ကွန်တိန်နာကားတွေကို နေ့ခင်းဘက်မှာပါ ဖြတ်သန်းသွားလာခွင့်ပြု

ကွန်တိန်နာကားတွေကို နေ့ခင်းဘက်မှာပါ ဖြတ်သန်းသွားလာခွင့်ပြု ရန်ကုန် ဒီဇင်ဘာ ၂၂ -၂၀၁၉ သိဂီ ၤ(VOM) ကွန်တိန်နာကားတွေကို နေ့ခင်းဘက်မှာပါ ဖြတ်သန်းသွားလာခွင့် အချိန်ထပ်တိုးခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာမော်တော်ယာဉ်များအသင်းကသိရပါတယ်။ ဖြတ်သန်းသွားလာခွင့်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ခွင့်ပြုလိုက်တာဖြစ်ပြီး ဘုရင့်နောင် ဘက်အခြမ်းကို အသွားအပြန် အချိန်တိုးပေးလိုက်တာဖြစ်ပါတယ်။ အချိန်က နေ့လယ် ၁၁နာရီ ကနေ ၃နာရီ အထိကို စမ်းသပ်ကာလ ၃ လသတ်မှတ်ပြီး ခွင့်ပြုပေးလိုက်တာပါ။ ခုစမ်းသပ်ခွင့်ပြုပေးလိုက်တဲ ကာလတွေဟာ Export အများဆုံးတင်ပို့ရတဲ့လတွေဖြစ်တယ်လို့သိရပါတယ်။ ” ရန်ကုန်မှာက တနေ့တခြားတိုးလာတဲ့ မော်တော်ယာဉ်တွေကြောင့် ယာဉ်ကြောကျပ်ပြီး ညပိုင်းတွေမှာပြသာနာအမြဲတမ်းလိုလို တက်ကြတယ်။ ဒါကြောင့် အစိုးရအဖွဲကိုတင်ပြတော့ အချိန်အနည်းလေး တိုးပေးလိုက်တဲ့ သဘောပါ။ဘုရင့်နောင်လမ်းက အရမ်းကြပ်တော့ နေ့လယ်ပိုင်းတွေ ဖြေလျော့ပေးလာတယ်။ စမ်းသပ်ကာလ ၃လပေးမယ်လို့ပြောတယ်။ ”ဟု မြန်မာနိုင်ငံကုန်သေတ္တာမော်တော်ယာဉ်များအသင်း မှ အလုပ်အမူဆောင် ဦးတင်ထွဋ်…

Read More

တမန်တော်ကို လူမှုကွန်ရက်မှာဝေဖန်သူ တက္ကသိုလ်ပါမောက္ခတစ်ဦးအား ပါကစ္စတန်တရားရုံး သေဒါဏ်ချ

တမန်တော်ကို လူမှုကွန်ရက်မှာဝေဖန်သူ တက္ကသိုလ်ပါမောက္ခတစ်ဦးအား ပါကစ္စတန်တရားရုံး သေဒါဏ်ချ အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ-၂၂-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်နိုင်ငံက တက္ကသိုလ်ပါမောက္ခတစ်ဦးကို ဘာသာရေးစော်ကားမှုနဲ့ တရားရုံးကနေ သေဒါဏ်ချမှတ်လိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂျူနိုက်ဟာဖက်ဟာ လူမှုကွန်ရက်ပေါ်မှာ တမန်တော်မိုဟာမက်အကြောင်းကို မမှန်မကန်ဝေဖန်ရေးသားတယ်လို့ စွပ်စွဲခံရပြီး ၂၀၁၃ ခုနှစ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ပါကစ္စတန်မှာ ဘာသာရေးစော်ကားမှုပြုတဲ့ စွပ်စွဲချက်တွေဟာ အလွန်အကဲဆတ်ပြီး အလေးအနက်ထားစီရင်ကြပါတယ်။ မစ္စတာဟာဖက်ရဲ့ ပထမဆုံးရှေ့နေဖြစ်သူ ရာရှစ်ရက်မန်းကတော့ ဒီအမှုကိုလိုက်ပေးမယ်လို့ လက်ခံလိုက်ပြီးနောက် ၂၀၁၄ ခုနှစ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ ဘာသာရေးစော်ကားတယ်လို့စွပ်စွဲခံရတဲ့ ဟာဖက်ဟာ ထောင်ထဲမှာလည်း အခြားအကျဉ်းသားတွေရဲ့ ကြိမ်ဖန်များစွာ တိုက်ခိုက်မှုတွေကိုခံရပြီးနောက် တိုက်ပိတ်ထားတဲ့အခန်းထဲမှာ နှစ်ပေါင်းများစွာ တစ်ဦးထဲနေထိုင်ခဲ့ရပါတယ်။ သူဟာ အမေရိကန်စာပေ၊ ဓါတ်ပုံနဲ့ ပြဇာတ်အထူးပြုဘာသာရပ်ကို ပညာသင်ဆုနဲ့ အမေရိကန်မှာ မဟာဘွဲ့ကိုလေ့လာခဲ့သူဖြစ်ပါတယ်။ ပါကစ္စတန်တရားရုံးရဲ့ စီရင်ချက်ဟာ တရားမျှတမှုလုံးဝမရှိပဲ အလွန်စိတ်ပျက် အံသြဖွယ်ဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က…

