ရပ်ကျေးစာရေးမက လယ်ယာမြေတွေကို မတရားသိမ်းထားတယ်လို့ဆိုကာ သိမ်းဆည်းခံတောင်သူတွေက မြေသိမ်းတိုက်ပွဲပြုလုပ်

ပေါင် ၊ ဒီဇင်ဘာ ၁၇-၂၀၁၉
မိုးယံ(VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်(စံပြ)ကျေးရွာအုပ်စု၊ သဲအိမ်ရွာမှ ာ နှစ်ပေါင်းနှစ်ဆယ်ကျော်က ဓားမဦးချလုပ်ကိုင်လာတဲ့ လယ်ယာမြေတွေကို ရပ်ကျေးစာရေးမက မတရားသိမ်းထားတယ်လို့ဆိုကာ သိမ်းဆည်းခံတောင်သူတွေက ဒီကနေ့မနက်ပိုင်းက မြေသိမ်းတိုက်ပွဲပြုလုပ်နေကြတယ်လို့ သိရပါတယ်။

‟ကျမတို့ မိဘ/ဘိုးဘွားတွေလက်ထက်ကတည်းက ဓားမဦးချလုပ်ကိုင်စားလာခဲ့တဲ့ မြေတွေပါ၊ ဒါတွေကို ရပ်ကျေးစာရေးမအပါအဝင် လူပုဂ္ဂိုလ် (၆)ဦးက မတရားသိမ်းယူခဲ့လို့ ကျမတို့မိသားစုတွေ မြေယာမဲ့ပြီး၊ အလုပ်အကိုင်တွေ မရှိလို့၊ တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြရပါတယ်။ ကျမတို့မြေတွေပြန်ရဖို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားပေမယ့် ထိရောက်တဲ့ဆောင်ရွက်မှုတွေမရှိခဲ့လို့ အခုလို မြေသိမ်းတိုက်ပွဲပြုလုပ်တာပါ”လို့ တောင်သူဒေါ်နန်းအေးကြိုင်ကပြောပါတယ်။

တောင်သူတွေဟာ ဥပဒေဘောင်အတွင်းကနေ တိုင်ကြားစာပေးပို့သော်လည်း ထိရောက်စွာ ဖြေရှင်းမပေးတဲ့အတွက် မြေသိမ်းတိုက်ပွဲပြုလုပ်ရတာဖြစ်တယ်လို့ တောသူတွေက ပြောပါတယ်။

‟သဲအိမ်စံပြကျေးရွာမှာ နိုင်ငံတော်ကသိမ်းတယ်ဆိုပြီး အကြောင်းပြပြီး သူတို့ဉပဒေမဲ့သိမ်းတယ် ။ ပြေစာအကုန်ရှိတယ်။ လျော်ကြေးနစ်နာကြေး ဘာမှမပေးခဲ့ဘူး။ ရပ်ကျေးစာရေးမ ဒေါ်တင်မေညွှန့် သိမ်းတာပါ။ ဒီမြေက နိုင်ငံတော်ကသိမ်းတယ်။ ဒါပေမယ့် ပြန်လည်စွန့်လွှတ်ပြီး မြေယာကော်မတီကိုပြန်အပ်တယ်။ ရွာမှာ လူဦးရေတိုးလာရင် ပေးဖို့ဆိုပြီး၊ သဲအိမ်ကနေ ကဒိုက်အထိထုတ်နှုတ်မြေအဖြစ်ထားတယ်၊ ရယက စာရေးနဲ့ သူတို့နဲ့နီးစပ်ရာတွေက ဒီမြေကို နိုင်ငံတော်အမည်ခံသိမ်းပြီး တစ်ချို့လည်း ရောင်းစားတယ်။ နှစ်ချို့အင်ပင်တွေ၊ ဝါးပင်တွေ၊ စားပင်သောက်ပင်တွေ ဒါတွေသက်သေရှိသားနဲ့ ပြေစာရှိလည်း သိမ်းတယ်၊ မရှိလည်းသိမ်းတယ်”လို့ တောင်သူဒေါ်ခင်လှရီကပြောပါတယ်။

သဲအိမ်ရွာက ကွင်းအမှတ်၉၇၅/ခ ၊ သဲအိမ်ကွင်း ဦးပိုင်အမှတ်(N၇၅) (N၆၀) (N၉၉) (N၆၈) (N၈၆) (N၉၁) ကွင်းအမှတ်၉၇၄၊ ကော့ကဒိုက်အနောက်ကွင်း ဦးပိုင်အမှတ်(N၄၄)တို့ကို ၁၉၉၃/၉၄/၉၅/၉၆/၉၇ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ပြေစာအမည်ပေါက်ရှိသည့်မြေ(၃၄.၅၀)ဧကကို ပြည်သူတွေကို အသိမပေးဘဲ သစ်တောဂရန်စာချုပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မူလပိုင်ရှင် ဦးပိုင်အမည်ပေါက် အသီးသီး ရှိခဲ့တဲ့မြေတွေကို ကုလားမတောင် သစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၆)လို့ပြောကာ နှစ်ရှည်သီးနှံစာချုပ်ပြုလုပ်ခြင်း၊ သိမ်းဆည်းခံရတဲ့ လယ်မြေ ဧက (၅၀၀)ကျော်ကို သိမ်းဆည်းသူတွေကတစ်ဆင့် ရောင်းချတဲ့အတွက် ဧက(၂၀၀)ကျော်သာ ကျန်တော့တယ်လို့ သိရပါတယ်။

‟တာဝန်နဲ့ရာထူးအရ ဒီမြေကိုရယူခဲ့တာ မဟုတ်ပါဘူး။ သူရဲ့ပုဂ္ဂိုလ်ရေးအမည်အရ ဆောင်ရွက်ရယူခဲ့တာ၊ ကျနော်တို့ဌာနဆိုတာရော စာရေးဆိုတဲ့တာဝန်နဲ့ရော မပတ်သက်ပါဘူး။ သစ်တောကသိမ်းယူခဲ့တာ မဟုတ်ဘူး။ နဂိုမူလထဲက သစ်တောမြေတွေပါ ၊ ခေတ်ကာလအနေအထားအရ သစ်တောက တစ်စုံတစ်ရာ မဆောင်ရွက်တဲ့အချိန်မှာ ဒေသခံတွေက မူလထဲက ဓားမဦးချလုပ်ကိုင်နေတာရှိတယ်။ ဒါတွေကိုမြေစာရင်းက မမြဲဦးပိုင်အနေနဲ့ မြေခွန်တွေ စည်းကြပ်ခဲ့တာတွေလည်းရှိတယ်။ ဒီဘက်ပိုင်းကို ရောက်လာတော့ သစ်တောက သစ်ပင်တွေထိန်းသိမ်းဖို့ နိုင်ငံတော်အကျိုးရှိဖို့၊ နှစ် ၂၀၊ နှစ်၃၀ နှစ်ရှည်မြေငှားစာချုပ်တွေ ထုတ်ပေးတယ်ဆိုတာ သိရတယ်။ အဲဒီလိုထုတ်ပေးတဲ့အခါ မူလတောင်သူတွေ နစ်နာတယ်ဆိုတာ သိရတယ်”လို့ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်ကပြောပါတယ်။

သိမ်းဆည်းမြေတွေအတွင်းကို ဝင်ရောက်လုပ်ကိုင်စားသောက်နေတဲ့သူတစ်ချို့ကို လည်း တရားစွဲဆိုထားတာတွေ ရှိတယ်လို့သိရပါတယ်။

‟ဒီမြေတွေနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၉ရက်နေ့က တင်ထားတဲ့အတွက် ခရိုင် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကဖြစ်စေ၊ ဗဟိုကဖြစ်စေ ကျနော်တို့ဆီကို စာရောက်လာတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီး အမြန်ဆုံး စိစစ်ပြီး အကောင်းဆုံးသုံးသပ်ချက်တွေ တင်ပြချက်တွေနဲ့ ဆောင်ရွက်သွားမှာပါ”လို့လည်း ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်ကပြောပါတယ်။

မြေသိမ်းတိုက်ပွဲကို သိမ်းဆည်းခံတောင်သူ (၅၀)ဝန်းကျင်က အလံနီတွေစိုက်ပြီး ‟ဓားမဦးချ ပြေစာပေါက်တောင်သူပိုင်မြေ မည်သူမျှမကျူးကျော်ရ”စာတန်းပါတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ကာ သူတို့မြေတွေကို ပြန်လည်သိမ်းယူတဲ့အနေနဲ့ မြေသိမ်းတိုက်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မွန် #မြေသိမ်းတိုက်ပွဲ

Zawgyi

ရပ္ေက်းစာေရးမက လယ္ယာေျမေတြကို မတရားသိမ္းထားတယ္လုိ႔ဆိုကာ သိမ္းဆည္းခံေတာင္သူေတြက ေျမသိမ္းတိုက္ပြဲျပဳလုပ္

ေပါင္ ၊ ဒီဇင္ဘာ ၁၇-၂၀၁၉
မိုးယံ(VOM)

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ သဲအိမ္(စံျပ)ေက်း႐ြာအုပ္စု၊ သဲအိမ္႐ြာမွ ာ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္က ဓားမဦးခ်လုပ္ကိုင္လာတဲ့ လယ္ယာေျမေတြကို ရပ္ေက်းစာေရးမက မတရားသိမ္းထားတယ္လုိ႔ဆိုကာ သိမ္းဆည္းခံေတာင္သူေတြက ဒီကေန႔မနက္ပိုင္းက ေျမသိမ္းတိုက္ပြဲျပဳလုပ္ေနၾကတယ္လို႔ သိရပါတယ္။

‟က်မတို႔ မိဘ/ဘိုးဘြားေတြလက္ထက္ကတည္းက ဓားမဦးခ်လုပ္ကိုင္စားလာခဲ့တဲ့ ေျမေတြပါ၊ ဒါေတြကို ရပ္ေက်းစာေရးမအပါအဝင္ လူပုဂၢိဳလ္ (၆)ဦးက မတရားသိမ္းယူခဲ့လို႔ က်မတို႔မိသားစုေတြ ေျမယာမဲ့ၿပီး၊ အလုပ္အကိုင္ေတြ မရွိလို႔၊ တျခားႏိုင္ငံေတြမွာ အလုပ္သြားလုပ္ၾကရပါတယ္။ က်မတို႔ေျမေတြျပန္ရဖို႔ ဌာနဆိုင္ရာအဆင့္ဆင့္ကို တိုင္ၾကားေပမယ့္ ထိေရာက္တဲ့ေဆာင္႐ြက္မႈေတြမရွိခဲ့လို႔ အခုလို ေျမသိမ္းတိုက္ပြဲျပဳလုပ္တာပါ”လို႔ ေတာင္သူေဒၚနန္းေအးႀကိဳင္ကေျပာပါတယ္။

ေတာင္သူေတြဟာ ဥပေဒေဘာင္အတြင္းကေန တိုင္ၾကားစာေပးပို႔ေသာ္လည္း ထိေရာက္စြာ ေျဖရွင္းမေပးတဲ့အတြက္ ေျမသိမ္းတိုက္ပြဲျပဳလုပ္ရတာျဖစ္တယ္လို႔ ေတာသူေတြက ေျပာပါတယ္။

‟သဲအိမ္စံျပေက်း႐ြာမွာ ႏိုင္ငံေတာ္ကသိမ္းတယ္ဆိုၿပီး အေၾကာင္းျပၿပီး သူတို႔ဉပေဒမဲ့သိမ္းတယ္ ။ ေျပစာအကုန္ရွိတယ္။ ေလ်ာ္ေၾကးနစ္နာေၾကး ဘာမွမေပးခဲ့ဘူး။ ရပ္ေက်းစာေရးမ ေဒၚတင္ေမၫႊန႔္ သိမ္းတာပါ။ ဒီေျမက ႏိုင္ငံေတာ္ကသိမ္းတယ္။ ဒါေပမယ့္ ျပန္လည္စြန႔္လႊတ္ၿပီး ေျမယာေကာ္မတီကိုျပန္အပ္တယ္။ ႐ြာမွာ လူဦးေရတိုးလာရင္ ေပးဖို႔ဆိုၿပီး၊ သဲအိမ္ကေန ကဒိုက္အထိထုတ္ႏႈတ္ေျမအျဖစ္ထားတယ္၊ ရယက စာေရးနဲ႔ သူတို႔နဲ႔နီးစပ္ရာေတြက ဒီေျမကို ႏိုင္ငံေတာ္အမည္ခံသိမ္းၿပီး တစ္ခ်ိဳ႕လည္း ေရာင္းစားတယ္။ ႏွစ္ခ်ိဳ႕အင္ပင္ေတြ၊ ဝါးပင္ေတြ၊ စားပင္ေသာက္ပင္ေတြ ဒါေတြသက္ေသရွိသားနဲ႔ ေျပစာရွိလည္း သိမ္းတယ္၊ မရွိလည္းသိမ္းတယ္”လို႔ ေတာင္သူေဒၚခင္လွရီကေျပာပါတယ္။

သဲအိမ္႐ြာက ကြင္းအမွတ္၉၇၅/ခ ၊ သဲအိမ္ကြင္း ဦးပိုင္အမွတ္(N၇၅) (N၆၀) (N၉၉) (N၆၈) (N၈၆) (N၉၁) ကြင္းအမွတ္၉၇၄၊ ေကာ့ကဒိုက္အေနာက္ကြင္း ဦးပိုင္အမွတ္(N၄၄)တို႔ကို ၁၉၉၃/၉၄/၉၅/၉၆/၉၇ခုႏွစ္မွ ၂၀၁၂ခုႏွစ္အထိ ေျပစာအမည္ေပါက္ရွိသည့္ေျမ(၃၄.၅၀)ဧကကို ျပည္သူေတြကို အသိမေပးဘဲ သစ္ေတာဂရန္စာခ်ဳပ္ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

မူလပိုင္ရွင္ ဦးပိုင္အမည္ေပါက္ အသီးသီး ရွိခဲ့တဲ့ေျမေတြကို ကုလားမေတာင္ သစ္ေတာႀကိဳးဝိုင္း အကြက္အမွတ္(၂၆)လို႔ေျပာကာ ႏွစ္ရွည္သီးႏွံစာခ်ဳပ္ျပဳလုပ္ျခင္း၊ သိမ္းဆည္းခံရတဲ့ လယ္ေျမ ဧက (၅၀၀)ေက်ာ္ကို သိမ္းဆည္းသူေတြကတစ္ဆင့္ ေရာင္းခ်တဲ့အတြက္ ဧက(၂၀၀)ေက်ာ္သာ က်န္ေတာ့တယ္လို႔ သိရပါတယ္။

‟တာဝန္နဲ႔ရာထူးအရ ဒီေျမကိုရယူခဲ့တာ မဟုတ္ပါဘူး။ သူရဲ႕ပုဂၢိဳလ္ေရးအမည္အရ ေဆာင္႐ြက္ရယူခဲ့တာ၊ က်ေနာ္တို႔ဌာနဆိုတာေရာ စာေရးဆိုတဲ့တာဝန္နဲ႔ေရာ မပတ္သက္ပါဘူး။ သစ္ေတာကသိမ္းယူခဲ့တာ မဟုတ္ဘူး။ နဂိုမူလထဲက သစ္ေတာေျမေတြပါ ၊ ေခတ္ကာလအေနအထားအရ သစ္ေတာက တစ္စုံတစ္ရာ မေဆာင္႐ြက္တဲ့အခ်ိန္မွာ ေဒသခံေတြက မူလထဲက ဓားမဦးခ်လုပ္ကိုင္ေနတာရွိတယ္။ ဒါေတြကိုေျမစာရင္းက မၿမဲဦးပိုင္အေနနဲ႔ ေျမခြန္ေတြ စည္းၾကပ္ခဲ့တာေတြလည္းရွိတယ္။ ဒီဘက္ပိုင္းကို ေရာက္လာေတာ့ သစ္ေတာက သစ္ပင္ေတြထိန္းသိမ္းဖို႔ ႏိုင္ငံေတာ္အက်ိဳးရွိဖို႔၊ ႏွစ္ ၂၀၊ ႏွစ္၃၀ ႏွစ္ရွည္ေျမငွားစာခ်ဳပ္ေတြ ထုတ္ေပးတယ္ဆိုတာ သိရတယ္။ အဲဒီလိုထုတ္ေပးတဲ့အခါ မူလေတာင္သူေတြ နစ္နာတယ္ဆိုတာ သိရတယ္”လို႔ ေပါင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္မိုးေအာင္ကေျပာပါတယ္။

သိမ္းဆည္းေျမေတြအတြင္းကို ဝင္ေရာက္လုပ္ကိုင္စားေသာက္ေနတဲ့သူတစ္ခ်ိဳ႕ကို လည္း တရားစြဲဆိုထားတာေတြ ရွိတယ္လို႔သိရပါတယ္။

‟ဒီေျမေတြနဲ႔ပတ္သက္ၿပီး ဒီဇင္ဘာလ ၉ရက္ေန႔က တင္ထားတဲ့အတြက္ ခ႐ိုင္ လယ္ယာေျမနဲ႔ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီကျဖစ္ေစ၊ ဗဟိုကျဖစ္ေစ က်ေနာ္တို႔ဆီကို စာေရာက္လာတာနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔တိုင္ပင္ၿပီး အျမန္ဆုံး စိစစ္ၿပီး အေကာင္းဆုံးသုံးသပ္ခ်က္ေတြ တင္ျပခ်က္ေတြနဲ႔ ေဆာင္႐ြက္သြားမွာပါ”လို႔လည္း ေပါင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္မိုးေအာင္ကေျပာပါတယ္။

ေျမသိမ္းတိုက္ပြဲကို သိမ္းဆည္းခံေတာင္သူ (၅၀)ဝန္းက်င္က အလံနီေတြစိုက္ၿပီး ‟ဓားမဦးခ် ေျပစာေပါက္ေတာင္သူပိုင္ေျမ မည္သူမွ်မက်ဴးေက်ာ္ရ”စာတန္းပါတဲ့ ဗီႏိုင္းပိုစတာေတြ ကိုင္ေဆာင္ကာ သူတို႔ေျမေတြကို ျပန္လည္သိမ္းယူတဲ့အေနနဲ႔ ေျမသိမ္းတုိက္ပြဲျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မြန္ #ေျမသိမ္းတုိက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW