ကွန်တိန်နာကားတွေကို နေ့ခင်းဘက်မှာပါ ဖြတ်သန်းသွားလာခွင့်ပြု

ကွန်တိန်နာကားတွေကို နေ့ခင်းဘက်မှာပါ ဖြတ်သန်းသွားလာခွင့်ပြု

ရန်ကုန် ဒီဇင်ဘာ ၂၂ -၂၀၁၉

သိဂီ ၤ(VOM)

ကွန်တိန်နာကားတွေကို နေ့ခင်းဘက်မှာပါ ဖြတ်သန်းသွားလာခွင့် အချိန်ထပ်တိုးခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာမော်တော်ယာဉ်များအသင်းကသိရပါတယ်။

ဖြတ်သန်းသွားလာခွင့်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ခွင့်ပြုလိုက်တာဖြစ်ပြီး ဘုရင့်နောင် ဘက်အခြမ်းကို အသွားအပြန် အချိန်တိုးပေးလိုက်တာဖြစ်ပါတယ်။

အချိန်က နေ့လယ် ၁၁နာရီ ကနေ ၃နာရီ အထိကို စမ်းသပ်ကာလ ၃ လသတ်မှတ်ပြီး
ခွင့်ပြုပေးလိုက်တာပါ။ ခုစမ်းသပ်ခွင့်ပြုပေးလိုက်တဲ ကာလတွေဟာ Export အများဆုံးတင်ပို့ရတဲ့လတွေဖြစ်တယ်လို့သိရပါတယ်။

” ရန်ကုန်မှာက တနေ့တခြားတိုးလာတဲ့ မော်တော်ယာဉ်တွေကြောင့် ယာဉ်ကြောကျပ်ပြီး ညပိုင်းတွေမှာပြသာနာအမြဲတမ်းလိုလို တက်ကြတယ်။ ဒါကြောင့် အစိုးရအဖွဲကိုတင်ပြတော့ အချိန်အနည်းလေး တိုးပေးလိုက်တဲ့ သဘောပါ။ဘုရင့်နောင်လမ်းက အရမ်းကြပ်တော့ နေ့လယ်ပိုင်းတွေ ဖြေလျော့ပေးလာတယ်။ စမ်းသပ်ကာလ ၃လပေးမယ်လို့ပြောတယ်။ ”ဟု မြန်မာနိုင်ငံကုန်သေတ္တာမော်တော်ယာဉ်များအသင်း မှ အလုပ်အမူဆောင် ဦးတင်ထွဋ် ကပြောပါတယ်။

ဒီလို စမ်းသပ်ခွင့်ပြုလိုက်တဲ့ ကာလအတွင်း ယာဉ်ကြောအခြေအနေ ပိတ်ဆို့မှုအခြေအနေ အပါအဝင် ယာဉ်တွေရဲ စည်းကမ်းလိုက်နာမှုတွေကို စောင့်ကြည့်လေ့လာမှာဖြစ်ပါတယ်။ ဒီစမ်းသပ်ကာလ ရဲ့ရလဒ်အပေါ်မူတည်ပြီး အချိန်ထပ်တိုးခွင့်ပြုမပြုကို ဆက်လုပ်သွားမှာဖြစ်ပါတယ်။

ခုလိုနေ့ဘက်မှာပါ သွားလာခွင့်ပြုလိုက်တာဟာ လုပ်ငန်းရှင် အလုပ်သမားတွေအတွက် အဆင်ပြေသလို ကုန်ည်စီးဆင်းမှုလည်း မြန်ဆန်သွားမှာဖြစ်ပေမယ့် တစ်ဖက်မှာလည်း ယာဉ်ကြောပိတ်ဆိုမှုတွေဖြစ်လာနိုင်တာကြောင့် ပြည်သူတွေကတော့ နေ့လယ်ဘက် သွားလာခွင့်ပြုတဲ့အပေါ်သဘောမကျဘူးလို့သိရပါတယ်။

” ခုတောင် ညဘက်ဆို ကုန်ကားတွေနဲ့ကမ်းနားလမ်းကပိတ်နေတာ။ နေ့လယ်ဘက်ပါသွားခွင့်ပေးလိုက်ရင်တော့ သေချာပေါက် ကားကပိတ်မှာပဲ။ ကားမပိတ်အောင်ကြိုတင်စီစဉ်ဖို့လိုမယ်”လို့ ပြည်သူတစ်ဦးဖြစ်သူ ကိုကျော်စိုးကဆိုပါတယ်။

လက်ရှိ ကုန်သေတ္တာတင်ကားတွေကို ကမ်းနားလမ်းတောက်လျှောက် နှင့် ရှုခင်းသာလမ်း ဘုရင့်နောင် လမ်းကြောင်းကို သွားလာခွင့်ပြုထားပြီး ညပိုင်းဆိုရင် ည၇ နာရီကနေ မနက် ၆ နာရီအတွင်းသွားလာခွင့်ပြုထားပါတယ်။ နေ့လည်ကို ၁၁နာရီကနေ ၁၂ နာရီအတွင်း ဝင်ရောက်ခွင့်ပြုပြီး နေ့လည် ၂ နာရီကနေ ၃ နာရီအတွင်းမှာ ပြန်လည် ထွက်သွားခွင့်ပြုထားပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီး ကုန်သေတ္တာကားအရေအတွက် ၄၀၀၀ ကျော် ရှိနေပါတယ်။

#voiceofmyanmar #VOM #ကုန်သေတ္တာကားတွေနေ့ခင်းဘက်သွားခွင့်ပြု #ရန်ကုန်

Zawgyi

ကြန္တိန္နာကားေတြကို ေန့ခင္းဘက္မွာပါ ျဖတ္သန္းသြားလာခြင့္ၿပဳ

ရန္ကုန္ ဒီဇင္ဘာ ၂၂ -၂၀၁၉

သိဂီ ၤ(VOM)

ကြန္တိန္နာကားေတြကို ေန့ခင္းဘက္မွာပါ ျဖတ္သန္းသြားလာခြင့္ အခ်ိန္ထပ္တိုးခြင့္ျပဳလိုက္ျပီျဖစ္တယ္လို႕ ျမန္မာနိုင္ငံကုန္ေသတၱာေမာ္ေတာ္ယာဥ္မ်ားအသင္းကသိရပါတယ္။

ျဖတ္သန္းသြားလာခြင့္ကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႕ကစတင္ခြင့္ျပဳလိုက္တာျဖစ္ျပီး ဘုရင့္ေနာင္ ဘက္အျခမ္းကို အသြားအျပန္ အခ်ိန္တိုးေပးလိုက္တာျဖစ္ပါတယ္။

အခ်ိန္က ေန႕လယ္ ၁၁နာရီ ကေန ၃နာရီ အထိကို စမ္းသပ္ကာလ ၃ လသတ္မွတ္ၿပီး
ခြင့္ျပဳေပးလိုက္တာပါ။ ခုစမ္းသပ္ခြင့္ျပဳေပးလိုက္တဲ ကာလေတြဟာ Export အမ်ားဆုံးတင္ပို႕ရတဲ႕လေတြျဖစ္တယ္လို႕သိရပါတယ္။

” ရန္ကုန္မွာက တေန႔တျခားတိုးလာတဲ႕ ေမာ္ေတာ္ယာဥ္ေတြေၾကာင့္ ယာဥ္ေၾကာက်ပ္ၿပီး ညပိုင္းေတြမွာျပသာနာအျမဲတမ္းလိုလို တက္ၾကတယ္။ ဒါေၾကာင့္ အစိုးရအဖြဲကိုတင္ျပေတာ့ အခ်ိန္အနည္းေလး တိုးေပးလိုက္တဲ့ သေဘာပါ။ဘုရင့္ေနာင္လမ္းက အရမ္းၾကပ္ေတာ့ ေန႕လယ္ပိုင္းေတြ ေျဖေလ်ာ့ေပးလာတယ္။ စမ္းသပ္ကာလ ၃လေပးမယ္လို့ေျပာတယ္။ ”ဟု ျမန္မာနိုင္ငံကုန္ေသတၱာေမာ္ေတာ္ယာဥ္မ်ားအသင္း မွ အလုပ္အမူေဆာင္ ဦးတင္ထြဋ္ ကေျပာပါတယ္။

ဒီလို စမ္းသပ္ခြင့္ျပုလိုက္တဲဲ႕ ကာလအတြင္း ယာဥ္ေၾကာအေျခအေန ပိတ္ဆို႕မႈအေျခအေန အပါအဝင္ ယာဥ္ေတြရဲဲ စည္းကမ္းလိုက္နာမႈေတြကို ေစာင့္ႀကည့္ေလ့လာမွာျဖစ္ပါတယ္။ ဒီစမ္းသပ္ကာလ ရဲ႕ရလဒ္အေပၚမူတည္ၿပီး အခ်ိန္ထပ္တိုးခြင့္ျပဳမျပဳကို ဆက္လုပ္သြားမွာျဖစ္ပါတယ္။

ခုလိုေန႕ဘက္မွာပါ သြားလာခြင့္ျပဳလိုက္တာဟာ လုပ္ငန္းရွင္ အလုပ္သမားေတြအတြက္ အဆင္ေျပသလို ကုန္ည္စီးဆင္းမႈလည္း ျမန္ဆန္သြားမွာျဖစ္ေပမယ့္ တစ္ဖက္မွာလည္း ယာဥ္ေႀကာပိတ္ဆိုမႈေတြျဖစ္လာနိုင္တာေႀကာင့္ ျပည္သူေတြကေတာ့ ေန့လယ္ဘက္ သြားလာခြင့္ျပဳတဲ႕အေပၚသေဘာမက်ဘူးလို့သိရပါတယ္။

” ခုေတာင္ ညဘက္ဆို ကုန္ကားေတြနဲ႕ကမ္းနားလမ္းကပိတ္ေနတာ။ ေန့လယ္ဘက္ပါသြားခြင့္ေပးလိုက္ရင္ေတာ့ ေသခ်ာေပါက္ ကားကပိတ္မွာပဲ။ ကားမပိတ္ေအာင္ၾကိဳတင္စီစဥ္ဖိုု႕လိုုမယ္”လို႕ ျပည္သူတစ္ဦးျဖစ္သူ ကိုေက်ာ္စိုးကဆိုပါတယ္။

လက္ရွိ ကုန္ေသတၱာတင္ကားေတြကို ကမ္းနားလမ္းေတာက္ေလ်ွာက္ ႏွင့္ ရႈခင္းသာလမ္း ဘုရင့္ေနာင္ လမ္းေၾကာင္းကို သြားလာခြင့္ျပဳထားၿပီး ညပိုင္းဆိုရင္ ည၇ နာရီကေန မနက္ ၆ နာရီအတြင္းသြားလာခြင့္ျပဳထားပါတယ္။ ေန့လည္ကို ၁၁နာရီကေန ၁၂ နာရီအတြင္း ဝင္ေရာက္ခြင့္ျပဳျပီး ေန့လည္ ၂ နာရီကေန ၃ နာရီအတြင္းမွာ ျပန္လည္ ထြက္သြားခြင့္ျပဳထားပါတယ္။

လက္ရွိရန္ကုန္တိုင္းေဒသႀကီး ကုန္ေသတၱာကားအေရအတြက္ ၄၀၀၀ ေက်ာ္ ရွိေနပါတယ္။

#voiceofmyanmar #VOM #ကုန္ေသတၱာကားေတြေန႕ခင္းဘက္သြားခြင့္ျပဳ #ရန္ကုုန္

ဓါတ္ပုုံ တင္ထြဋ္

Related posts

Leave a Comment

VOM News

FREE
VIEW