တရုတ်နိုင်ငံမှာ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှု အလုပ်သမား ၁၄ ဦးသေဆုံး

ပေကျင်း၊ ဒီဇင်ဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ သတ္တုတွင်းတစ်ခုမှာ ဒီဇင်ဘာ ၁၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အလုပ်သမား ၁၄ ဦးသေဆုံးသွားပြီး လူနှစ်ဦးမှာ မြေအောက်တွင်ပိတ်မိနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုဟာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းတဲ့ တရုတ်နိုင်ငံမှာ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တဲ့ သတ္တုတွင်းမတော်ဆမှုတွေထဲက နောက်ဆုံးတစ်ခုဖြစ်ပါတယ်။

ဂူဇောင်ပြည်နယ်၊ အန်လောင်ခရိုင်ရှိ ဂွန်လောင်ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြေအောက်မှာ လူနှစ်ဦးပိတ်မိနေဆဲဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကအတည်ပြုပြောဆိုပါတယ်။

မတော်တဆဖြစ်ပွားပြီးနောက် အလုပ်သမား ခုနှစ်ဦးကိုဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။

ဒီမတော်တဆမှုဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ သတ္တုတွင်းတစ်ခုမှာ ရေလွှမ်းမိုးမှုကြောင့် လူငါးဦးသေဆုံးပြီး ၁၃ ဦးမြေအောက်မှာပိတ်မိနေခဲ့တဲ့ ဖြစ်ရပ်အပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့လကလည်း တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ်ရှိ သတ္တုတွင်းတစ်ခုပေါက်ကွဲမှုကြောင့် လူ ၁၅ ဦးသေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်တွေဟာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့်ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Ref : CNA Photo : Getty Images
#VOM #voiceofmyanmar #ပေကျင်း #ကျောက်မီးသွေးတွင်းပေါက်ကွဲ #လူသေဆုံး

Zawgyi

တရုတ္နုိင္ငံမွာ ေက်ာက္မီးေသြးတြင္းတစ္ခုေပါက္ကြဲမႈ အလုပ္သမား ၁၄ ဦးေသဆံုး

ေပက်င္း၊ ဒီဇင္ဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံအေနာက္ေတာင္ပိုင္းရိွ သတၱဳတြင္းတစ္ခုမွာ ဒီဇင္ဘာ ၁၇ ရက္က ေပါက္ကြဲမႈျဖစ္ပြားခဲ႔တာေၾကာင္႔ အလုပ္သမား ၁၄ ဦးေသဆံုးသြားျပီး လူနွစ္ဦးမွာ ေျမေအာက္တြင္ပိတ္မိေနဆဲျဖစ္တယ္လို႔ တာ၀န္ရိွသူေတြကေျပာပါတယ္။

ဒီဇင္ဘာ ၁၇ ရက္အေစာပိုင္းမွာ ျဖစ္ပြားခဲ႔တဲ႔ အဲဒီမေတာ္တဆမႈဟာ ေဘးကင္းလံုျခံဳမႈဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို လုိက္နာမႈအားနည္းတဲ႔ တရုတ္နုိင္ငံမွာ ဆက္တိုက္ဆိုသလိုျဖစ္ပြားခဲ႔တဲ႔ သတၱဳတြင္းမေတာ္ဆမႈေတြထဲက ေနာက္ဆံုးတစ္ခုျဖစ္ပါတယ္။

ဂူေဇာင္ျပည္နယ္၊ အန္ေလာင္ခရိုင္ရိွ ဂြန္ေလာင္ေက်ာက္မီးေသြးတြင္းမွာ ေပါက္ကြဲမႈျဖစ္ပြားျပီးေနာက္ ေျမေအာက္မွာ လူနွစ္ဦးပိတ္မိေနဆဲျဖစ္တယ္လို႔ ျပည္နယ္အစိုးရအဖြဲ႔ကအတည္ျပဳေျပာဆိုပါတယ္။

မေတာ္တဆျဖစ္ပြားျပီးေနာက္ အလုပ္သမား ခုနွစ္ဦးကိုေဘးကင္းစြာ ကယ္တင္နုိင္ခဲ႔ျပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေဒသဆိုင္ရာ တာ၀န္ရိွသူေတြကေျပာပါတယ္။

ဒီမေတာ္တဆမႈဟာ တရုတ္နုိင္ငံအေနာက္ေတာင္ပိုင္း စီခြ်မ္းျပည္နယ္ရိွ သတၱဳတြင္းတစ္ခုမွာ ေရလႊမ္းမိုးမႈေၾကာင္႔ လူငါးဦးေသဆံုးျပီး ၁၃ ဦးေျမေအာက္မွာပိတ္မိေနခဲ႔တဲ႔ ျဖစ္ရပ္အျပီး ရက္အနည္းငယ္အၾကာမွာ ျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။ လြန္ခဲ႔တဲ႔လကလည္း တရုတ္နုိင္ငံေျမာက္ပိုင္း ရွန္စီျပည္နယ္ရိွ သတၱဳတြင္းတစ္ခုေပါက္ကြဲမႈေၾကာင္႔ လူ ၁၅ ဦးေသဆံုးခဲ႔ရျပီး ဒီျဖစ္စဥ္ေတြဟာ ဥပေဒနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္တာေၾကာင္႔ျဖစ္တယ္လို႔ တာ၀န္ရိွသူတစ္ဦးကေျပာပါတယ္။

Ref : CNA Photo : Getty Images
#VOM #voiceofmyanmar #ေပက်င္း #ေက်ာက္မီးေသြးတြင္းေပါက္ကြဲ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW