မကွေးတိုင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ရပ်ကို အရေးပေးယူဖို့ တောင်းဆို

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၉
သိဂီ ၤ(VOM)

ပြည်သူကို အကာအကွယ်ပေးနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်တိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကိုချိုးဖောက်ပြီး နစ်နာသူဗစ်တိုးရီးယားအမည်ရင်းနဲ့ မိဘအမည်တွေကို ထုတ်ပြန်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်ရပ်ကို ရှုံ့ချကြောင်းနဲ့အရေးယူပေးဖို့ မကွေးတိုင်းထဲက အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၃ ဖွဲ့ က ဒီကနေ့မနက်ပိုင်းက သဘောထားကြေငြာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ပါတယ်။

“ ဥပဒေကိုနားမလည်ဘဲ လုပ်တာဖြစ်စေ၊ သိပါရဲ့နဲ့လုပ်ခဲ့တာဖြစ်စေ ၊ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေမှာ အဓိက သက်ငယ်မုဒိန်းအပါအဝင် စတဲ့ဘယ်လိုအမှုမျိုးမှာဖြစ်စေ၊ ကလေးသူငယ်နာမည်ထုတ်ဖော်ပြောတာ တရားခွင်မှာ မသက်ဆိုင်သူတွေကြား စစ်ဆေးတာတွေကို ကလေးတစ်ယောက်ရဲ့အနာဂတ် ဂုဏ်သိက္ခာအပေါ် လေးစားတဲ့အနေနဲ့ လုပ်လို့မရတာကို ရဲတပ်ဖွဲ့က လုပ်ခဲ့တာကြောင့် ဒီလုပ်ရပ်အပေါ် လိုအပ်သလိုအရေးယူဖို့ နဲ့ ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုတည်းအတွက် ပြောတာမဟုတ်ဘူး ။ တခြားကလေးသူငယ်တွေ အားလုံးအတွက်ပါ ဒါမျိုးထပ်မဖြစ်ဖို့ပါ။ ကလေးတွေအပေါ် ခုလိုပြောတာ အဆင်မပြေဘူး။ ရဲတပ်ဖွဲဆိုတာ ဥပဒေနဲ့ပတ်သက်လို့ အကာကွယ်ပေးနေတဲ့အဖွဲ့ဖြစ်တယ်။ ဒီလိုရဲတပ်ဖွဲ့က ဒါကိုလုပ်ခဲ့တယ်။ ကလေးတွေရဲ့ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် လျို့ဝှက်ထိန်းသိမ်းသင့်တာတွေကို ထိန်းသိမ်းရမယ်။ ရဲတပ်ဖွဲ့မဟုတ်ပဲ သာမန်လူတစ်ယောက်အနေနဲ့စဉ်းစားမယ်ဆိုရင်တောင် လူတစ်ယောက်နစ်နာထိခိုက်စေတဲ့ အပြောအဆိုတွေကို ဆင်ခြင်ရမယ်”လို့ အရပ်ဖက်လူမူအဖွဲ့အစည်း ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးနေဝင်းကိုကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး နေပြည်တော်ရှိ ရဲဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားအမည်နဲ့ မိဘအမည်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အရာရှိနှစ်ဦးဖြစ်တဲ့ ရဲမှူးချုပ် စိုးနိုင်ဦးနဲ့ ရဲမှူးကြီး သာထွန်းတို့က ရဲဇာနည်လူမှုကွန်ရက်စာမျက်နှာကနေ Live ထုတ်လွှင့်ပြောခဲ့သလို ဗစ်တိုရီးယားအမှုနှင့်ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုပါ အဲ့ဒီပေ့ချ်ကနေထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အခန်း ၂၅ ၊ ပုဒ်မ ၉၆ ၊ ပုဒ်မခွဲ ဃ ပါ ကလေးသူငယ်အခွင့်အရေး ပြဌာန်းထားချက်ကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့ မကွေးတိုင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ထောက်ပြလိုက်တာဖြစ်ပါတယ်။

ဒါကြောင့်ပဲ အရေးယူဖို့နဲ့ရှုံ့ချကြောင်း သဘောထားထုတ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေငြာချက် ရလဒ်အပေါ်မူတည်ပြီး ရှေ့ဆက် ထပ်မံလုပ်သွားမယ့် အစီအစဉ်ကို ရေးဆွဲသွားမှာလို့လည်း သိရပါတယ်။

