အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၂ဦး ထက်မံနှုတ်ထွက်

နေပြည်တော်၊ ဒီဇင်ဘာ ၁၇-၂၀၁၉
ကိုထွန်း(VOM)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ(၄၅ဦးကော်မတီ)ထဲကနေ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၂ဦး ထက်မံနှုတ်ထွက်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၆ရက်နေ့နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယကဦးတီခွန်မြတ်ကလည်း သူတို့ရဲ့ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

“ ဒုတိယအကြိမ်ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေပြင်ဆင်တဲ့ မှုကြမ်းတွေ ၅ခုတင်ထားတယ်၊ အခြေခံဥပဒေရဲ့ အခန်း၁၂က ပြဌာန်းထားတဲ့အတိုင်း တင်ထားတယ်၊ အဲ့ဒီလိုတင်ထားတာကို လွှတ်တော်က လက်ခံဆွေးနွေးမှု မပြုတာပေါ့၊ လက်ရှိ ၄၅ဦးကော်မတီရှိတယ်။ သူတို့တွေမှာလည်း သက်မှတ်ထားတဲ့ ဦးတည်ချက်တွေရှိတယ်။ ဒီမိုကရေစီစံနူန်းနဲ့မကိုက်ညီဘူး ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရှိဘူးတို့ ၊ ရှေ့နောက်မညီညွတ်တာတို့ ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ့်အချက်တွေနဲ့ ပက်သက်ပြီး မပြည့်စုံတာတို့၊ တိုင်းရင်းသားတွေ အခွင့်အရေးအပြည့်အဝမရဘူးတို့၊ စတဲ့ သူတို့ဖော်ပြထားတဲ့ အချက်တွေရှိတယ်လေ၊ အဲ့ဒီအချက်နဲ့ပက်သက်တဲ့ ပြင်ဆင်မှုတွေမတွေ့ရဘူးပေါ့လေ ၊ ထိထိရောက်ရောက်ပြင်တာ မရှိဘူးပေါ့၊ ပြည်သူတွေရဲ့ စစ်မှန်တဲ့ သဘောထားနဲ့ လူနည်းစုတိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒသဘောထားတွေကို ပစ်ပယ်ထားတယ် ၊ပြင်ဆင်မယ့်အချက် ၃၇၆၅ချက်ရှိပေမယ့် တိုင်းရင်းသားတွေအတွက် တင်ထားတဲ့အချက်တွေကိုပယ်လိုက်ပြီးတော့ သူတို့ဦးတည်ထားတဲ့ ၁၁၄ချက်ကို ဦးစားပေး လုပ်ဆောင်လာတာကိုတွေ့ရလို့ ၊ ဒီလိုတွေလုပ်နေတဲ့အတွက် ဆက်ပြီး မလုပ်သင့်ဘူးထင်လို့ ထွက်လိုက်တာပါ”လို့ ပျော်ဘွယ်မြို့ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးသောင်းအေးကပြောပါတယ်။

ယခုနှုတ်ထွက်သွားသူတွေကတော့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားပြုအမတ်တွေဖြစ်တဲ့ မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့တို့ဖြစ်ပြီး သူတို့နှစ်ဦးအပါအဝင် (၄၅)ဦးကော်မတီကနေ (၅)ဦးနှုတ်ထွက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ခြေ/ဥပြင်ဆင်ရေး #ကြံ့ခိုင်ရေးပါတီ

Zawgyi

အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီကေန ႀကံ့ခိုင္ေရးပါတီကိုယ္စားလွယ္ ၂ဦး ထပ္မံႏႈတ္ထြက္

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၇-၂၀၁၉
ကိုထြန္း(VOM)

ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ(၄၅ဦးေကာ္မတီ)ထဲကေန ႀကံ့ခိုင္ေရးပါတီကိုယ္စားလွယ္ ၂ဦး ထက္မံႏႈတ္ထြက္သြားတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာလ ၁၆ရက္ေန႔ေန႔စြဲနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယကဦးတီခြန္ျမတ္ကလည္း သူတို႔ရဲ႕ သေဘာဆႏၵအရ ႏႈတ္ထြက္ခြင့္ျပဳလိုက္တာ ျဖစ္ပါတယ္။

