အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၂ဦး ထက်မံနှုတ်ထွက်

နေပြည်တော်၊ ဒီဇင်ဘာ ၁၇-၂၀၁၉ ကိုထွန်း(VOM) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ(၄၅ဦးကော်မတီ)ထဲကနေ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၂ဦး ထက်မံနှုတ်ထွက်သွားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၆ရက်နေ့နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယကဦးတီခွန်မြတ်ကလည်း သူတို့ရဲ့ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ “ ဒုတိယအကြိမ်ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေပြင်ဆင်တဲ့ မှုကြမ်းတွေ ၅ခုတင်ထားတယ်၊ အခြေခံဥပဒေရဲ့ အခန်း၁၂က ပြဌာန်းထားတဲ့အတိုင်း တင်ထားတယ်၊ အဲ့ဒီလိုတင်ထားတာကို လွှတ်တော်က လက်ခံဆွေးနွေးမှု မပြုတာပေါ့၊ လက်ရှိ ၄၅ဦးကော်မတီရှိတယ်။ သူတို့တွေမှာလည်း သက်မှတ်ထားတဲ့ ဦးတည်ချက်တွေရှိတယ်။ ဒီမိုကရေစီစံနူန်းနဲ့မကိုက်ညီဘူး ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရှိဘူးတို့ ၊ ရှေ့နောက်မညီညွတ်တာတို့ ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့်အချက်တွေနဲ့ ပက်သက်ပြီး မပြည့်စုံတာတို့၊ တိုင်းရင်းသားတွေ အခွင့်အရေးအပြည့်အဝမရဘူးတို့၊ စတဲ့ သူတို့ဖော်ပြထားတဲ့ အချက်တွေရှိတယ်လေ၊ အဲ့ဒီအချက်နဲ့ပက်သက်တဲ့ ပြင်ဆင်မှုတွေမတွေ့ရဘူးပေါ့လေ ၊ ထိထိရောက်ရောက်ပြင်တာ မရှိဘူးပေါ့၊ ပြည်သူတွေရဲ့ စစ်မှန်တဲ့…

Read More

စစ်ကိုင်းတိုင်းအတွင်းမှာ မူးယစ်ဆေးဝါးမှု နေ့စဉ် ၇ မှုခန့် ဖမ်းဆီးနေရ

မုံရွာ ဒီဇင်ဘာ ၁၇-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းတိုင်းအတွင်းမှာ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး နေ့စဉ် ခြောက်မှု နှင့် ခုနှစ်မှုကြား ဖမ်းဆီးရမိနေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ဗန်းမောက်မြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ လူထုတွေ့ဆုံပွဲမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ”တခါတလေဆို တရက်ကို (၁၀)မှု နဲ့၊(၁၁)မှု၊ပုံမှန်ကတော့ ပျမ်းမျှတွက်လိုက်ရင် (၆)မှု နဲ့ (၇)မှုကြားမှာ နေ့စဉ်ကို ဖမ်းနေတယ်။ အချုပ်ထဲမှာ ကြည်ကြည့် ၊ ထောင်ထဲမှာ ကြည့်ကြည့်၊ မူးယစ်ဆေးဝါးက အများဆုံးဖမ်းမိရမိနေတာ ဖြစ်ပါတယ်၊ သုံးပုံးနှစ်ပုံလောက်က အကျဉ်းထောင်တွေမှာ ရဲစခန်းအချုပ်တွေမှာ ဒီဟာနဲ့ပဲ ဖမ်းဆီးအရေးယူတာဖြစ်ပါတယ် ”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ပပျောက်ဖို့အတွက် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဖို့လိုအပ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ…

Read More

ဘူးသီးတာင်မြို့နယ် NLD ဥက္ကဌ ဦးရဲသိန်းကို လွှတ်ပေးဖို့မရှိသေးဘူးလို့ အေအေပြော

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၇-၂၀၁၉ ခိုင်လင်းစံ (VOM) အေအေရဲ့ဖမ်းဆီးခြင်းကိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဌ ဦးရဲသိန်းကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့အတွက် NLD ပါတီကနေ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင်ကို ထုန်ပြန်လိုက်ပါတယ်။ အဲ့ဒီကြေညာချက်ကို ထုတ်ပြန်ရတာဟာ ဖမ်းဆီးခံထားရတဲ့ ဦးရဲသိန်းဟာ ပါတီတာဝန်တွေကို ရိုးရိုးသားသား လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ၊ သူ့ကိုပြန်လည်လွှတ်ပေးစေချင်တဲ့အတွက် ပါတီကနေ တာဝန်အရထုတ်ပြန်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် NLD ပါတီကနေသိရပါတယ်။ “ကိုရဲသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ICJ မှာ သွားရောက်ဖြေရှင်းတာကို ထောက်ခံပွဲလုပ်ဖို့အတွက် စည်းရုံးနေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်။ သူက ပါတီလုပ်ငန်းတွေကို လုပ်နေတာဖြစ်တယ်။ မြို့နယ်ဥက္ကဌ တစ်ယောက်လည်းဖြစ်တဲ့အတွက် ပါတီကနေ လုပ်သင့်တဲ့အတွက် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်တယ်”လို့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဌ ဦးစိုးလေးက ပြောပါတယ်။ NLD ပါတီကတော့ ဖမ်းဆီးခံနေရတဲ့ ဦးရဲသိန်းကို ပြန်လည်လွှတ်ပေးဖို့…

Read More

သမ္မတဟောင်း ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်ကို ပါကစ္စတန်တရားရုံးက သေဒါဏ်ချ

အစ္စလာမ္မဘတ်၊ ဒီဇင်ဘာ-၁၇-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်သမ္မတဟောင်း ဗိုလ်ချုပ်ကြီးပါဗက်မူရှာရက်ဖ်ကို မြို့တော်အစ္စလာမ္မဘတ်မှာ အထူးတရားရုံးက ကြားနာမှုပြုလုပ်ပြီးနောက် သေဒါဏ်ချမှတ်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက သူ့အပေါ်ဆိုင်းငံ့ထားခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှု စွဲချက်အပေါ် အဖွဲ့ဝင်သုံးဦးပါတဲ့ အထူးတရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။ မစ္စတာမူရှာရက်ဖ်ဟာ ပါကစ္စတန်နိုင်ငံမှာ ၁၉၉၉ ခုနှစ်အတွင်း စစ်အာဏာသိမ်းခဲ့ပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဆေးဝါးကုသဖို့အတွက် သူ့ကိုပါကစ္စတန်ကနေ ထွက်ခွာခွင့်ပြုပြီးနောက် လက်ရှိအချိန်ထိ ဒူဘိုင်းမှာနေထိုင်လျက်ရှိပါတယ်။ သူ့အပေါ် နိုင်ငံတော်ပုန်ကန်ကြောင်း စွဲချက်တွေဟာ သူ့ရဲ့ရာထူးသက်တမ်းကိုတိုးဖို့ရည်ရွယ်ပြီး ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ကာ အရေးပေါ်အုပ်ချုပ်ရေးဥပဒေပြဌာန်းခဲ့တာတွေနဲ့ ဆက်စပ်နေပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ရန်လုပ်ဆောင်ခြင်းအတွက် တရားစွဲဆိုခံရတဲ့ ပထမဆုံး အာဏာသိမ်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ Ref : BBC Photo: Getty Images #VOM #voiceofmyanmar…

Read More

ရပ်ကျေးစာရေးမက လယ်ယာမြေတွေကို မတရားသိမ်းထားတယ်လို့ဆိုကာ သိမ်းဆည်းခံတောင်သူတွေက မြေသိမ်းတိုက်ပွဲပြုလုပ်

ပေါင် ၊ ဒီဇင်ဘာ ၁၇-၂၀၁၉ မိုးယံ(VOM) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်(စံပြ)ကျေးရွာအုပ်စု၊ သဲအိမ်ရွာမှ ာ နှစ်ပေါင်းနှစ်ဆယ်ကျော်က ဓားမဦးချလုပ်ကိုင်လာတဲ့ လယ်ယာမြေတွေကို ရပ်ကျေးစာရေးမက မတရားသိမ်းထားတယ်လို့ဆိုကာ သိမ်းဆည်းခံတောင်သူတွေက ဒီကနေ့မနက်ပိုင်းက မြေသိမ်းတိုက်ပွဲပြုလုပ်နေကြတယ်လို့ သိရပါတယ်။ ‟ကျမတို့ မိဘ/ဘိုးဘွားတွေလက်ထက်ကတည်းက ဓားမဦးချလုပ်ကိုင်စားလာခဲ့တဲ့ မြေတွေပါ၊ ဒါတွေကို ရပ်ကျေးစာရေးမအပါအဝင် လူပုဂ္ဂိုလ် (၆)ဦးက မတရားသိမ်းယူခဲ့လို့ ကျမတို့မိသားစုတွေ မြေယာမဲ့ပြီး၊ အလုပ်အကိုင်တွေ မရှိလို့၊ တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြရပါတယ်။ ကျမတို့မြေတွေပြန်ရဖို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားပေမယ့် ထိရောက်တဲ့ဆောင်ရွက်မှုတွေမရှိခဲ့လို့ အခုလို မြေသိမ်းတိုက်ပွဲပြုလုပ်တာပါ”လို့ တောင်သူဒေါ်နန်းအေးကြိုင်ကပြောပါတယ်။ တောင်သူတွေဟာ ဥပဒေဘောင်အတွင်းကနေ တိုင်ကြားစာပေးပို့သော်လည်း ထိရောက်စွာ ဖြေရှင်းမပေးတဲ့အတွက် မြေသိမ်းတိုက်ပွဲပြုလုပ်ရတာဖြစ်တယ်လို့ တောသူတွေက ပြောပါတယ်။ ‟သဲအိမ်စံပြကျေးရွာမှာ နိုင်ငံတော်ကသိမ်းတယ်ဆိုပြီး အကြောင်းပြပြီး သူတို့ဉပဒေမဲ့သိမ်းတယ် ။ ပြေစာအကုန်ရှိတယ်။ လျော်ကြေးနစ်နာကြေး ဘာမှမပေးခဲ့ဘူး။ ရပ်ကျေးစာရေးမ ဒေါ်တင်မေညွှန့် သိမ်းတာပါ။…

Read More

တရုတ်နိုင်ငံမှာ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှု အလုပ်သမား ၁၄ ဦးသေဆုံး

ပေကျင်း၊ ဒီဇင်ဘာ-၁၂-၂၀၁၉ မျိုးဆက် (VOM) တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ သတ္တုတွင်းတစ်ခုမှာ ဒီဇင်ဘာ ၁၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အလုပ်သမား ၁၄ ဦးသေဆုံးသွားပြီး လူနှစ်ဦးမှာ မြေအောက်တွင်ပိတ်မိနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဇင်ဘာ ၁၇ ရက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုဟာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းတဲ့ တရုတ်နိုင်ငံမှာ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တဲ့ သတ္တုတွင်းမတော်ဆမှုတွေထဲက နောက်ဆုံးတစ်ခုဖြစ်ပါတယ်။ ဂူဇောင်ပြည်နယ်၊ အန်လောင်ခရိုင်ရှိ ဂွန်လောင်ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြေအောက်မှာ လူနှစ်ဦးပိတ်မိနေဆဲဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကအတည်ပြုပြောဆိုပါတယ်။ မတော်တဆဖြစ်ပွားပြီးနောက် အလုပ်သမား ခုနှစ်ဦးကိုဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီမတော်တဆမှုဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ သတ္တုတွင်းတစ်ခုမှာ ရေလွှမ်းမိုးမှုကြောင့် လူငါးဦးသေဆုံးပြီး ၁၃ ဦးမြေအောက်မှာပိတ်မိနေခဲ့တဲ့ ဖြစ်ရပ်အပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကလည်း တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ်ရှိ သတ္တုတွင်းတစ်ခုပေါက်ကွဲမှုကြောင့် လူ ၁၅…

Read More

YBPC ကုမ္မဏီကို ယာဉ်‌မောင်းတွေက မကျေနပ်မှုများဖြစ်နေ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇-၂၀၁၉ သူရိန်(VOM) ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC) မှာ လုပ်ကိုင်နေတဲ့ ယာဉ်မောင်းတွေဟာ သူတို့တောင်းဆိုထားတဲ့အချက်တွေကို လိုက်လျောမှုမရှိသေးတဲ့အတွက် YBPC ကုမ္မဏီကို မကျေနပ်တာတွေဖြစ်ပေါ်နေတယ်လို့ YBPC ကုမ္မဏီ အခြေခံယာဉ်မောင်း အလုပ်သမားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။ “ခဏခဏညှိနေပြီး ခရီးမပေါက်တဲ့အတွက် မညှိနိုင်တော့ဘူးပြောထားတယ်။ သူတို့ဘက်ကလိုက်လျောမှာလား ၊ မလိုက် လျောဘူးလား၊ Yes or No တစ်ခုခုပြောလို့တော့ပြောထားတယ် ။ သူတို့ဘက်က အခုထိတော့ တိကျတဲ့အဖြေတွေ မလာ သေးဘူး။ ဝေ့နေတုန်းပဲ ” ဟု YBPC ကုမ္မဏီ အခြေခံယာဉ်မောင်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုမျိုးမင်းထွန်းက ပြောပါတယ်။ (YBPC) သည် အစိုးရက ရှယ်ယာထည့်ဝင်ထားတဲ့ ကုမ္ပဏီဖြစ်ကာ ယာဉ်မတော်တဆမှုတွေမှာ ယာဉ်မောင်းတွေက လျော်ကြေးအပြည့်ပေးရန် သတ်မှတ်မှုဖျက်သိမ်းရေး၊ အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရသည့် ယာဉ်မောင်းများကို ဥပဒေနှင့်အညီ…

Read More

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တရုတ်နဲ့ရုရှားအဆိုပြု

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁၇-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားကနေတင်ပို့တဲ့ ပင်လယ်စာနဲ့ အဝတ်အထည်တွေအပါအဝင် ပို့ကုန်ကဏ္ဍမှာ အရေးယူ ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တရုတ်နဲ့ ရုရှားတို့က ဒီဇင်ဘာ ၁၆ ရက်မှာ အဆိုပြုခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲတွေကို အထောက်အကူဖြစ်ရန်ရည်ရွယ်တယ်လို့ ရုရှားကပြောပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေအပေါ် ပိတ်ပင်ထားတာတွကို ရုပ်သိမ်းဖို့နဲ့ လာမယ့်သီတင်းပတ်မှာ ပြည်ပကအလုပ်သမားများ နေရပ်ပြန်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ၂၀၁၇ ခုနှစ်ကဆုံးဖြတ်ချက်ကိုလည်း အဆုံးသတ်ဖို့် တရုတ်နဲ့ရုရှားတို့က တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘယ်အချိန်မှာ မဲခွဲဆုံးဖြတ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူ။ ဆုံးဖြတ်ချက်အားအတည်ပြုဖို့ ထောက်ခံမဲကိုးမဲလိုအပ်နေပါတယ်။ မြောက်ကိုရီးယားဟာ ရန်လိုမှုတွေမြင့်တက်စေတဲ့ ခြိမ်းခြောက်မှုတွေလုပ်ဆောင်ခြင်း၊ နျူကလီးယားဆွေးနွေးပွဲတွေပြုလုပ်ဖို့ ငြင်းဆန်ခြင်း၊ တားမြစ်လက်နက်တွေ၊ နျူကလီးယားနဲ့ ဒုံးပျံအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ…

Read More
VOM News

FREE
VIEW