အလားတူ တခြားလူပုဂ္ဂိုလ်တချို့ကလည်း ရဲတပ်ဖွဲ့အပေါ်အရေးယူပေးဖို့တောင်းဆိုနေကြသလို ပုဂ္ဂလိကလုပ်ငန်းရှင်တချို့ကလည်း အလုပ်ခေါ်စာတွေကို ရဲထောက်ခံစာ မလိုအပ်ကြောင်း ကြေငြာထားတာတွေကို လူမူကွန်ုယက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

ရဲတပ်ဖွဲ့ဖြစ်ပြီး ခုလိုထုတ်ဖော်ပြောခဲ့တဲ့အပေါ် ဗစ်တိုးရီးယားလေးရဲ့ဖခင်ကတော့ ရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုသွားမယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #မြန်မာနိုင်ငံရဲတပ်ဖွဲ့

Zawgyi

မေကြးတိုင္းက အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြက ျမန္မာနိုင္ငံရဲတပ္ဖြဲ႕လုပ္ရပ္ကို အေရးေပးယူဖို႔ ေတာင္းဆို

ရန္ကုန္ ဒီဇင္ဘာ ၂၁-၂၀၁၉
သိဂီ ၤ(VOM)

ျပည္သူကို အကာအကြယ္ေပးေနတဲ႕ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကိုယ္တိုင္က ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒကိုခ်ိဳးေဖာက္ၿပီး နစ္နာသူဗစ္တိုးရီးယားအမည္ရင္းနဲ႔ မိဘအမည္ေတြကို ထုတ္ျပန္ေျပာဆိုလိုက္တဲ့ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕လုပ္ရပ္ကို ရႈံ႕ခ်ေႀကာင္းနဲ႕အေရးယူေပးဖို႕ မေကြးတိုင္းထဲက အရပ္ဖက္လူမႈအဖြဲ႕အစည္း ၃၃ ဖြဲ႕ က ဒီကေန႔မနက္ပိုင္းက သေဘာထားေႀကျငာခ်က္ ထုတ္ျပန္ကာ ေတာင္းဆိုလိုက္ပါတယ္။

“ ဥပေဒကိုနားမလည္ဘဲ လုပ္တာျဖစ္ေစ၊ သိပါရဲ႕နဲ႕လုပ္ခဲ့တာျဖစ္ေစ ၊ ကေလးသူငယ္ေတြနဲ႔ ပတ္သက္တဲ့ အမႈကိစၥေတြမွာ အဓိက သက္ငယ္မုဒိန္းအပါအဝင္ စတဲ့ဘယ္လိုအမႈမ်ိဳးမွာျဖစ္ေစ၊ ကေလးသူငယ္နာမည္ထုတ္ေဖာ္ေျပာတာ တရားခြင္မွာ မသက္ဆိုင္သူေတြႀကား စစ္ေဆးတာေတြကို ကေလးတစ္ေယာက္ရဲ႕အနာဂတ္ ဂုဏ္သိကၡာအေပၚ ေလးစားတဲ့အေနနဲ႕ လုပ္လို႕မရတာကို ရဲတပ္ဖြဲ႕က လုပ္ခဲ႕တာေႀကာင့္ ဒီလုပ္ရပ္အေပၚ လိုအပ္သလိုအေရးယူဖို႕ နဲ႕ ရႈံ့ခ်ေႀကာင္း ထုတ္ျပန္ခဲ႕တာျဖစ္ပါတယ္။ ဒီကိစၥတစ္ခုတည္းအတြက္ ေျပာတာမဟုတ္ဘူး ။ တျခားကေလးသူငယ္ေတြ အားလုံးအတြက္ပါ ဒါမ်ိဳးထပ္မျဖစ္ဖို႔ပါ။ ကေလးေတြအေပၚ ခုလိုေျပာတာ အဆင္မေျပဘူး။ ရဲတပ္ဖြဲဆိုတာ ဥပေဒနဲ႔ပတ္သက္လို႕ အကာကြယ္ေပးေနတဲ့အဖြဲ႕ျဖစ္တယ္။ ဒီလိုရဲတပ္ဖြဲ႕က ဒါကိုလုပ္ခဲ႕တယ္။ ကေလးေတြရဲ႕ဂုဏ္သိကၡာကို ေလးစားေသာအားျဖင့္ လ်ိဳ႕ဝွက္ထိန္းသိမ္းသင့္တာေတြကို ထိန္းသိမ္းရမယ္။ ရဲတပ္ဖြဲ႕မဟုတ္ပဲ သာမန္လူတစ္ေယာက္အေနနဲ႕စဥ္းစားမယ္ဆိုရင္ေတာင္ လူတစ္ေယာက္နစ္နာထိခိုက္ေစတဲ့ အေျပာအဆိုေတြကို ဆင္ျခင္ရမယ္”လို႔ အရပ္ဖက္လူမူအဖြဲ႔အစည္း ဒါရိုက္တာဘုတ္အဖြဲ႕ဝင္ ဦးေနဝင္းကိုကေျပာပါတယ္။

ျပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၉ ရက္ေန႔က ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္ျပီး ေနျပည္ေတာ္ရွိ ရဲဌာနခ်ဳပ္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဗစ္တိုးရီးယားအမည္နဲ႔ မိဘအမည္ကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ရဲ႕ အရာရွိႏွစ္ဦးျဖစ္တဲ႕ ရဲမွဴးခ်ဳပ္ စိုးႏိုင္ဦးနဲ႔ ရဲမွဴးႀကီး သာထြန္းတို႔က ရဲဇာနည္လူမႈကြန္ရက္စာမ်က္ႏွာကေန Live ထုတ္လႊင့္ေျပာခဲ႕သလို ဗစ္တုိရီးယားအမႈႏွင့္ပတ္သက္တဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုပါ အဲ့ဒီေပ့ခ်္ကေနထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဒါဟာ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒ အခန္း ၂၅ ၊ ပုဒ္မ ၉၆ ၊ ပုဒ္မခြဲ ဃ ပါ ကေလးသူငယ္အခြင့္အေရး ျပဌာန္းထားခ်က္ကို ခ်ိဳးေဖာက္ခဲ့တာ ျဖစ္တယ္လို႕ မေကြးတိုင္း အရပ္ဖက္လူမႈအဖြဲ႕အစည္းေတြက ေထာက္ျပလိုက္တာျဖစ္ပါတယ္။

ဒါေႀကာင့္ပဲ အေရးယူဖို႕နဲ႕ရႈ႕ံခ်ေႀကာင္း သေဘာထားထုတ္ခဲ့တာျဖစ္ၿပီး ဒီကေန႔ ထုတ္ျပန္လိုက္တဲ့ ေႀကျငာခ်က္ ရလဒ္အေပၚမူတည္ၿပီး ေရွ႕ဆက္ ထပ္မံလုပ္သြားမယ့္ အစီအစဥ္ကို ေရးဆြဲသြားမွာလို႔လည္း သိရပါတယ္။

အလားတူ တျခားလူပုဂိၢဳလ္တခ်ိဳ႕ကလည္း ရဲတပ္ဖြဲ႕အေပၚအေရးယူေပးဖို႕ေတာင္းဆိုေနႀကသလို ပုဂၢလိကလုပ္ငန္းရွင္တခ်ိဳ႕ကလည္း အလုပ္ေခၚစာေတြကို ရဲေထာက္ခံစာ မလိုအပ္ေႀကာင္း ေႀကျငာထားတာေတြကုိ လူမူကြန္ုယက္စာမ်က္ႏွာေတြမွာ ေတြ႕ရပါတယ္။

ရဲတပ္ဖြဲ႕ျဖစ္ျပီး ခုလိုထုတ္ေဖာ္ေျပာခဲ့တဲ့အေပၚ ဗစ္တိုးရီးယားေလးရဲ႕ဖခင္ကေတာ့ ရဲတပ္ဖြဲ႕ကို ျပန္လည္တရားစြဲဆိုသြားမယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ျမန္မာနုိင္ငံရဲတပ္ဖြဲ႔

Related posts

Leave a Comment

VOM News

FREE
VIEW