စစ်ဘေးရှောင်နေတဲ့ အိမ်ထောင်စု ၅၀၀ကို နေရပ်ပြန်ပို့မယ်

မြစ်ကြီးနား ၊ ဒီဇင်ဘာ ၂၁-၂၀၁၉ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်းရှိ ရွာသုံးရွာက ရှစ်နှစ်ကျော်ကြာ စွန့်ခွာထားတဲ့ အိမ်ထောင်စု ၅၀၀ နဲ့ လူဦးရေ ၃၀၀၀ ကို ၂၀၂၀ခုနှစ်၊ ဧပြီလမတိုင်ခင် နေရပ်ပြန်ပို့ပေးသွားမယ်လို့ ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ်ကနေ သိရပါတယ်။ “ပြန်ပို့ဖို့ သတ်မှတ်ထားတဲ့ ရွာတွေကတော့ တာလောကြီး၊ ရွှေညောင်ပင်နဲ့ ဗန်းမော်မြို့နယ်က ကျောက်စခန်းကျေးရွာ တွေဖြစ်ပါတယ်။ အဲ့ဒီစစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် (KHCC) က (NRPC) နဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့သလို (ကေအိုင်အို)နဲ့ လည်း နိုဝင်ဘာလက ဆွေးနွေးထားတယ်လို့ သိရပါတယ်။ အခုပြန်ပို့မယ့် ရွာသုံးရွာက စစ်ရှောင်တွေရဲ့ စာရင်းကို မကြာခင်(NRPC)မှာ တင်ပြပြီး နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်မယ်လို့ သိရပါတယ်။ (KBC)အနေနဲ့ အခု စစ်ရှောင်တွေ ပြန်ပို့နိုင်ရေး ဆောင်ရွက်ချက်ကို နီပွန်ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်မှာပါ။ နီပွန်ဖောင်ဒေးရှင်းအနေနဲ့ ကချင်ပြည်နယ်က စစ်ရှောင်တွေ…

Read More

အငြိမ်းစား၀န်ထမ်းတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို လူမှုဖူလုံရေးဦးစီးဌာနက ခွင့်မပြုဘဲနေတယ်လို့ဆိုကာ ဖယ်ရှားခိုင်း

မန္တလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း ၆၄လမ်းနဲ့ ၆၆လမ်းကြားက ဌာနဆိုင်ရာအငြိမ်းစားတွေနေထိုင်နေတဲ့ စံနန်းတော်တိုက်ခန်းကို လူမူဖူလုံရေးဦးစီးဌာနက ခွင့်မပြုဘဲနေထိုင်တယ်လို့ဆိုကာ ဖယ်ရှားခိုင်းနေတဲ့အတွက် ဒီကနေနေ့လည်ပိုင်းက အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်ကတည်းက တရား၀င်စာချုပ်စာတမ်းနဲ့ နေထိုင်လာခဲ့ပြီး အဲ့ဒီတိုက်ခန်းမှာ လက်ရှိနေထိုင်သူတွေကလည်း တပ်မတော်အရာရှိအငြိမ်းစားများ၊ ကျန်းမာရေး၀န်ထမ်းအငြိမ်းစားများ၊ ရဲတပ်ဖွဲ့၀င်အငြိမ်းစားများ၊ ညွန်ကြားရေးမှူးအငြိမ်းစားများ နေထိုင်နေတာဖြစ်ပါတယ်။ လက်ရှိ အိမ်ထောင်စု (၂၈)စု ၊ တိုက်ခန်း(၄၅)ခန်းတည်ဆောက် နေထိုင်နေတာလည်း ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် နို၀င်ဘာလက သူတို့နေထိုင်တာကို ဖယ်ရှားပေးဖို့ အကြောင်းကြားစာပို့လာတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်ပြီး လက်ရှိနေထိုင်သူတွေကို ဖယ်ရှားရင်လည်း အင်အားသုံးဖယ်ရှားခြင်း မပြုလုပ်ဖို့ မန္တလေးတိုင်း၀န်ကြီးချုပ်က တရား၀င်ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #စံနန်းတော်အိမ်ယာ Zawgyi အငြိမ်းစားဝန်ထမ်းတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို လူမှုဖူလုံရေးဦးစီးဌာနက ခွင့်မပြုဘဲနေတယ်လို့ဆိုကာ ဖယ်ရှားခိုင်း…

Read More

ကလေးငယ် ၃၄၉ ဦးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ဖွယ်ရှိတဲ့ ပြင်သစ်ဆရာဝန်ဟောင်း တရားစွဲခံရ

လော့ရန့်၊ ဒီဇင်ဘာ-၂၁-၂၀၁၉ မျိုးဆက် (VOM) ပြင်သစ်နိုင်ငံက အငြိမ်းစားခွဲစိတ်ဆရာဝန်တစ်ဦးဟာ နှစ် ၃၀ နီးပါးတာဝန်ထမ်းဆောင်ချိန်အတွင်း ကလေးငယ် ၃၄၉ ဦးအပေါ် အဓမ္မပြုကျင့်တာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်ခဲ့ဖွယ်ရှိပြီး ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အမှုတစ်ခုဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးမှုပြုလုပ်နေတဲ့ အစိုးရရှေ့နေတစ်ဦးကပြောပါတယ်။ အသက် ၆၈ နှစ်အရွယ် ဂျိုးလီစကူနာနက်ဆိုသူကို လတ်တလောမှာတော့ ကလေးငယ်လေးဦးအပေါ် အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် လာမယ့် မတ်လအတွင်းမှာ ရုံးတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းက ဆေးရုံတွေမှာ ဆယ်စုနှစ်သုံးခုကြာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ စွပ်စွဲချက်တွေထဲမှာတော့ အိမ်နီးချင်းခြောက်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးနဲ့ ဆွေးမျိုးနီးစပ် မိန်းမငယ်တစ်ဦးနဲ့ အခြားတစ်ဦးကို အဓမ္မကျင့်မှု၊ ကလေးလူနာတစ်ဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုတွေ ပါဝင်နေပါတယ်။ တရားစွဲခံရပြီးနောက် သူ့ရဲ့အိမ်ကနေ ကလေးငယ်တွေရဲ့ မဖွယ်မရာဓါတ်ပုံတွေပါတဲ့ လျှို့ဝှက်မှတ်တမ်းစာအုပ်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။…

Read More

ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူထုတ်လို့ တိုင်းပြည်မထိခိုက်နိုင်

ရန်ကုန်၊ဒီဇင်ဘာ ၂၁-၂၀၁၉ ရန်အောင်ထွန်း(VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူကို လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ စတင်ထုတ်ဝေသွားမယ့်အပေါ် ငွေကြေးဖောင်းပွမှုဖြစ်ပြီး နိုင်ငံအတွက် အခက်အခဲဖြစ်မှာ စိုးရိမ်နေကြ‌ပေမယ့် အခက်အခဲတစ်ခုတော့ ဖြစ်မှာမဟုတ်ဘူးလို့ CB Bank အကြံပေး ဦးဖေမြင့်ကပြောပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေနေရာမှာ ဗိုလ်ချုပ်ပုံနဲ့ငွေစက္ကူတွေကို မြန်မာနိုင်ငံသုံး ငွေစက္ကူများအဖြစ် ငွေစက္ကူတံဆိပ်၊ အမှတ်အသား၊ ပြောင်းလဲသတ်မှတ်မှု ၊ နိုင်ငံသုံးငွေစက္ကူတွေကို ပြောင်းလဲထုတ်လုပ်ခြင်း၊ ငွေကျပ်တန်ဖိုး အသစ်‌တွေထပ်မံထုတ်လုပ်တာဟာ ငွေကြေးဖောင်းပွမှု ငွေဈေးနှုန်းကျဆင်းမှု ဖြစ်လာမယ်ဆိုပြီး စိုးရိမ်နေမှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။ ” ထုတ်တာက အရင်တုန်းကတော့ အခု သတ်မှတ်ထားတဲ့ အခုသုံးနေတဲ့ ငွေပုံစံပေါ့ ၊ ဒါကို တံဆိပ်ပြောင်းလိုက်တာ ဗိုလ်ချုပ်ပုံထည့်လိုက်တာပေါ့ ၊ ပုံနှိပ်တာကတော့ သူတို့ စည်းမျဉ်းဥပဒေတွေရှိတယ် ၊ အဲ့ဒီဥပဒေအတိုင်းထုတ်ရတာ ။ အခုဟာက အရင်ငွေကြေးပေါ်မှာ…

Read More

မကွေးတိုင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ရပ်ကို အရေးပေးယူဖို့ တောင်းဆို

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၉ သိဂီ ၤ(VOM) ပြည်သူကို အကာအကွယ်ပေးနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်တိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကိုချိုးဖောက်ပြီး နစ်နာသူဗစ်တိုးရီးယားအမည်ရင်းနဲ့ မိဘအမည်တွေကို ထုတ်ပြန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ရပ်ကို ရှုံ့ချကြောင်းနဲ့အရေးယူပေးဖို့ မကွေးတိုင်းထဲက အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၃ ဖွဲ့ က ဒီကနေ့မနက်ပိုင်းက သဘောထားကြေငြာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ပါတယ်။ “ ဥပဒေကိုနားမလည်ဘဲ လုပ်တာဖြစ်စေ၊ သိပါရဲ့နဲ့လုပ်ခဲ့တာဖြစ်စေ ၊ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေမှာ အဓိက သက်ငယ်မုဒိန်းအပါအဝင် စတဲ့ဘယ်လိုအမှုမျိုးမှာဖြစ်စေ၊ ကလေးသူငယ်နာမည်ထုတ်ဖော်ပြောတာ တရားခွင်မှာ မသက်ဆိုင်သူတွေကြား စစ်ဆေးတာတွေကို ကလေးတစ်ယောက်ရဲ့အနာဂတ် ဂုဏ်သိက္ခာအပေါ် လေးစားတဲ့အနေနဲ့ လုပ်လို့မရတာကို ရဲတပ်ဖွဲ့က လုပ်ခဲ့တာကြောင့် ဒီလုပ်ရပ်အပေါ် လိုအပ်သလိုအရေးယူဖို့ နဲ့ ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုတည်းအတွက် ပြောတာမဟုတ်ဘူး ။ တခြားကလေးသူငယ်တွေ အားလုံးအတွက်ပါ ဒါမျိုးထပ်မဖြစ်ဖို့ပါ။ ကလေးတွေအပေါ် ခုလိုပြောတာ အဆင်မပြေဘူး။ ရဲတပ်ဖွဲဆိုတာ…

Read More

ကချင်ပြည်နယ်မှာ မဲစာရင်းမကောင်ယူနိုင်တဲ့ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိနေ

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁-၂၀၁၉ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်မှာ မဲစာရင်းမကောင်ယူနိုင်တဲ့ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိနေတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရသိရပါတယ်။ မကောက်ယူနိုင်တဲ့ အရေအတွက်ကို အမျိူအစားခွဲထားရာမှာတော့ ကျေးရွာအုပ်စုပျက်သွားတဲ့ ရွာအုပ်စု (၁၁၃) အုပ်စု ၊ လက်နက်ကိုင်အဖွဲ့တွေ စုဝေးနေတဲ့ နယ်မြေမှာ ကျေးရွာအုပ်စု (၅၀) အုပ်စု၊ တိမ်းရှောင်အုပ်စု (၁၉) အုပ်စု ၊ လုံခြုံရေးကန့်သတ်နယ်မြေက ကျေးရွာအုပ်စု (၂၀) ရှိပါတယ်။ ” (၂၀၁၅) ခုနှစ်က (၂၁၂) အုပ်စုစာရင်ထက်တော့ လျော့သွားပါတယ် နောက်ပိုင်းတော့ ငြိမ်းချမ်းရေး ရရှိမှုအပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်တယ် ” လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဒေါ်မေရီမီနန်ကပြောပါတယ်။ ပြည်နယ် (လဝက) ဝန်ကြီး ဦးဇော်ဝင်းကတော့ လာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ဖို့ ” စစ်ရှောင်စခန်းတွေ…

Read More
VOM News

FREE
VIEW