပါ လာရောက်ပူးပေါင်းပြီး ထိုင်သပိတ်ကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

” ကျွန်မတို့က အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေ နှင့် အညီ သပိတ်မှောက်နေတာဖြစ်တယ်။ တောင်းဆိုချက်တွေ ညှိနှုင်းသဘောတူညီမှုုမရသေးဘူး။ ဒါကြောင့် သပိတ်ဆက်မှောက် ရပါလိမ့်မယ်” လို့ ဟွာမှုန်စက်ရုံက အလုပ်သမားသမဂ္ဂ ဥက္ကဌ မခိုင်နွေဦးမွန် ကပြောပါတယ်။

ဟွာမူန်စက်ရုံဘက်က အလုပ်သမားတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရမယ့် အချက် ၄၂ ချက်ကို ဆောင်ရွက်မပေးသေးတာတွေ၊ အလုပ်ရှင် အလုပ်သမား အကျိုးစီးပွားဆိုင်ရာ တောင်းဆိုချက် ၈ ချက် အပေါ် ခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကလည်း တရားမျှတမှုမရှိတဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြရတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဟာ ဒီဇင်ဘာ ၉ ရက် နေ့ကနေစတင်ပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် သပိတ်မှောက်ကာ ဒီကနေ့နဲ့ဆိုရင် (၇) ရက်ကြာမြင့်နေပြီးဖြစ်ပါတယ်။

လက်ရှိ ဟွာမူန်အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ အခြားစက်ရုံက အလုပ်သမား အင်အား၈၀၀နီးပါးနဲ့ သပိတ်မှောက်နေတာဖြစ်ပြီး သက်ဆိုင်ရာကလည်း သပိတ်စခန်းကို လာရောက်ဖြိုခွင်းတာ မရှိသေးဘူးလို့ သိရပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #အထည်ချုပ် #သပိတ်

Zawgyi

ဟြာမူန္အထည္ခ်ဳပ္ အလုပ္သမားသပိတ္ကို ၿဖိဳခြင္းမယ္ဆိုတဲ့အတြက္ ပုသိမ္ၿမိဳ႕က စက္ရံုအလုပ္သမားေတြပါ လာေရာက္ပူးေပါင္း

ပုသိမ္၊ ဒီဇင္ဘာ ၁၆-၂၀၁၉
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ကန္ႀကီးေထာင့္ၿမိဳ႕က ဟြာမွုန္အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားသပိတ္ကို အင္အားသုံး ၿဖိဳခြင္းေတာ့မယ္လို႕ ကန္ႀကီးေထာင့္ၿမိဳ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန က ဒီဇင္ဘာ ၁၅ ညေနပိုင္းက သပိတ္စခန္းကို လာေရာက္ေၾကညာခဲ့ပါတယ္။

အဲ့ဒီလိုေၾကညာခဲ့တဲ့အတြက္ ပုသိမ္ၿမိဳ႕ေပၚက အျခားစက္ရံုအလုပ္သမားေတြပါ ဒီကေန႔မနက္ပိုင္းက လာေရာက္ပူးေပါင္းတဲ့အတြက္ သပိတ္စခန္းမွာ အလုပ္သမား ၈၀၀ခန္႔ ၤရွိေနတယ္လို႔သိရပါတယ္။

” ညႇိႏွိုင္းေဆာင္ရြက္ေပးနိုင္တာကို လုပ္ေပးၿပီးၿပီ၊ တည္ဆဲဥပေဒ နဲ႔ အညီ ေဆာင္ရြက္ရမွာပဲ”လို႔ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယ အုပ္ခ်ဳပ္ေရးမွူး ဦးျပည့္စုံကေျပာပါတယ္။

အလုပ္သမားသပိတ္ကို ပုသိမ္စက္မွဳဇုန္ လုပ္သားမ်ားသမဂၢအဖြဲ႔ဝင္ေတြကပါ လာေရာက္ပူးေပါင္းၿပီး ထိုင္သပိတ္ကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

” ကၽြန္မတို့က အလုပ္သမား အခြင့္အေရးဆိုင္ရာ ဥပေဒ ႏွင့္ အညီ သပိတ္ေမွာက္ေနတာျဖစ္တယ္။ ေတာင္းဆိုခ်က္ေတြ ညႇိႏွုင္းသေဘာတူညီမွုဳမရေသးဘူး။ ဒါေၾကာင့္ သပိတ္ဆက္ေမွာက္ ရပါလိမ့္မယ္” လို႔ ဟြာမွဳန္စက္႐ုံက အလုပ္သမားသမဂၢ ဥကၠဌ မခိုင္ေႏြဦးမြန္ ကေျပာပါတယ္။

ဟြာမူန္စက္ရုံဘက္က အလုပ္သမားေတြကို ဥပေဒနဲ႔အညီ ေဆာင္ရြက္ေပးရမယ့္ အခ်က္ ၄၂ ခ်က္ကို ေဆာင္ရြက္မေပးေသးတာေတြ၊ အလုပ္ရွင္ အလုပ္သမား အက်ိဳးစီးပြားဆိုင္ရာ ေတာင္းဆိုခ်က္ ၈ ခ်က္ အေပၚ ခုံသမာဓိအဖြဲ႔ရဲ႕ဆုံးျဖတ္ခ်က္ကလည္း တရားမၽွတမွဳမရွိတဲ့အတြက္ အလုပ္သမားေတြက ဆႏၵျပရတာျဖစ္တယ္လို႔ သိရပါတယ္။

အလုပ္သမားေတြဟာ ဒီဇင္ဘာ ၉ ရက္ ေန႔ကေနစတင္ၿပီး စက္ရုံေရွ႕မွာ သပိတ္စခန္းဖြင့္ သပိတ္ေမွာက္ကာ ဒီကေန႔နဲ႔ဆိုရင္ (၇) ရက္ၾကာျမင့္ေနၿပီးျဖစ္ပါတယ္။

လက္ရိွ ဟြာမူန္အထည္ခ်ဳပ္စက္ရံုက အလုပ္သမားေတြနဲ႔ အျခားစက္ရံုက အလုပ္သမား အင္အား၈၀၀နီးပါးနဲ႔ သပိတ္ေမွာက္ေနတာျဖစ္ၿပီး သက္ဆိုင္ရာကလည္း သပိတ္စခန္းကို လာေရာက္ၿဖိဳခြင္းတာ မရိွေသးဘူးလုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #အထည္ခ်ဳပ္ #သပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW