အငြိမ်းစား၀န်ထမ်းတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို လူမှုဖူလုံရေးဦးစီးဌာနက ခွင့်မပြုဘဲနေတယ်လို့ဆိုကာ ဖယ်ရှားခိုင်း

မန္တလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်း ၆၄လမ်းနဲ့ ၆၆လမ်းကြားက ဌာနဆိုင်ရာအငြိမ်းစားတွေနေထိုင်နေတဲ့ စံနန်းတော်တိုက်ခန်းကို လူမူဖူလုံရေးဦးစီးဌာနက ခွင့်မပြုဘဲနေထိုင်တယ်လို့ဆိုကာ ဖယ်ရှားခိုင်းနေတဲ့အတွက် ဒီကနေနေ့လည်ပိုင်းက အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

၁၉၉၉ခုနှစ်ကတည်းက တရား၀င်စာချုပ်စာတမ်းနဲ့ နေထိုင်လာခဲ့ပြီး အဲ့ဒီတိုက်ခန်းမှာ လက်ရှိနေထိုင်သူတွေကလည်း တပ်မတော်အရာရှိအငြိမ်းစားများ၊ ကျန်းမာရေး၀န်ထမ်းအငြိမ်းစားများ၊ ရဲတပ်ဖွဲ့၀င်အငြိမ်းစားများ၊ ညွန်ကြားရေးမှူးအငြိမ်းစားများ နေထိုင်နေတာဖြစ်ပါတယ်။

လက်ရှိ အိမ်ထောင်စု (၂၈)စု ၊ တိုက်ခန်း(၄၅)ခန်းတည်ဆောက် နေထိုင်နေတာလည်း ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် နို၀င်ဘာလက သူတို့နေထိုင်တာကို ဖယ်ရှားပေးဖို့ အကြောင်းကြားစာပို့လာတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်ပြီး လက်ရှိနေထိုင်သူတွေကို ဖယ်ရှားရင်လည်း အင်အားသုံးဖယ်ရှားခြင်း မပြုလုပ်ဖို့ မန္တလေးတိုင်း၀န်ကြီးချုပ်က တရား၀င်ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #စံနန်းတော်အိမ်ယာ

Zawgyi

အၿငိမ္းစား၀န္ထမ္းေတြ ေနထိုင္တဲ့ တိုက္ခန္းေတြကို လူမႈဖူလုံေရးဦးစီးဌာနက ခြင့္မျပဳဘဲေနတယ္လို႔ဆိုကာ ဖယ္ရွားခိုင္း

မႏၲေလး၊ ဒီဇင္ဘာ ၂၁-၂၀၁၉
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေဒါနဘြားရပ္ကြက္၊ ၁၄လမ္း ၆၄လမ္းနဲ႔ ၆၆လမ္းၾကားက ဌာနဆိုင္ရာအၿငိမ္းစားေတြေနထိုင္ေနတဲ့ စံနန္းေတာ္တိုက္ခန္းကို လူမူဖူလုံေရးဦးစီးဌာနက ခြင့္မျပဳဘဲေနထိုင္တယ္လို႔ဆိုကာ ဖယ္ရွားခိုင္းေနတဲ့အတြက္ ဒီကေနေန႔လည္ပိုင္းက အဲ့ဒီတိုက္ခန္းမွာေနထိုင္သူေတြက သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

၁၉၉၉ခုႏွစ္ကတည္းက တရား၀င္စာခ်ဳပ္စာတမ္းနဲ႔ ေနထိုင္လာခဲ့ၿပီး အဲ့ဒီတိုက္ခန္းမွာ လက္ရွိေနထိုင္သူေတြကလည္း တပ္မေတာ္အရာရွိအၿငိမ္းစားမ်ား၊ က်န္းမာေရး၀န္ထမ္းအၿငိမ္းစားမ်ား၊ ရဲတပ္ဖြဲ႕၀င္အၿငိမ္းစားမ်ား၊ ၫြန္ၾကားေရးမႉးအၿငိမ္းစားမ်ား ေနထိုင္ေနတာျဖစ္ပါတယ္။

လက္ရွိ အိမ္ေထာင္စု (၂၈)စု ၊ တိုက္ခန္း(၄၅)ခန္းတည္ေဆာက္ ေနထိုင္ေနတာလည္း ျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္ ႏို၀င္ဘာလက သူတို႔ေနထိုင္တာကို ဖယ္ရွားေပးဖို႔ အေၾကာင္းၾကားစာပို႔လာတဲ့အတြက္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရတာျဖစ္ၿပီး လက္ရွိေနထိုင္သူေတြကို ဖယ္ရွားရင္လည္း အင္အားသုံးဖယ္ရွားျခင္း မျပဳလုပ္ဖို႔ မႏၲေလးတိုင္း၀န္ႀကီးခ်ဳပ္က တရား၀င္ၫြန္ၾကားထားတယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #စံနန္းေတာ္အိမ္ယာ

Related posts

Leave a Comment

VOM News

FREE
VIEW