YBPC ကုမ္မဏီကို ယာဉ်‌မောင်းတွေက မကျေနပ်မှုများဖြစ်နေ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇-၂၀၁၉
သူရိန်(VOM)

ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC) မှာ လုပ်ကိုင်နေတဲ့ ယာဉ်မောင်းတွေဟာ သူတို့တောင်းဆိုထားတဲ့အချက်တွေကို လိုက်လျောမှုမရှိသေးတဲ့အတွက် YBPC ကုမ္မဏီကို မကျေနပ်တာတွေဖြစ်ပေါ်နေတယ်လို့ YBPC ကုမ္မဏီ အခြေခံယာဉ်မောင်း အလုပ်သမားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။

“ခဏခဏညှိနေပြီး ခရီးမပေါက်တဲ့အတွက် မညှိနိုင်တော့ဘူးပြောထားတယ်။ သူတို့ဘက်ကလိုက်လျောမှာလား ၊ မလိုက် လျောဘူးလား၊ Yes or No တစ်ခုခုပြောလို့တော့ပြောထားတယ် ။ သူတို့ဘက်က အခုထိတော့ တိကျတဲ့အဖြေတွေ မလာ သေးဘူး။ ဝေ့နေတုန်းပဲ ” ဟု YBPC ကုမ္မဏီ အခြေခံယာဉ်မောင်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုမျိုးမင်းထွန်းက ပြောပါတယ်။

(YBPC) သည် အစိုးရက ရှယ်ယာထည့်ဝင်ထားတဲ့ ကုမ္ပဏီဖြစ်ကာ ယာဉ်မတော်တဆမှုတွေမှာ ယာဉ်မောင်းတွေက လျော်ကြေးအပြည့်ပေးရန် သတ်မှတ်မှုဖျက်သိမ်းရေး၊ အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရသည့် ယာဉ်မောင်းများကို ဥပဒေနှင့်အညီ ခံစားခွင့်ပေးရေး အပါအဝင် တောင်းဆိုထားတဲ့အချက်တွေကို (YBPC) ဘက်က လိုက်လျောမှုမရှိတဲ့အတွက် ယာဉ်မောင်းတွေက မကျေနပ်တာတွေဖြစ်နေတယ်လို့ သိရပါတယ်။

ခုလို မကျေနပ်တာတွေကို ယာဉ်မောင်းတွေက ကုမ္ပဏီကို ဆန္ဒပြဖု့ိဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

“သူကကုမ္မဏီစစ်စစ်ပဲ။ ယာဉ်မောင်းတွေကိုလည်း အခွင့်အရေးတွေ အများကြီးပေးထားတယ်။ သူတို့က အခွင့်အရေးကျတော့ လိုချင်တယ်။ ကိုယ့်ဘက်ကနေ ဘယ်လိုပြန်လုပ်ပေးရမလဲဆို မသိဘူး။ ခဏခဏ ဒီလိုဖြစ်နေရင်မကောင်းဘူး။ ဆန္ဒထုတ်ဖော်မယ်ဆိုရင်လည်း လုပ်ပေါ့”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

YBS (၃၇) ယာဉ်လိုင်းဟာ ဥက္ကံ-မှော်ဘီ-လှည်းကူး-ထောက်ကြန့်ကနေ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းတစ်ခုဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #YBPC

Zawgyi

YBPC ကုမၼဏီကို ယာဥ္‌ေမာင္းေတြက မေက်နပ္မွဳမ်ားျဖစ္ေန

ရန္ကုန္ ၊ ဒီဇင္ဘာ ၁၇-၂၀၁၉
သူရိန္(VOM)

ရန္ကုန္ဘတ္စ္ကားအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီ (YBPC) မွာ လုပ္ကိုင္ေနတဲ့ ယာဥ္ေမာင္းေတြဟာ သူတို႔ေတာင္းဆိုထားတဲ့အခ်က္ေတြကို လိုက္ေလ်ာမႈမရွိေသးတဲ့အတြက္ YBPC ကုမၼဏီကို မေက်နပ္တာေတြျဖစ္ေပၚေနတယ္လို႔ YBPC ကုမၼဏီ အေျခခံယာဥ္ေမာင္း အလုပ္သမားသမဂၢအဖြဲ႔ကေန သိရပါတယ္။

“ခဏခဏညႇိေနၿပီး ခရီးမေပါက္တဲ့အတြက္ မညႇိႏိုင္ေတာ့ဘူးေျပာထားတယ္။ သူတို႔ဘက္ကလိုက္ေလ်ာမွာလား ၊ မလိုက္ ေလ်ာဘူးလား၊ Yes or No တစ္ခုခုေျပာလို႔ေတာ့ေျပာထားတယ္ ။ သူတို႔ဘက္က အခုထိေတာ့ တိက်တဲ့အေျဖေတြ မလာ ေသးဘူး။ ေဝ့ေနတုန္းပဲ ” ဟု YBPC ကုမၼဏီ အေျခခံယာဥ္ေမာင္း အလုပ္သမားသမဂၢအဖြဲ႔ဝင္ ကိုမ်ိဳးမင္းထြန္းက ေျပာပါတယ္။

(YBPC) သည္ အစိုးရက ရွယ္ယာထည့္ဝင္ထားတဲ့ ကုမၸဏီျဖစ္ကာ ယာဥ္မေတာ္တဆမႈေတြမွာ ယာဥ္ေမာင္းေတြက ေလ်ာ္ေၾကးအျပည့္ေပးရန္ သတ္မွတ္မႈဖ်က္သိမ္းေရး၊ အမ်ားျပည္သူ အလုပ္ပိတ္ရက္မ်ားတြင္ အလုပ္ဆင္းရသည့္ ယာဥ္ေမာင္းမ်ားကို ဥပေဒႏွင့္အညီ ခံစားခြင့္ေပးေရး အပါအဝင္ ေတာင္းဆိုထားတဲ့အခ်က္ေတြကို (YBPC) ဘက္က လိုက္ေလ်ာမႈမရွိတဲ့အတြက္ ယာဥ္ေမာင္းေတြက မေက်နပ္တာေတြျဖစ္ေနတယ္လို႔ သိရပါတယ္။

ခုလို မေက်နပ္တာေတြကို ယာဥ္ေမာင္းေတြက ကုမၸဏီကို ဆႏၵျပဖု႔ိေဆာင္ရြက္ေနတယ္လို႔လည္း သိရပါတယ္။

“သူကကုမၼဏီစစ္စစ္ပဲ။ ယာဥ္ေမာင္းေတြကိုလည္း အခြင့္အေရးေတြ အမ်ားႀကီးေပးထားတယ္။ သူတို႔က အခြင့္အေရးက်ေတာ့ လိုခ်င္တယ္။ ကိုယ့္ဘက္ကေန ဘယ္လိုျပန္လုပ္ေပးရမလဲဆို မသိဘူး။ ခဏခဏ ဒီလိုျဖစ္ေနရင္မေကာင္းဘူး။ ဆႏၵထုတ္ေဖာ္မယ္ဆိုရင္လည္း လုပ္ေပါ့”လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕မွ အတြင္းေရးမႉး ေဒါက္တာေမာင္ေအာင္က ေျပာပါတယ္။

YBS (၃၇) ယာဥ္လိုင္းဟာ ဥကၠံ-ေမွာ္ဘီ-လွည္းကူး-ေထာက္ၾကန္႔ကေန ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေပးေနတဲ့ ယာဥ္လိုင္းတစ္ခုျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #YBPC

Related posts

Leave a Comment

VOM News

FREE
VIEW