စစ်ဘေးရှောင်နေတဲ့ အိမ်ထောင်စု ၅၀၀ကို နေရပ်ပြန်ပို့မယ်

မြစ်ကြီးနား ၊ ဒီဇင်ဘာ ၂၁-၂၀၁၉
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွင်းရှိ ရွာသုံးရွာက ရှစ်နှစ်ကျော်ကြာ စွန့်ခွာထားတဲ့ အိမ်ထောင်စု ၅၀၀ နဲ့ လူဦးရေ ၃၀၀၀ ကို ၂၀၂၀ခုနှစ်၊ ဧပြီလမတိုင်ခင် နေရပ်ပြန်ပို့ပေးသွားမယ်လို့ ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ်ကနေ သိရပါတယ်။

“ပြန်ပို့ဖို့ သတ်မှတ်ထားတဲ့ ရွာတွေကတော့ တာလောကြီး၊ ရွှေညောင်ပင်နဲ့ ဗန်းမော်မြို့နယ်က ကျောက်စခန်းကျေးရွာ တွေဖြစ်ပါတယ်။ အဲ့ဒီစစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် (KHCC) က (NRPC) နဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့သလို (ကေအိုင်အို)နဲ့ လည်း နိုဝင်ဘာလက ဆွေးနွေးထားတယ်လို့ သိရပါတယ်။ အခုပြန်ပို့မယ့် ရွာသုံးရွာက စစ်ရှောင်တွေရဲ့ စာရင်းကို မကြာခင်(NRPC)မှာ တင်ပြပြီး နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်မယ်လို့ သိရပါတယ်။ (KBC)အနေနဲ့ အခု စစ်ရှောင်တွေ ပြန်ပို့နိုင်ရေး ဆောင်ရွက်ချက်ကို နီပွန်ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်မှာပါ။ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ကချင်ပြည်နယ်က စစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကူညီပေးသွားမှာဖြစ်ပါတယ်။ ပြန်ပို့တဲ့ဖို့ သတ်မှတ်ထားတဲ့ အချက်တွေကတော့ တိုက်ပွဲမဖြစ်ဘဲ တိမ်းရှောင်တဲ့ ရွာတွေ။ တစ်ဖက်အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့ ညှိနှိုင်းဆုံးဖြတ်ထားတဲ့ရွာတွေ၊ ၂၀၁၁ခုနှစ်ကနေ အခုထိ ခိုင်မာစွာတည်ရှိနေပြီး မပျက်ဆီးသေးတဲ့ရွာ ဖြစ်ရမယ်”လို့ ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခလန်စွမ်ဆန်ကပြောပါတယ်။
အခု ပြန်ပို့တဲ့အိမ်ခြေ ငါးရာအတွက် ကူညီရေး အစီအစဉ်ကတော့ အခြေခံအဆောက် အအုံးပြင်ဆင်တည်ဆောက်ပေးရေး၊ စားနပ်ရိက္ခာ တစ်လကနေ သုံးလအထိကူညီရေးနဲ့ ဆက်လိုလာရင် အခြားသော အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကူညီမယ်လို့ သိရပါတယ်။

နေရပ်ပြန်တွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေနဲ့ လယ်ယာမြေ ပြန်ဖော်ပေး တာတွေ၊ မိုင်းရှင်လင်းရေးနဲ့ လုံခြုံရေး ကျန်းမာရေးကိစ္စတွေကိုပါ ကူညီသွားမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကချင် #စစ်ဘေးရှောင် #နေရပ်ပြန်ရေး

Zawgyi

စစ္ေဘးေရွာင္ေနတဲ့ အိမ္ေထာင္စု ၅၀၀ကို ေနရပ္ျပန္ပို႔မယ္

ျမစ္ႀကီးနား ၊ ဒီဇင္ဘာ ၂၁-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္အတြင္းရိွ ႐ြာသုံး႐ြာက ရွစ္ႏွစ္ေက်ာ္ၾကာ စြန္႔ခြာထားတဲ့ အိမ္ေထာင္စု ၅၀၀ နဲ႔ လူဦးေရ ၃၀၀၀ ကို ၂၀၂၀ခုနွစ္၊ ဧၿပီလမတိုင္ခင္ ေနရပ္ျပန္ပို႔ေပးသြားမယ္လို႔ ကခ်င္ႏွစ္ျခင္းခရစၥယာန္အဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။

“ျပန္ပို႔ဖို႔ သတ္မွတ္ထားတဲ့ ႐ြာေတြကေတာ့ တာေလာႀကီး၊ ေ႐ႊေညာင္ပင္နဲ႔ ဗန္းေမာ္ၿမိဳ႕နယ္က ေက်ာက္စခန္းေက်း႐ြာ ေတြျဖစ္ပါတယ္။ အဲ့ဒီစစ္ေရွာင္ေတြ ေနရပ္ျပန္ေရးအတြက္ (KHCC) က (NRPC) နဲ႔ အႀကိမ္ႀကိမ္ေဆြးေႏြးခဲ့သလို (ေကအိုင္အို)နဲ႔ လည္း ႏို၀င္ဘာလက ေဆြးေႏြးထားတယ္လို႔ သိရပါတယ္။ အခုျပန္ပို႔မယ့္ ႐ြာသုံး႐ြာက စစ္ေရွာင္ေတြရဲ႕ စာရင္းကို မၾကာခင္(NRPC)မွာ တင္ျပၿပီး ေနရပ္ျပန္ပို႔ဖို႔ လုပ္ေဆာင္မယ္လို႔ သိရပါတယ္။ (KBC)အေနနဲ႔ အခု စစ္ေရွာင္ေတြ ျပန္ပို႔ႏိုင္ေရး ေဆာင္႐ြက္ခ်က္ကို နီပြန္ေဖာင္ေဒးရွင္းရဲ႕ အေထာက္အပံ့နဲ႔ ေဆာင္႐ြက္မွာပါ။ နီပြန္ေဖာင္ေဒးရွင္းအေနနဲ႔ ကခ်င္ျပည္နယ္က စစ္ေရွာင္ေတြ ေနရပ္ျပန္ေရးအတြက္ အေမရိကန္ေဒၚလာ ငါးသန္းကူညီေပးသြားမွာျဖစ္ပါတယ္။ ျပန္ပို႔တဲ့ဖို႔ သတ္မွတ္ထားတဲ့ အခ်က္ေတြကေတာ့ တိုက္ပြဲမျဖစ္ဘဲ တိမ္းေရွာင္တဲ့ ႐ြာေတြ။ တစ္ဖက္အစိုးရနဲ႔ လက္နက္ကိုင္တပ္ဖြဲ႕တို႔ ညႇိႏႈိင္းဆုံးျဖတ္ထားတဲ့႐ြာေတြ၊ ၂၀၁၁ခုႏွစ္ကေန အခုထိ ခိုင္မာစြာတည္ရွိေနၿပီး မပ်က္ဆီးေသးတဲ့႐ြာ ျဖစ္ရမယ္”လို႔ ကခ်င္ႏွစ္ျခင္းခရစၥယာန္အဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒါက္တာခလန္စြမ္ဆန္ကေျပာပါတယ္။
အခု ျပန္ပို႔တဲ့အိမ္ေျခ ငါးရာအတြက္ ကူညီေရး အစီအစဥ္ကေတာ့ အေျခခံအေဆာက္ အအုံးျပင္ဆင္တည္ေဆာက္ေပးေရး၊ စားနပ္ရိကၡာ တစ္လကေန သုံးလအထိကူညီေရးနဲ႔ ဆက္လိုလာရင္ အျခားေသာ အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ကူညီမယ္လို႔ သိရပါတယ္။

ေနရပ္ျပန္ေတြရဲ႕ အသက္ေမြး၀မ္းေက်ာင္း လုပ္ငန္းေတြနဲ႔ လယ္ယာေျမ ျပန္ေဖာ္ေပး တာေတြ၊ မိုင္းရွင္လင္းေရးနဲ႔ လုံၿခဳံေရး က်န္းမာေရးကိစၥေတြကိုပါ ကူညီသြားမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ကခ်င္ #စစ္ေဘးေရွာင္ #ေနရပ္ျပန္ေရး

Related posts

Leave a Comment

VOM News

FREE
VIEW