စစ်ကိုင်းတိုင်းအတွင်းမှာ မူးယစ်ဆေးဝါးမှု နေ့စဉ် ၇ မှုခန့် ဖမ်းဆီးနေရ

မုံရွာ ဒီဇင်ဘာ ၁၇-၂၀၁၉
မောင်တာရာ(VOM)

စစ်ကိုင်းတိုင်းအတွင်းမှာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး နေ့စဉ် ခြောက်မှု နှင့် ခုနှစ်မှုကြား ဖမ်းဆီးရမိနေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။

ဒီကနေ့မနက်ပိုင်း ဗန်းမောက်မြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ လူထုတွေ့ဆုံပွဲမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

”တခါတလေဆို တရက်ကို (၁၀)မှု နဲ့၊(၁၁)မှု၊ပုံမှန်ကတော့ ပျမ်းမျှတွက်လိုက်ရင် (၆)မှု နဲ့ (၇)မှုကြားမှာ နေ့စဉ်ကို ဖမ်းနေတယ်။ အချုပ်ထဲမှာ ကြည်ကြည့် ၊ ထောင်ထဲမှာ ကြည့်ကြည့်၊ မူးယစ်ဆေးဝါးက အများဆုံးဖမ်းမိရမိနေတာ ဖြစ်ပါတယ်၊ သုံးပုံးနှစ်ပုံလောက်က အကျဉ်းထောင်တွေမှာ ရဲစခန်းအချုပ်တွေမှာ ဒီဟာနဲ့ပဲ ဖမ်းဆီးအရေးယူတာဖြစ်ပါတယ် ”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ပပျောက်ဖို့အတွက် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဖို့လိုအပ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ တွေ့ရှိရင်လည်း ပြည်သူတွေ အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို သတင်းပေးတိုင်းကြားကြဖို့ ဗိုလ်မှူးကြီးသန်းထွန်းအောင်က တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #မူးယစ်ဆေး

Zawgyi

စစ္ကုိင္းတုိင္းအတြင္းမွာ မူးယစ္ေဆးဝါးမႈ ေန႔စဥ္ ၇ မႈခန္႔ ဖမ္းဆီးေနရ

မုံရြာ ဒီဇင္ဘာ ၁၇-၂၀၁၉
ေမာင္တာရာ(VOM)

စစ္ကုိင္းတုိင္းအတြင္းမွာ မူးယစ္ေဆးဝါး နဲ႕ ပတ္သက္ၿပီး ေန႔စဥ္ ေၿခာက္မႈ ႏွင့္ ခုႏွစ္မႈႀကား ဖမ္းဆီးရမိေနတယ္လုိ႔ စစ္ကုိင္းတုိင္းအစုိးရအဖြဲ႕ကေန သိရပါတယ္။

ဒီကေန႕မနက္ပုိင္း ဗန္းေမာက္ၿမဳိ႕ ၿမဳိ႕ေတာ္ခန္းမမွာ က်င္းပတဲ့ စစ္ကုိင္းတုိင္းအစုိးရအဖြဲ႕နဲ႕ လူထုေတြ႕ဆုံပြဲမွာ စစ္ကိုင္းတုိင္းအစိုးရအဖြဲ႔ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးသန္းထြန္းေအာင္က ေၿပာႀကားခဲ့တာၿဖစ္ပါတယ္။

”တခါတေလဆုိ တရက္ကုိ (၁၀)မႈ နဲ႕၊(၁၁)မႈ၊ပုံမွန္ကေတာ့ ပ်မ္းမ်ွတြက္လုိက္ရင္ (၆)မႈ နဲ႕ (၇)မႈႀကားမွာ ေန႕စဥ္ကုိ ဖမ္းေနတယ္။ အခ်ဳပ္ထဲမွာ ႀကည္ႀကည့္ ၊ ေထာင္ထဲမွာ ႀကည့္ႀကည့္၊ မူးယစ္ေဆးဝါးက အမ်ားဆုံးဖမ္းမိရမိေနတာ ၿဖစ္ပါတယ္၊ သုံးပုံးႏွစ္ပုံေလာက္က အက်ဥ္းေထာင္ေတြမွာ ရဲစခန္းအခ်ဳပ္ေတြမွာ ဒီဟာနဲ႔ပဲ ဖမ္းဆီးအေရးယူတာၿဖစ္ပါတယ္ ”လို႔ စစ္ကုိင္းတုိင္းအစုိးရအဖြဲ႕ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးသန္းထြန္းေအာင္က ေၿပာပါတယ္။

မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈေတြ ပေပ်ာက္ဖို႔အတြက္ ျပည္သူလူထုကလည္း ပူးေပါင္းပါဝင္ဖို႔လုိအပ္ၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားတာေတြ ေတြ႕ရွိရင္လည္း ၿပည္သူေတြ အေနနဲ႕ သက္ဆုိင္ရာတာဝန္ရွိသူေတြကုိ သတင္းေပးတုိင္းႀကားႀကဖို႔ ဗိုလ္မႉးႀကီးသန္းထြန္းေအာင္က ေတြ႔ဆံုပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #မူးယစ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW