ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူထုတ်လို့ တိုင်းပြည်မထိခိုက်နိုင်

ရန်ကုန်၊ဒီဇင်ဘာ ၂၁-၂၀၁၉
ရန်အောင်ထွန်း(VOM)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူကို လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ စတင်ထုတ်ဝေသွားမယ့်အပေါ် ငွေကြေးဖောင်းပွမှုဖြစ်ပြီး နိုင်ငံအတွက် အခက်အခဲဖြစ်မှာ စိုးရိမ်နေကြ‌ပေမယ့် အခက်အခဲတစ်ခုတော့ ဖြစ်မှာမဟုတ်ဘူးလို့ CB Bank အကြံပေး ဦးဖေမြင့်ကပြောပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေနေရာမှာ ဗိုလ်ချုပ်ပုံနဲ့ငွေစက္ကူတွေကို မြန်မာနိုင်ငံသုံး ငွေစက္ကူများအဖြစ် ငွေစက္ကူတံဆိပ်၊ အမှတ်အသား၊ ပြောင်းလဲသတ်မှတ်မှု ၊ နိုင်ငံသုံးငွေစက္ကူတွေကို ပြောင်းလဲထုတ်လုပ်ခြင်း၊ ငွေကျပ်တန်ဖိုး အသစ်‌တွေထပ်မံထုတ်လုပ်တာဟာ ငွေကြေးဖောင်းပွမှု ငွေဈေးနှုန်းကျဆင်းမှု ဖြစ်လာမယ်ဆိုပြီး စိုးရိမ်နေမှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။

” ထုတ်တာက အရင်တုန်းကတော့ အခု သတ်မှတ်ထားတဲ့ အခုသုံးနေတဲ့ ငွေပုံစံပေါ့ ၊ ဒါကို တံဆိပ်ပြောင်းလိုက်တာ ဗိုလ်ချုပ်ပုံထည့်လိုက်တာပေါ့ ၊ ပုံနှိပ်တာကတော့ သူတို့ စည်းမျဉ်းဥပဒေတွေရှိတယ် ၊ အဲ့ဒီဥပဒေအတိုင်းထုတ်ရတာ ။ အခုဟာက အရင်ငွေကြေးပေါ်မှာ ဗိုလ်ချုပ်ပုံနဲ့ ထုတ်တာပါ သီးခြားထုတ်တဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ဘာမှတော့ အကြီးအကျယ် တိုင်းပြည်စီပွား သွားထိခိုက်တဲ့အနေအထား မရှိနိုင်ဘူး။ အမေရိကတို့လို မဟုတ်ဘူး အမေရိကကျတော့ စက္ကူသူပဲထုတ်ရတာလေ။ ဗမာပြည်မှာက အဲ့ဒီနည်းစနစ်နဲ့ ထုတ်တာမရှိဘူး ။ ရှိပြီးသားထုတ်တာ သူတို့စည်းမျဉ်းစည်းကမ်းအတိုင်း ဘယ်လောက်ထုတ်တယ် ဘယ်လောက်ထုတ်ရမယ် ၊ ဘယ်လောက်လက်ကျန်ရှိတယ် အဲ့ဒါတွေမှာပဲ သူတို့ထုတ်တာ ။ နောက်ထပ် အသစ်ထုတ်ရမယ့် ထုတ်တဲ့ဟာတွေကို ဗိုလ်ချုပ်တံဆိပ်နဲ့ထုတ်တာပဲ။ အပိုထပ်ထုတ်တာတော့ မဟုတ်ဘူး ၊ လုပ်နေကျဟာကို ထုတ်ပေးတာ အဲ့ဒါပဲ၊ ငွေအသစ်ပြန်ရိုက်တဲ့အခါကျတော့ ဗဟိုဘဏ်မှာက စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ အဲ့ဒီစည်းကမ်းဘောင်ထဲမှာ သူတို့ လုပ်ကြတာပါ လူတွေကသံသယဖြစ်ပြီးတော့ ပြောနေကြတာပေါ့ ။ အရပ်သားအစိုးရအနေနဲ့ဆို ဒါတွေက အရမ်းလုပ်လို့မရဘူး။ ငွေထုတ်တယ်ဆိုတာလည်း သူ့စည်းမျဉ်းစည်းကမ်းနဲ့ ထုတ်ရတာ။” လို့ ဦးဖေမြင့်ကပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနှင့် ယခုကဲ့သို့ ငွေစက္ကူအသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သော်လည်း လက်ရှိသုံးစွဲနေသော တစ်ထောင်ကျပ်တန် ငွေစက္ကူများကိုလည်း တရားဝင်ငွေကြေးအဖြစ် ဆက်လက်သုံးစွဲခွင့် ပြုသွားမည်ဖြစ်ကြောင်း ထည့်သွင်းကြေငြာခဲ့ပါတယ်။

” တိုင်းပြည်ထိမထိ ငွေဈေးကျ၊ မကျက မသိဘူး။ အစားထိုးထုတ်တာဆို စီရီရယ်နံပါတ် ၈လုံးနဲ့ထုတ်ရမှာ ထုတ်ပီးသား နံပါတ်တွေကို နောက်တစ်ခါထပ်မထုတ်ဘူး ဗဟိုဘဏ်က တရားဝင်ပြောပြီးသား၊ ထုတ်ပီးသား စီရီရယ်နံပါတ်တွေကို ဘယ်တော့မှပြန်မထုတ်ဘူး။ အခုက ဂဏန်း ၇ လုံးနဲ့ အသစ်မို့လို့ ၇ လုံးနဲ့ပြန်လာတာ၊ အစားထိုး မဟုတ်ဘူးအသစ် ။ ငွေကြေးကတော့ ဖောင်းပွလိမ့်မယ် ထင်တယ် ” လို့ ပြည်သူတစ်ဦးက ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန် ထုတ်မယ့်အပေါ် သံးုသပ်ပြောပါတယ်။

ငွေစက္ကူအရောင်မှာ အပြာရောင်ဖြစ်ပြီး အရွယ်အစား အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိပြီး အပေါ်ပိုင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားရိုက်နှိပ်ထားတယ်လို့ သိရပါတယ်။

တစ်ထောင်ကျပ်တန် ငွေစက္ကူအသစ်ရဲ့ မျက်နှာစာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာရိုက်နှိပ်ထားပြီး ကျောဘက်မှာ လွှတ်တော်အဆောက်အအုံ ပုံရိုက်နှိပ်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဗဟိုဘဏ် #ဗိုလ်ချုပ်ပုံပါငွေစက္ကူ

Zawgyi

ဗိုလ္ခ်ဳပ္ပုံပါတဲ့ ေငြစကၠဴထုတ္လို႔ တိုင္းျပည္မထိခိုက္ႏိုင္

ရန္ကုန္၊ဒီဇင္ဘာ ၂၁-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပုံပါ တစ္ေထာင္က်ပ္တန္ေငြစကၠဴကို လာမယ့္ ဇန္နဝါရီလ ၄ ရက္မွာ စတင္ထုတ္ေဝသြားမယ့္အေပၚ ေငြေၾကးေဖာင္းပြမႈျဖစ္ၿပီး ႏိုင္ငံအတြက္ အခက္အခဲျဖစ္မွာ စိုးရိမ္ေနၾက‌ေပမယ့္ အခက္အခဲတစ္ခုေတာ့ ျဖစ္မွာမဟုတ္ဘူးလို႔ CB Bank အႀကံေပး ဦးေဖျမင့္ကေျပာပါတယ္။

လက္ရွိအသုံးျပဳေနတဲ့ ေငြစကၠဴေတြေနရာမွာ ဗိုလ္ခ်ဳပ္ပုံနဲ႔ေငြစကၠဴေတြကို ျမန္မာႏိုင္ငံသုံး ေငြစကၠဴမ်ားအျဖစ္ ေငြစကၠဴတံဆိပ္၊ အမွတ္အသား၊ ေျပာင္းလဲသတ္မွတ္မႈ ၊ ႏိုင္ငံသုံးေငြစကၠဴေတြကို ေျပာင္းလဲထုတ္လုပ္ျခင္း၊ ေငြက်ပ္တန္ဖိုး အသစ္‌ေတြထပ္မံထုတ္လုပ္တာဟာ ေငြေၾကးေဖာင္းပြမႈ ေငြေဈးႏႈန္းက်ဆင္းမႈ ျဖစ္လာမယ္ဆိုၿပီး စိုးရိမ္ေနမႈေတြ ရွိေနၾကတယ္လို႔လည္း သိရပါတယ္။

” ထုတ္တာက အရင္တုန္းကေတာ့ အခု သတ္မွတ္ထားတဲ့ အခုသုံးေနတဲ့ ေငြပုံစံေပါ့ ၊ ဒါကို တံဆိပ္ေျပာင္းလိုက္တာ ဗိုလ္ခ်ဳပ္ပုံထည့္လိုက္တာေပါ့ ၊ ပုံႏွိပ္တာကေတာ့ သူတို႔ စည္းမ်ဥ္းဥပေဒေတြရွိတယ္ ၊ အဲ့ဒီဥပေဒအတိုင္းထုတ္ရတာ ။ အခုဟာက အရင္ေငြေၾကးေပၚမွာ ဗိုလ္ခ်ဳပ္ပုံနဲ႔ ထုတ္တာပါ သီးျခားထုတ္တဲ့ ပုံစံမ်ိဳးမဟုတ္ပါဘူး။ ဘာမွေတာ့ အႀကီးအက်ယ္ တိုင္းျပည္စီပြား သြားထိခိုက္တဲ့အေနအထား မရွိႏိုင္ဘူး။ အေမရိကတို႔လို မဟုတ္ဘူး အေမရိကက်ေတာ့ စကၠဴသူပဲထုတ္ရတာေလ။ ဗမာျပည္မွာက အဲ့ဒီနည္းစနစ္နဲ႔ ထုတ္တာမရွိဘူး ။ ရွိၿပီးသားထုတ္တာ သူတို႔စည္းမ်ဥ္းစည္းကမ္းအတိုင္း ဘယ္ေလာက္ထုတ္တယ္ ဘယ္ေလာက္ထုတ္ရမယ္ ၊ ဘယ္ေလာက္လက္က်န္ရွိတယ္ အဲ့ဒါေတြမွာပဲ သူတို႔ထုတ္တာ ။ ေနာက္ထပ္ အသစ္ထုတ္ရမယ့္ ထုတ္တဲ့ဟာေတြကို ဗိုလ္ခ်ဳပ္တံဆိပ္နဲ႔ထုတ္တာပဲ။ အပိုထပ္ထုတ္တာေတာ့ မဟုတ္ဘူး ၊ လုပ္ေနက်ဟာကို ထုတ္ေပးတာ အဲ့ဒါပဲ၊ ေငြအသစ္ျပန္႐ိုက္တဲ့အခါက်ေတာ့ ဗဟိုဘဏ္မွာက စည္းမ်ဥ္းစည္းကမ္းေတြရွိတယ္။ အဲ့ဒီစည္းကမ္းေဘာင္ထဲမွာ သူတို႔ လုပ္ၾကတာပါ လူေတြကသံသယျဖစ္ၿပီးေတာ့ ေျပာေနၾကတာေပါ့ ။ အရပ္သားအစိုးရအေနနဲ႔ဆို ဒါေတြက အရမ္းလုပ္လို႔မရဘူး။ ေငြထုတ္တယ္ဆိုတာလည္း သူ႔စည္းမ်ဥ္းစည္းကမ္းနဲ႔ ထုတ္ရတာ။” လို႔ ဦးေဖျမင့္ကေျပာပါတယ္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနႏွင့္ ယခုကဲ့သို႔ ေငြစကၠဴအသစ္႐ိုက္ႏွိပ္ထုတ္ေဝလိုက္ေသာ္လည္း လက္ရွိသုံးစြဲေနေသာ တစ္ေထာင္က်ပ္တန္ ေငြစကၠဴမ်ားကိုလည္း တရားဝင္ေငြေၾကးအျဖစ္ ဆက္လက္သုံးစြဲခြင့္ ျပဳသြားမည္ျဖစ္ေၾကာင္း ထည့္သြင္းေၾကျငာခဲ့ပါတယ္။

” တိုင္းျပည္ထိမထိ ေငြေဈးက်၊ မက်က မသိဘူး။ အစားထိုးထုတ္တာဆို စီရီရယ္နံပါတ္ ၈လုံးနဲ႔ထုတ္ရမွာ ထုတ္ပီးသား နံပါတ္ေတြကို ေနာက္တစ္ခါထပ္မထုတ္ဘူး ဗဟိုဘဏ္က တရားဝင္ေျပာၿပီးသား၊ ထုတ္ပီးသား စီရီရယ္နံပါတ္ေတြကို ဘယ္ေတာ့မွျပန္မထုတ္ဘူး။ အခုက ဂဏန္း ၇ လုံးနဲ႔ အသစ္မို႔လို႔ ၇ လုံးနဲ႔ျပန္လာတာ၊ အစားထိုး မဟုတ္ဘူးအသစ္ ။ ေငြေၾကးကေတာ့ ေဖာင္းပြလိမ့္မယ္ ထင္တယ္ ” လို႔ ျပည္သူတစ္ဦးက ဗိုလ္ခ်ဳပ္ပုံပါ တစ္ေထာင္တန္ ထုတ္မယ့္အေပၚ သံးုသပ္ေျပာပါတယ္။

ေငြစကၠဴအေရာင္မွာ အျပာေရာင္ျဖစ္ၿပီး အ႐ြယ္အစား အလ်ား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရွိၿပီး အေပၚပိုင္းမွာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ စာသား႐ိုက္ႏွိပ္ထားတယ္လို႔ သိရပါတယ္။

တစ္ေထာင္က်ပ္တန္ ေငြစကၠဴအသစ္ရဲ႕ မ်က္ႏွာစာမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ ေရစာ႐ိုက္ႏွိပ္ထားၿပီး ေက်ာဘက္မွာ လႊတ္ေတာ္အေဆာက္အအုံ ပုံ႐ိုက္ႏွိပ္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ဗဟိုဘဏ္ #ဗိုလ္ခ်ဳပ္ပံုပါေငြစကၠဴ

Related posts

Leave a Comment

VOM News

FREE
VIEW