“ ဒုတိယအႀကိမ္ဖြဲ႕စည္းပုံအ‌ေျခခံ ဥပေဒျပင္ဆင္တဲ့ မႈၾကမ္းေတြ ၅ခုတင္ထားတယ္၊ အေျခခံဥပေဒရဲ႕ အခန္း၁၂က ျပဌာန္းထားတဲ့အတိုင္း တင္ထားတယ္၊ အဲ့ဒီလိုတင္ထားတာကို လႊတ္ေတာ္က လက္ခံေဆြးေႏြးမႈ မျပဳတာေပါ့၊ လက္ရွိ ၄၅ဦးေကာ္မတီရိွတယ္။ သူတို႔ေတြမွာလည္း သက္မွတ္ထားတဲ့ ဦးတည္ခ်က္ေတြရွိတယ္။ ဒီမိုကေရစီစံႏူန္းနဲ႔မကိုက္ညီဘူး ၊ တိုင္းရင္းသားေတြရဲ႕ ကိုယ္ပိုင္ျပဌာန္းခြင့္ေတြ မရွိဘူးတို႔ ၊ ေရွ႕ေနာက္မညီၫြတ္တာတို႔ ၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္မယ့္အခ်က္ေတြနဲ႔ ပက္သက္ၿပီး မျပည့္စုံတာတို႔၊ တိုင္းရင္းသားေတြ အခြင့္အေရးအျပည့္အ၀မရဘူးတို႔၊ စတဲ့ သူတို႔ေဖာ္ျပထားတဲ့ အခ်က္ေတြရွိတယ္ေလ၊ အဲ့ဒီအခ်က္နဲ႔ပက္သက္တဲ့ ျပင္ဆင္မႈေတြမေတြ႕ရဘူးေပါ့ေလ ၊ ထိထိေရာက္ေရာက္ျပင္တာ မရွိဘူးေပါ့၊ ျပည္သူေတြရဲ႕ စစ္မွန္တဲ့ သေဘာထားနဲ႔ လူနည္းစုတိုင္းရင္းသားပါတီေတြရဲ႕ ဆႏၵသေဘာထားေတြကို ပစ္ပယ္ထားတယ္ ၊ျပင္ဆင္မယ့္အခ်က္ ၃၇၆၅ခ်က္ရွိေပမယ့္ တိုင္းရင္းသားေတြအတြက္ တင္ထားတဲ့အခ်က္ေတြကိုပယ္လိုက္ၿပီးေတာ့ သူတို႔ဦးတည္ထားတဲ့ ၁၁၄ခ်က္ကို ဦးစားေပး လုပ္ေဆာင္လာတာကိုေတြ႕ရလို႔ ၊ ဒီလိုေတြလုပ္ေနတဲ့အတြက္ ဆက္ၿပီး မလုပ္သင့္ဘူးထင္လို႔ ထြက္လိုက္တာပါ”လုိ႔ ေပ်ာ္ဘြယ္ၿမိဳ႕ျပည္သူ႔လႊတ္ေတာ္ကိုယ္စာလွယ္ ဦးေသာင္းေအးကေျပာပါတယ္။

ယခုႏႈတ္ထြက္သြားသူေတြကေတာ့ ႀကံ႕ခိုင္ေရးပါတီက ကိုယ္စားျပဳအမတ္ေတြျဖစ္တဲ့ မိုင္းပန္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္မိုး၊ ကခ်င္ျပည္နယ္မဲဆႏၵနယ္အမွတ္(၂)မွ ဦးဆီဟူးေဒြ႕တို႔ျဖစ္ၿပီး သူတို႔ႏွစ္ဦးအပါအဝင္ (၄၅)ဦးေကာ္မတီကေန (၅)ဦးႏႈတ္ထြက္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ေျခ/ဥျပင္ဆင္ေရး #ႀကံ႕ခုိင္ေရးပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW