“မီဒီယာနဲ့ အနာဂတ်လားရာ”

အောင်ထူးနိုင်(VOM)

လက်ရှိကာလမှာ သတင်းမီဒီယာတွေ ဘယ်လို ရပ်တည်နေကြရသလဲဆိုတာကို အရင်ဆုံးဆွေးနွေးလိုတယ်။ အစိုးရသတင်းမီဒီယာတွေနဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေရဲ့ ကွာခြားချက်ကို ဆွေးနွေးကြစို့။

အစိုးရသတင်းမီဒီယာတွေဟာ သတင်းယူဖို့အတွက် အခက်အခဲမရှိဘူး။ သွားလာရေးအတွက် ဖယ်ရီကားစီစဉ်ပေးတာ၊ သီးသန့် တက္ကစီကားတွေ စီစဉ်ပေးတာ၊ ဒါ့အပြင် ပြည်သူ့ဘဏ္ဍာငွေနဲ့ လုပ်ကိုင်နေရတာဖြစ်တော့ အရှုံးပေါ်မှာလည်း စိတ်ပူစရာမလိုဘူး။ ပြောချင်တာက သူတို့အတွက် သတင်းယူရတာ အစစအရာရာ အဆင်ပြေတယ်။

ပုဂ္ဂလိက သတင်းမီဒီယာတွေကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါ။ အခက်အခဲတွေ အများကြီးရှိတယ်။ သွားလာရေးအတွက်ဆိုရင် လိုင်းကားလောက်ပဲ စီးနိုင်တာယ်။ သတင်းယူပြီဆိုရင်လည်း ခွဲခြားဆက်ဆံခံရတာတွေ အများကြီးရှိတယ်။

ဌာနဆိုင်ရာနဲ့ ဝင်တာထွက်တာ၊ သတင်းယူတာတွေမှာဆိုရင် အဆိုးဆုံးပဲ။ အစိုးရသတင်းမီဒီယာတွေက ဌာနဆိုင်ရာက ပေးတဲ့အချက်အလက်ကိုသာ သတင်းရေးကြတယ်။ ပုဂ္ဂလိကမီဒီယာတွေကျတော့ ဌာနဆိုင်ရာက ပေးလိုက်တဲ့ အချက်အလက်တွေက မှန်ရဲ့လား၊ သူတို့ပြောလိုက်တဲ့စကားတွေက မှန်ရဲ့လား၊ ဘယ်နေရာမှာ ထိန်ချန်ထားတာလဲဆိုတာကို အမြန်တမ်းစမ်းစစ်နေလေ့ရှိတယ်။ ဒါဟာ အစိုးရသတင်းမီဒီယာတွေနဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေရဲ့ အဓိက ကွာခြားတဲ့အချက်ပါ။

ဒါကြောင့် ဒီမိုကရေစီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ဥပဒေပြုရေး၊ အပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို အဓိက စောင့်ကြည့်ထိန်းညှိနိုင်တဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် မီဒီယာတွေကို တင်စားထားတာ ဖြစ်ပါတယ်။

နောက်ထပ် ဆွေးနွေးလိုတာက အစိုးရက ခွင့်ပြုထားတဲ့ မီဒီယာ အမျိုးအစားပါ။ အစိုးရက မီဒီယာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အမျိုးအစား (၆) မျိုးကို ခွင့်ပြုထားပါတယ်။

ခွင့်ပြုတယ်ဆိုတာက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ချထားပေးတာကို ပြောတာပါ။ ဘယ်လိုအမျိုးအစားတွေ ပါဝင်လဲဆိုရင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေထုတ်ဝေခွင့်၊ သတင်းအေဂျင်စီနဲ့ ပုံနှိပ်လုပ်ငန်းတွေ ပါဝင်ပါတယ်။

လက်ရှိ ထွက်နေသေးတဲ့အခြေအနေနဲ့ ရပ်နားသွားတဲ့ အခြေအနေတွေကို ဒီဇယားမှာ ကြည့်နိုင်ပါတယ်။

စဉ် အမျိုးအစား ခွင့်ပြု ထွက်ရှိ မထွက် ပိတ်သိမ်း ဆောင်ရွက်ဆဲ
၁ သတင်းစာ ၄၆ ၂၃ ၂၃ – –
၂ ဂျာနယ် ၅၇၄ ၁၅၄ ၃၇၉ ၃၅ ၆
၃ မဂ္ဂဇင်း ၄၈၅ ၁၂၀ ၃၄၄ ၁၈ ၃
၄ အထွေထွေ ၁၆၃၂ ၁၅၈၀ – ၂၈ ၂၄
၅ သတင်းအေဂျင်စီ၂၃၉ ၂၃၇ – – ၂
၆ ပုံနှိပ်လုပ်ငန်း ၁၆၀၈ ၁၅၆၄ – ၄၂ ၂

ဒီဇယားကို ကြည့်ရင် ပုံနှိပ်မီဒီယာတွေ ကျဆင်းနေတာကို တွေ့ရမှာပါ။

ဒီနေရာမှာ သတင်းဖတ်ရှုတဲ့ပုံစံကို ဆက်ပြီးဆွေးနွေးလိုပါတယ်။ အရင်က သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာအုပ်တွေကို ကိုင်ပြီး ဖတ်ရှုနေတဲ့ အခြေအနေကနေ လက်ရှိကာလမှာတော့ အွန်လိုင်းပေါ်ကနေ သတင်းတွေ ဖတ်ရှုနေကြပါပြီ။ သတင်းဖတ်ရှုသူက အွန်လိုင်းကို အသုံးပြုပြီဆိုတော့ သတင်းစာဆရာတွေကလည်း အွန်လိုင်းဘက်ကို ခြေဦးလှည့်ရပါတယ်။

အဲဒီမှာ သတင်းစာဆရာတွေအနေနဲ့ ပထမဆုံးကြုံတွေ့ရတဲ့ အခက်အခဲကတော့ အွန်လိုင်းသတင်းဌာနတစ်ခု ဘယ်လို တည်ထောင်ကြမလဲဆိုတာပါ။ ဥရောပနိုင်ငံတွေမှာတော့Twitter တို့၊ Instagram တို့ ခေတ်စားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ Facebook ခေတ်စားတာဆိုတော့ Facebook ပေါ်မှာ သတင်းတင်ဆက်ဖို့ ကြိုးစားရပါတယ်။ Facebookပေါ်မှာ Page လေးတစ်ခုဖွင့်ပြီး သတင်းတင်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သတင်းတင်တိုင်း သတင်းဌာနမဟုတ်ပါဘူး။

အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနအောက်က မူပိုင်ခွင့်ရုံးမှာ လိုင်စင်လျှောက်ထားရပါတယ်။ လိုင်စင်လျှေိာက်ဖို့အတွက် Facebook ပေ့စ်လေးတစ်ခုရှိရုံနဲ့ မရပါဘူး။ Website လည်း တင်ပြရပါတယ်။ တခြားသတ်မှတ်ချက်တွေလည်း ရှိပါသေးတယ်။ အဲဒီသတ်မှတ်ချက်တွေနဲ့ညီမှ လိုင်စင်ရပါတယ်။ အဲဒီလိုင်စင်က သတင်းအေဂျင်စီလိုင်စင်ပါ။ ဒါကြောင့် အွန်လိုင်းသတင်းဌာနတွေ အားလုံးက သတင်းအေဂျင်စီခေါင်းစဉ်အောက်မှာ ရှိပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ ဇယားအရဆိုရင်တော့ မြန်မာနိုင်ငံမှာ လက်ရှိတရားဝင်သတင်းအေဂျင်စီ ၂၃၉ ခု ရှိပါတယ်။ အဲဒီစာရင်းမှာ မပါရင်တော့ တရားဝင်သတင်းဌာနမဟုတ်ပါဘူး။ စာဖတ်သူတွေအနေနဲ့ ကိုယ်ဖတ်နေတဲ့သတင်းတွေဟာ တရားဝင်သတင်းဌာနက တင်ပြတာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို အဲဒီစာရင်းတွေကနေ တိုက်ဆိုင်စစ်ဆေးကြည့်သင့်ပါတယ်။

ဘယ်မှာ စစ်ဆေးရမလဲဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာန Website ဖြစ်တဲ့ www.moi.org ထဲမှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ အဲဒီတော့ သတင်းအေဂျင်စီ လိုင်စင်ရပြီဆိုရင် တရားဝင်သတင်းဌာနတစ်ခု ဖြစ်ပါပြီ။ အွန်လိုင်းသတင်းဌာနတစ်ခုအတွက် လူဘယ်နှယောက်လိုမလဲဆိုရင် ၃ ယောက်ကနေ ၅ယောက်အထိ ရှိရင် တော်တော်လေး အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလူ ၅ယောက်စာအတွက် လစာဘယ်လို ပေးမလဲဆိုတာ စဉ်းစားရပါပြီ။ ဘယ်လောက်ကြာကြာ ရပ်တည်နိုင်မလဲဆိုတာလည်း စဉ်းစားရပါတယ်။ နောက်ဆုံး သူတို့တွေအတွက် လစာမပေးနိုင်ဘူးဆိုရင်တော့ ကိုယ်တစ်ယောက်တည်း လုပ်ရင်လည်း ရပါတယ်။

ကိုယ်တစ်ယောက်တည်း လုပ်မယ်ဆိုရင်တောင် သတင်းယူတဲ့အခါ သွားလာရေးစရိတ်တွေ၊ စားစရိတ်တွေ၊ အွန်လိုင်းပေါ်မှာ သတင်းတင်မှာဖြစ်တဲ့အတွက် အင်တာနက်ဖိုးတွေ အစရှိတဲ့ ကုန်ကျငွေတွေ ရှိပါတယ်။ အဲဒီအတွက် ဝင်ငွေဆိုတာ လိုပါတယ်။ အဲဒီတော့ ဒီဝင်ငွေကို ဘယ်သူက ပေးမှာလဲ။ ဒါက အွန်လိုင်းသတင်းဌာနတစ်ခုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။

ဒီအွန်လိုင်းသတင်းဌာနကို ဘယ်သူတွေလုပ်နေကြလဲ၊ ဘယ်သူတွေမြုပ်နှံနေကြလဲဆိုတာ ဆက်ပြီးဆွေးနွေးရရင် အုပ်စုသုံးခု ခွဲကြည့်နိုင်ပါတယ်။ ပထမအုပ်စုမှာ သတင်းကို ချစ်မြတ်နိုးတဲ့ သတင်းစာဆရာတွေ၊ ဒုတိယအုပ်စုမှာ ပိုက်ဆံရှာချင်တဲ့ သတင်းသမားတွေနဲ့ တတိယအုပ်စုမှာတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီကလူတွေအပြင် တခြားအဖွဲ့အစည်းက ပါဝင်လုပ်ကိုင်နေကြပါတယ်။

ဒီအုပ်စုသုံးခုထဲက ပထမဆုံးအုပ်စုကတော့ သတင်းကို ချစ်မြတ်နိုးလို့၊ သတင်းဖတ်သူတွေ သတင်းမှန်ဖတ်နိုင်ပါစေဆိုတဲ့စိတ်နဲ့ အွန်လိုင်းသတင်းဌာန တည်ထောင်ထားတာဆိုတော့ သူတို့အတွက် ဝင်ငွေ ပြဿနာက အမှန်တကယ်ကြုံတွေ့နေရတယ်။ သတင်းဌာနလေးကလည်း သေးသေးလေး၊ Like တို့ ၊ Follower တို့ကလည်း နည်းနည်းလေးပဲ ရှိတာဆိုတော့ သူတို့တင်ပြတဲ့သတင်းတွေ ကောင်းရင်တောင် သူတို့ကိုဘယ်သူမှ အဖတ်လုပ်လေ့ မရှိဘူး။ အဲဒီတော့ ဒီလိုလူတွေအတွက် စိန်ခေါ်မှုဆိုတာ တကယ့်ကို အကြီးကြီး ရင်ဆိုင်နေရတာပါ။ ဒီအထဲမှာ VOM လည်း အပါအဝင်ပါ။ အဲဒီလို သတင်းဌာနတွေအတွက် ဝင်ငွေဖြစ်အောင် နည်းပညာကူညီနိုင်မယ့်သူတွေရှိရင် ကူညီပေးဖို့လိုပါတယ်။

ဒုတိယအုပ်စုဖြစ်တဲ့ ပိုက်ဆံရှာချင်လို့ သတင်းဌာနထောင်တဲ့သူတွေအကြောင်း ဆက်ပြောချင်ပါတယ်။ ဒီအုပ်စုကလည်း သတင်းစာဆရာတွေပါပဲ။ သူတို့က ဒီသတင်းခေတ်ပျက်ကြီးကို တောင့်မခံနိုင်တော့တဲ့အတွက် ကိုယ်ပိုင်သတင်းဌာနထောင်ပြီး ပိုက်ဆံရှာဖို့ ကြိုးစားကြပါတော့တယ်။ သတင်းနဲ့ ဘယ်လိုပိုက်ဆံရှာသလဲဆိုတော့ ဥပမာ -ကုမ္ပဏီတစ်ခုက ပစ္စည်းမိတ်ဆက်တို့၊ အခမ်းအနားပွဲတို့ဆိုရင် ဒီအုပ်စုတွေကို ဖိတ်ပါတယ်။

အဲဒီသတင်းသမားတွေက ပစ္စည်းကြော်ငြာသတင်းကို သူတို့တည်ထောင်ထားတဲ့ ကိုယ်ပိုင်သတင်းဌာနမှာ သတင်းအနေနဲ့ဖော်ပြတယ်။ ပိုက်ဆံတောင်းတယ်။ ဒီလိုနည်းနဲ့ ပိုက်ဆံရှာကြတာကို ပြောတာပါ။

တတိယအုပ်စုကတော့၂၀၂၀ ရွေးကောက်ပွဲအတွက် မျှော်မှန်းပြီး သတင်းသမားတွေကို နောက်ကွယ်ကနေ ပိုက်ဆံထောက်ပံ့ပေးတယ်၊ ပြီးတော့ သတင်းဌာနတည်ထောင်ကြတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ သတင်းစာဆရာတွေအတွက်တော့ နည်းနည်းအန္တရာယ်များပါတယ်။

အဲဒီသတင်းစာဆရာတွေကို မေတ္တာရပ်ခံချင်တာက ပိုက်ဆံလိုအပ်ချက်အရ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ကို ယူကြပေမယ့် ကိုယ့်ရဲ့ သတင်းစာပညာတွေကို အဲဒီနိုင်ငံရေးသမားတွေနဲ့ အဖွဲ့အစည်းတွေကို အကုန်လုံး မမျှဝေမိဖို့ လိုပါတယ်။

ဘာလို့လဲဆိုတော့ ရိုးသားတဲ့ နိုင်ငံရေးသမားဆိုရင် ကိစ္စမရှိပေမယ့် သတင်းစာပညာကို အသုံးချပြီး ပြည်သူကို အဆိပ်ခတ်တတ်တဲ့ နိုင်ငံရေးသမားအသွင်ပြောင်း သတင်းသမားတွေဆိုရင်တော့ စာဖတ်သူနဲ့ ပြည်သူအတွက် စိုးရိမ်စရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေတော့ အဖြစ်မခံပါနဲ့လို့ ပြောလိုပါတယ်။၂၀၂၀ မတိုင်ခင် သတင်းအေဂျင်စီတွေကတော့ အများကြီးပေါ်လာဦးမှာပါ။ သူတို့ဘယ်လို ရည်ရွယ်ချက်တွေနဲ့ပဲ ပေါ်လာပါစေ၊ အဆုံးအဖြတ်ပေးမှာကတော့ စာဖတ်သူသာဖြစ်ပါတယ်။

နောက်ထပ် ပြောလိုတာကတော့ သတင်းစာဆရာတွေအနေနဲ့ သတင်းကိုချစ်မြတ်နိုးလို့ အခက်အခဲတွေကြားက သတင်းတွေကို တင်ပြနေကြတာပါ။သတင်းစာဆရာတွေရဲ့ ကာယစွမ်းအား၊ ဉာဏစွမ်းအားနဲ့ ကြိုးစားထားတဲ့ သတင်းတွေကို အွန်လိုင်းပေါ်ကနေထိုင်ပြီး သတင်းတွေ ခိုးမနေကြပါနဲ့။ သတင်းစာဆရာတွေရဲ့ အမှန်တကယ်ကြိုးစားအားထုတ်ထားတဲ့ သတင်းတွေကို ခိုးယူပြီး သာမန်ပေ့စ်လေးတစ်ခု တည်ထောင်ကြတဲ့ သတင်းသူခိုးတွေအနေနဲ့ စီးပွားရေးမလုပ်ကြပါနဲ့။သတင်းနဲ့ စီးပွားရေးလုပ်ချင်ကြတယ်ဆိုရင်လည်း တရားဝင်သတင်းဌာနဖြစ်အောင် အရင်ဆုံးလုပ်ပြီး ကျွမ်းကျင်တဲ့ သတင်းစာဆရာတွေ ခန့်ထားကြပါလို့ မေတ္တာရပ်ခံပါတယ်။

သတင်းသူခိုးပေ့စ်တွေကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ရှာဖွေဖော်ထုတ် ကြေညာပေးခဲ့ပေမယ့် လုံလောက်မှုမရှိသေးပါဘူး။ သတင်းသူခိုးတွေဟာ ရှိနေဆဲပါ။ ဒီကိစ္စတွေကို အစိုးရက Facebook စောင့်ကြည့်ရေးအတွက် ပိုက်ဆံတွေ သုံးထားတာမို့ အစိုးရကလည်း သတင်းမီဒီယာတွေရဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကူညီပေးဖို့ လိုပါတယ်။

နိဂုံးချုပ်ရရင် သတင်းစာဆရာတွေလည်း ခေတ်နဲ့အညီ သတင်းဌာနတွေ တည်ထောင်နိုင်ကြပါစေ၊ သတင်းကိုလည်း အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြပါစေ။ ပြီးတော့ ရေရှည်ရပ်တည်နိုင်ဖို့အတွက်လည်း ကူညီနိုင်မယ့်သူတွေ ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။ သတင်းမီဒီယာတွေ ရေရှည်ရပ်တည်နိုင်ကြပါစေ။ ။

#VOM #voiceofmyanmar #မီဒီယာ #အနာဂတ်

Zawgyi

“မီဒီယာနဲ႔ အနာဂတ္လားရာ”

ေအာင္ထူးႏိုင္(VOM)

လက္ရွိကာလမွာ သတင္းမီဒီယာေတြ ဘယ္လို ရပ္တည္ေနၾကရသလဲဆိုတာကို အရင္ဆုံးေဆြးေႏြးလိုတယ္။ အစိုးရသတင္းမီဒီယာေတြနဲ႔ ပုဂၢလိကသတင္းမီဒီယာေတြရဲ႕ ကြာျခားခ်က္ကို ေဆြးေႏြးၾကစို႔။

အစိုးရသတင္းမီဒီယာေတြဟာ သတင္းယူဖို႔အတြက္ အခက္အခဲမရွိဘူး။ သြားလာေရးအတြက္ ဖယ္ရီကားစီစဥ္ေပးတာ၊ သီးသန႔္ တကၠစီကားေတြ စီစဥ္ေပးတာ၊ ဒါ့အျပင္ ျပည္သူ႔ဘ႑ာေငြနဲ႔ လုပ္ကိုင္ေနရတာျဖစ္ေတာ့ အရႈံးေပၚမွာလည္း စိတ္ပူစရာမလိုဘူး။ ေျပာခ်င္တာက သူတို႔အတြက္ သတင္းယူရတာ အစစအရာရာ အဆင္ေျပတယ္။

ပုဂၢလိက သတင္းမီဒီယာေတြကေတာ့ သူတို႔နဲ႔ ဆန႔္က်င္ဘက္ပါ။ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။ သြားလာေရးအတြက္ဆိုရင္ လိုင္းကားေလာက္ပဲ စီးႏိုင္တာယ္။ သတင္းယူၿပီဆိုရင္လည္း ခြဲျခားဆက္ဆံခံရတာေတြ အမ်ားႀကီးရွိတယ္။

ဌာနဆိုင္ရာနဲ႔ ဝင္တာထြက္တာ၊ သတင္းယူတာေတြမွာဆိုရင္ အဆိုးဆုံးပဲ။ အစိုးရသတင္းမီဒီယာေတြက ဌာနဆိုင္ရာက ေပးတဲ့အခ်က္အလက္ကိုသာ သတင္းေရးၾကတယ္။ ပုဂၢလိကမီဒီယာေတြက်ေတာ့ ဌာနဆိုင္ရာက ေပးလိုက္တဲ့ အခ်က္အလက္ေတြက မွန္ရဲ႕လား၊ သူတို႔ေျပာလိုက္တဲ့စကားေတြက မွန္ရဲ႕လား၊ ဘယ္ေနရာမွာ ထိန္ခ်န္ထားတာလဲဆိုတာကို အျမန္တမ္းစမ္းစစ္ေနေလ့ရွိတယ္။ ဒါဟာ အစိုးရသတင္းမီဒီယာေတြနဲ႔ ပုဂၢလိကသတင္းမီဒီယာေတြရဲ႕ အဓိက ကြာျခားတဲ့အခ်က္ပါ။

ဒါေၾကာင့္ ဒီမိုကေရစီရဲ႕ ေဒါက္တိုင္ေတြျဖစ္တဲ့ ဥပေဒျပဳေရး၊ အပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးဆိုတဲ့ မ႑ိဳင္ႀကီးသုံးခုကို အဓိက ေစာင့္ၾကည့္ထိန္းညႇိႏိုင္တဲ့ စတုတၳမ႑ိဳင္အျဖစ္ မီဒီယာေတြကို တင္စားထားတာ ျဖစ္ပါတယ္။

ေနာက္ထပ္ ေဆြးေႏြးလိုတာက အစိုးရက ခြင့္ျပဳထားတဲ့ မီဒီယာ အမ်ိဳးအစားပါ။ အစိုးရက မီဒီယာလုပ္ငန္းနဲ႔ပတ္သက္ၿပီးေတာ့ အမ်ိဳးအစား (၆) မ်ိဳးကို ခြင့္ျပဳထားပါတယ္။

ခြင့္ျပဳတယ္ဆိုတာက လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ ခ်ထားေပးတာကို ေျပာတာပါ။ ဘယ္လိုအမ်ိဳးအစားေတြ ပါဝင္လဲဆိုရင္ သတင္းစာ၊ ဂ်ာနယ္၊ မဂၢဇင္း၊ အေထြေထြထုတ္ေဝခြင့္၊ သတင္းေအဂ်င္စီနဲ႔ ပုံႏွိပ္လုပ္ငန္းေတြ ပါဝင္ပါတယ္။

လက္ရွိ ထြက္ေနေသးတဲ့အေျခအေနနဲ႔ ရပ္နားသြားတဲ့ အေျခအေနေတြကို ဒီဇယားမွာ ၾကည့္ႏိုင္ပါတယ္။

စဥ္ အမ်ိဳးအစား ခြင့္ျပဳ ထြက္ရွိ မထြက္ ပိတ္သိမ္း ေဆာင္႐ြက္ဆဲ
၁ သတင္းစာ ၄၆ ၂၃ ၂၃ – –
၂ ဂ်ာနယ္ ၅၇၄ ၁၅၄ ၃၇၉ ၃၅ ၆
၃ မဂၢဇင္း ၄၈၅ ၁၂၀ ၃၄၄ ၁၈ ၃
၄ အေထြေထြ ၁၆၃၂ ၁၅၈၀ – ၂၈ ၂၄
၅ သတင္းေအဂ်င္စီ၂၃၉ ၂၃၇ – – ၂
၆ ပုံႏွိပ္လုပ္ငန္း ၁၆၀၈ ၁၅၆၄ – ၄၂ ၂

ဒီဇယားကို ၾကည့္ရင္ ပုံႏွိပ္မီဒီယာေတြ က်ဆင္းေနတာကို ေတြ႕ရမွာပါ။

ဒီေနရာမွာ သတင္းဖတ္ရႈတဲ့ပုံစံကို ဆက္ၿပီးေဆြးေႏြးလိုပါတယ္။ အရင္က သတင္းစာေတြ၊ ဂ်ာနယ္ေတြ၊ စာအုပ္ေတြကို ကိုင္ၿပီး ဖတ္ရႈေနတဲ့ အေျခအေနကေန လက္ရွိကာလမွာေတာ့ အြန္လိုင္းေပၚကေန သတင္းေတြ ဖတ္ရႈေနၾကပါၿပီ။ သတင္းဖတ္ရႈသူက အြန္လိုင္းကို အသုံးျပဳၿပီဆိုေတာ့ သတင္းစာဆရာေတြကလည္း အြန္လိုင္းဘက္ကို ေျခဦးလွည့္ရပါတယ္။

အဲဒီမွာ သတင္းစာဆရာေတြအေနနဲ႔ ပထမဆုံးႀကဳံေတြ႕ရတဲ့ အခက္အခဲကေတာ့ အြန္လိုင္းသတင္းဌာနတစ္ခု ဘယ္လို တည္ေထာင္ၾကမလဲဆိုတာပါ။ ဥေရာပႏိုင္ငံေတြမွာေတာ့Twitter တို႔၊ Instagram တို႔ ေခတ္စားၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ Facebook ေခတ္စားတာဆိုေတာ့ Facebook ေပၚမွာ သတင္းတင္ဆက္ဖို႔ ႀကိဳးစားရပါတယ္။ Facebookေပၚမွာ Page ေလးတစ္ခုဖြင့္ၿပီး သတင္းတင္ေနတဲ့ သူေတြလည္း ရွိပါတယ္။ ဒါေပမယ့္ သတင္းတင္တိုင္း သတင္းဌာနမဟုတ္ပါဘူး။

အြန္လိုင္းသတင္းဌာနတစ္ခုျဖစ္ဖို႔အတြက္ ျပန္ၾကားေရးဝန္ႀကီးဌာနေအာက္က မူပိုင္ခြင့္႐ုံးမွာ လိုင္စင္ေလွ်ာက္ထားရပါတယ္။ လိုင္စင္ေလွ်ိာက္ဖို႔အတြက္ Facebook ေပ့စ္ေလးတစ္ခုရွိ႐ုံနဲ႔ မရပါဘူး။ Website လည္း တင္ျပရပါတယ္။ တျခားသတ္မွတ္ခ်က္ေတြလည္း ရွိပါေသးတယ္။ အဲဒီသတ္မွတ္ခ်က္ေတြနဲ႔ညီမွ လိုင္စင္ရပါတယ္။ အဲဒီလိုင္စင္က သတင္းေအဂ်င္စီလိုင္စင္ပါ။ ဒါေၾကာင့္ အြန္လိုင္းသတင္းဌာနေတြ အားလုံးက သတင္းေအဂ်င္စီေခါင္းစဥ္ေအာက္မွာ ရွိပါတယ္။

အေပၚမွာ ေဖာ္ျပထားတဲ့ ဇယားအရဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာ လက္ရွိတရားဝင္သတင္းေအဂ်င္စီ ၂၃၉ ခု ရွိပါတယ္။ အဲဒီစာရင္းမွာ မပါရင္ေတာ့ တရားဝင္သတင္းဌာနမဟုတ္ပါဘူး။ စာဖတ္သူေတြအေနနဲ႔ ကိုယ္ဖတ္ေနတဲ့သတင္းေတြဟာ တရားဝင္သတင္းဌာနက တင္ျပတာ ဟုတ္လား၊ မဟုတ္ဘူးလားဆိုတာကို အဲဒီစာရင္းေတြကေန တိုက္ဆိုင္စစ္ေဆးၾကည့္သင့္ပါတယ္။

ဘယ္မွာ စစ္ေဆးရမလဲဆိုေတာ့ ျပန္ၾကားေရးဝန္ႀကီးဌာန Website ျဖစ္တဲ့ www.moi.org ထဲမွာ ဝင္ေရာက္စစ္ေဆးႏိုင္ပါတယ္။ အဲဒီေတာ့ သတင္းေအဂ်င္စီ လိုင္စင္ရၿပီဆိုရင္ တရားဝင္သတင္းဌာနတစ္ခု ျဖစ္ပါၿပီ။ အြန္လိုင္းသတင္းဌာနတစ္ခုအတြက္ လူဘယ္ႏွေယာက္လိုမလဲဆိုရင္ ၃ ေယာက္ကေန ၅ေယာက္အထိ ရွိရင္ ေတာ္ေတာ္ေလး အလုပ္ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီလူ ၅ေယာက္စာအတြက္ လစာဘယ္လို ေပးမလဲဆိုတာ စဥ္းစားရပါၿပီ။ ဘယ္ေလာက္ၾကာၾကာ ရပ္တည္ႏိုင္မလဲဆိုတာလည္း စဥ္းစားရပါတယ္။ ေနာက္ဆုံး သူတို႔ေတြအတြက္ လစာမေပးႏိုင္ဘူးဆိုရင္ေတာ့ ကိုယ္တစ္ေယာက္တည္း လုပ္ရင္လည္း ရပါတယ္။

ကိုယ္တစ္ေယာက္တည္း လုပ္မယ္ဆိုရင္ေတာင္ သတင္းယူတဲ့အခါ သြားလာေရးစရိတ္ေတြ၊ စားစရိတ္ေတြ၊ အြန္လိုင္းေပၚမွာ သတင္းတင္မွာျဖစ္တဲ့အတြက္ အင္တာနက္ဖိုးေတြ အစရွိတဲ့ ကုန္က်ေငြေတြ ရွိပါတယ္။ အဲဒီအတြက္ ဝင္ေငြဆိုတာ လိုပါတယ္။ အဲဒီေတာ့ ဒီဝင္ေငြကို ဘယ္သူက ေပးမွာလဲ။ ဒါက အြန္လိုင္းသတင္းဌာနတစ္ခုအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈပါပဲ။

ဒီအြန္လိုင္းသတင္းဌာနကို ဘယ္သူေတြလုပ္ေနၾကလဲ၊ ဘယ္သူေတြျမဳပ္ႏွံေနၾကလဲဆိုတာ ဆက္ၿပီးေဆြးေႏြးရရင္ အုပ္စုသုံးခု ခြဲၾကည့္ႏိုင္ပါတယ္။ ပထမအုပ္စုမွာ သတင္းကို ခ်စ္ျမတ္ႏိုးတဲ့ သတင္းစာဆရာေတြ၊ ဒုတိယအုပ္စုမွာ ပိုက္ဆံရွာခ်င္တဲ့ သတင္းသမားေတြနဲ႔ တတိယအုပ္စုမွာေတာ့ ႏိုင္ငံေရးသမားေတြ၊ ႏိုင္ငံေရးပါတီကလူေတြအျပင္ တျခားအဖြဲ႕အစည္းက ပါဝင္လုပ္ကိုင္ေနၾကပါတယ္။

ဒီအုပ္စုသုံးခုထဲက ပထမဆုံးအုပ္စုကေတာ့ သတင္းကို ခ်စ္ျမတ္ႏိုးလို႔၊ သတင္းဖတ္သူေတြ သတင္းမွန္ဖတ္ႏိုင္ပါေစဆိုတဲ့စိတ္နဲ႔ အြန္လိုင္းသတင္းဌာန တည္ေထာင္ထားတာဆိုေတာ့ သူတို႔အတြက္ ဝင္ေငြ ျပႆနာက အမွန္တကယ္ႀကဳံေတြ႕ေနရတယ္။ သတင္းဌာနေလးကလည္း ေသးေသးေလး၊ Like တို႔ ၊ Follower တို႔ကလည္း နည္းနည္းေလးပဲ ရွိတာဆိုေတာ့ သူတို႔တင္ျပတဲ့သတင္းေတြ ေကာင္းရင္ေတာင္ သူတို႔ကိုဘယ္သူမွ အဖတ္လုပ္ေလ့ မရွိဘူး။ အဲဒီေတာ့ ဒီလိုလူေတြအတြက္ စိန္ေခၚမႈဆိုတာ တကယ့္ကို အႀကီးႀကီး ရင္ဆိုင္ေနရတာပါ။ ဒီအထဲမွာ VOM လည္း အပါအဝင္ပါ။ အဲဒီလို သတင္းဌာနေတြအတြက္ ဝင္ေငြျဖစ္ေအာင္ နည္းပညာကူညီႏိုင္မယ့္သူေတြရွိရင္ ကူညီေပးဖို႔လိုပါတယ္။

ဒုတိယအုပ္စုျဖစ္တဲ့ ပိုက္ဆံရွာခ်င္လို႔ သတင္းဌာနေထာင္တဲ့သူေတြအေၾကာင္း ဆက္ေျပာခ်င္ပါတယ္။ ဒီအုပ္စုကလည္း သတင္းစာဆရာေတြပါပဲ။ သူတို႔က ဒီသတင္းေခတ္ပ်က္ႀကီးကို ေတာင့္မခံႏိုင္ေတာ့တဲ့အတြက္ ကိုယ္ပိုင္သတင္းဌာနေထာင္ၿပီး ပိုက္ဆံရွာဖို႔ ႀကိဳးစားၾကပါေတာ့တယ္။ သတင္းနဲ႔ ဘယ္လိုပိုက္ဆံရွာသလဲဆိုေတာ့ ဥပမာ -ကုမၸဏီတစ္ခုက ပစၥည္းမိတ္ဆက္တို႔၊ အခမ္းအနားပြဲတို႔ဆိုရင္ ဒီအုပ္စုေတြကို ဖိတ္ပါတယ္။

အဲဒီသတင္းသမားေတြက ပစၥည္းေၾကာ္ျငာသတင္းကို သူတို႔တည္ေထာင္ထားတဲ့ ကိုယ္ပိုင္သတင္းဌာနမွာ သတင္းအေနနဲ႔ေဖာ္ျပတယ္။ ပိုက္ဆံေတာင္းတယ္။ ဒီလိုနည္းနဲ႔ ပိုက္ဆံရွာၾကတာကို ေျပာတာပါ။

တတိယအုပ္စုကေတာ့၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ေမွ်ာ္မွန္းၿပီး သတင္းသမားေတြကို ေနာက္ကြယ္ကေန ပိုက္ဆံေထာက္ပံ့ေပးတယ္၊ ၿပီးေတာ့ သတင္းဌာနတည္ေထာင္ၾကတယ္။ ဒီအုပ္စုမွာ ပါဝင္တဲ့ သတင္းစာဆရာေတြအတြက္ေတာ့ နည္းနည္းအႏၲရာယ္မ်ားပါတယ္။

အဲဒီသတင္းစာဆရာေတြကို ေမတၱာရပ္ခံခ်င္တာက ပိုက္ဆံလိုအပ္ခ်က္အရ ႏိုင္ငံေရးပါတီေတြ၊ အဖြဲ႕အစည္းေတြရဲ႕ အေထာက္အပံ့ကို ယူၾကေပမယ့္ ကိုယ့္ရဲ႕ သတင္းစာပညာေတြကို အဲဒီႏိုင္ငံေရးသမားေတြနဲ႔ အဖြဲ႕အစည္းေတြကို အကုန္လုံး မမွ်ေဝမိဖို႔ လိုပါတယ္။

ဘာလို႔လဲဆိုေတာ့ ႐ိုးသားတဲ့ ႏိုင္ငံေရးသမားဆိုရင္ ကိစၥမရွိေပမယ့္ သတင္းစာပညာကို အသုံးခ်ၿပီး ျပည္သူကို အဆိပ္ခတ္တတ္တဲ့ ႏိုင္ငံေရးသမားအသြင္ေျပာင္း သတင္းသမားေတြဆိုရင္ေတာ့ စာဖတ္သူနဲ႔ ျပည္သူအတြက္ စိုးရိမ္စရာ ကိစၥရပ္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုကိစၥေတြေတာ့ အျဖစ္မခံပါနဲ႔လို႔ ေျပာလိုပါတယ္။၂၀၂၀ မတိုင္ခင္ သတင္းေအဂ်င္စီေတြကေတာ့ အမ်ားႀကီးေပၚလာဦးမွာပါ။ သူတို႔ဘယ္လို ရည္႐ြယ္ခ်က္ေတြနဲ႔ပဲ ေပၚလာပါေစ၊ အဆုံးအျဖတ္ေပးမွာကေတာ့ စာဖတ္သူသာျဖစ္ပါတယ္။

ေနာက္ထပ္ ေျပာလိုတာကေတာ့ သတင္းစာဆရာေတြအေနနဲ႔ သတင္းကိုခ်စ္ျမတ္ႏိုးလို႔ အခက္အခဲေတြၾကားက သတင္းေတြကို တင္ျပေနၾကတာပါ။သတင္းစာဆရာေတြရဲ႕ ကာယစြမ္းအား၊ ဉာဏစြမ္းအားနဲ႔ ႀကိဳးစားထားတဲ့ သတင္းေတြကို အြန္လိုင္းေပၚကေနထိုင္ၿပီး သတင္းေတြ ခိုးမေနၾကပါနဲ႔။ သတင္းစာဆရာေတြရဲ႕ အမွန္တကယ္ႀကိဳးစားအားထုတ္ထားတဲ့ သတင္းေတြကို ခိုးယူၿပီး သာမန္ေပ့စ္ေလးတစ္ခု တည္ေထာင္ၾကတဲ့ သတင္းသူခိုးေတြအေနနဲ႔ စီးပြားေရးမလုပ္ၾကပါနဲ႔။သတင္းနဲ႔ စီးပြားေရးလုပ္ခ်င္ၾကတယ္ဆိုရင္လည္း တရားဝင္သတင္းဌာနျဖစ္ေအာင္ အရင္ဆုံးလုပ္ၿပီး ကြၽမ္းက်င္တဲ့ သတင္းစာဆရာေတြ ခန႔္ထားၾကပါလို႔ ေမတၱာရပ္ခံပါတယ္။

သတင္းသူခိုးေပ့စ္ေတြကို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက ရွာေဖြေဖာ္ထုတ္ ေၾကညာေပးခဲ့ေပမယ့္ လုံေလာက္မႈမရွိေသးပါဘူး။ သတင္းသူခိုးေတြဟာ ရွိေနဆဲပါ။ ဒီကိစၥေတြကို အစိုးရက Facebook ေစာင့္ၾကည့္ေရးအတြက္ ပိုက္ဆံေတြ သုံးထားတာမို႔ အစိုးရကလည္း သတင္းမီဒီယာေတြရဲ႕ ေရရွည္ရပ္တည္ႏိုင္ေရးအတြက္ ကူညီေပးဖို႔ လိုပါတယ္။

နိဂုံးခ်ဳပ္ရရင္ သတင္းစာဆရာေတြလည္း ေခတ္နဲ႔အညီ သတင္းဌာနေတြ တည္ေထာင္ႏိုင္ၾကပါေစ၊ သတင္းကိုလည္း အမွန္တကယ္ ခ်စ္ျမတ္ႏိုးသူမ်ား ျဖစ္ၾကပါေစ။ ၿပီးေတာ့ ေရရွည္ရပ္တည္ႏိုင္ဖို႔အတြက္လည္း ကူညီႏိုင္မယ့္သူေတြ ေပၚလာပါေစလို႔ ဆုေတာင္းပါတယ္။ သတင္းမီဒီယာေတြ ေရရွည္ရပ္တည္ႏိုင္ၾကပါေစ။ ။

#VOM #voiceofmyanmar #မီဒီယာ #အနာဂတ္

Related posts

Leave a Comment

VOM News

FREE
VIEW