Read More

မြစ်ဆုံ-မန္တလာအထူးအမြန်ရထား ပြေးဆွဲမှုရပ်ဆိုင်း

မြစ်ဆုံ-မန္တလာအထူးအမြန်ရထား ပြေးဆွဲမှုရပ်ဆိုင်း မြစ်ကြီးနား ဒီဇင်ဘာ-၂၂-၂၀၁၉ ရန်အောင်ထွန်း မြစ်ကြီးနား-မန္တလေး မြစ်ဆုံမန္တလာအထူးမြန်ရထား ပြေးဆွဲမှု ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြေးဆွဲနေမှု ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ မြစ်ဆုံမန္တလာအထူးမြန်ရထားဟာ မြန်မာ့မီးရထားကနေ လေအိတ်ရထားပြေးဆွဲပြီးနောက်ပိုင်း ခရီးသည်စီးနင်းမှုနည်းတာတွေု၊ ကချင်အများပိုင်ကုမ္ပဏီက ရထားတဲ့ တင်ဒါသက်တမ်း ကုန်ဆုံးသွားတာလည်း ဖြစ်လို့ထပ်မံသက်တမ်းတိုးတာ မလုပ်တော့တာလို့ မြစ်ဆုံ-မန္တလာ အထူးမြန် ရထားလိုင်း ရဲ့လက်ထောက် မန်နေဂျာ ကိုလှအောင်ကပြောပါတယ်။ မြစ်ဆုံမန္တလာအထူးမြန်ရထားကို ၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကချင်ပြည်နယ်အများပိုင်ကုမ္ပဏီ တာဝန်ယူပြီး စတင်ပြေးဆွဲခဲ့တာပါ။ စတင်ပြေးဆွဲစဉ်က မြစ်ကြီးနား-မန္တလေး အသွားအပြန် တစ်ခေါက်အတွက် ငွေကျပ် ၆၉ သိန်း မြန်မာ့မီးရထားကို ပေးဆောင်ရတယ်လို့ သိရပါတယ်။ ၂၀၁၈-၁၉ ခုနှစ် သက်တမ်းတိုးတဲ့အခါမှာတော့ ငွေကျပ် ၅၉ သိန်းသာ ပေးခဲ့ရပေမယ့် ကုမ္ပဏီဘက်က ထပ်မံသက်တမ်းတိုးခြင်း မလုပ်တော့တာပါ။ မြန်မာ့မီးရထားဘက်ကတော့ တင်ဒါသက်တမ်းတိုးပေးဖို့…

Read More

နိုင်ငံအတွင်းတောမီးလောင်နေစဉ် အပန်းဖြေခရီးထွက်ခဲ့မိလို့ သြစတြေးလျဝန်ကြီးချုပ် ပြည်သူတွေကို တောင်းပန်

နိုင်ငံအတွင်းတောမီးလောင်နေစဉ် အပန်းဖြေခရီးထွက်ခဲ့မိလို့ သြစတြေးလျဝန်ကြီးချုပ် ပြည်သူတွေကို တောင်းပန် ဆစ်ဒနီ၊ ဒီဇင်ဘာ-၂၂-၂၀၁၉ မျိုးဆက် (VOM) သြစတြေးလျဝန်ကြီးချုပ်စကော့မောရစ်ဆင်ဟာ နိုင်ငံတွင်းတောမီးလောင်ကျွမ်းမှုတွေ ကြီးထွားနေစဉ်အတွင်း အားလပ်ရက်ခရီးသွားခဲ့မိတဲ့အတွက် ပြည်သူတွေကို တရားဝင်တောင်းပန်လိုက်ပါတယ်။ မစ္စတာမောရစ်ဆင်ဟာ သူ့အပေါ်ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်လာနေတာကြောင့် ဟာဝိုင်အီခရီးစဉ်ကို ရက်တိုပဲနေပြီး နိုင်ငံကိုပြန်လာခဲ့တာဖြစ်ပါတယ်။ တောမီးကြောင့် ဒီဇင်ဘာ၂၁ရက်မှာ သေဆုံးသူတစ်ဦးကု ိရှာဖွေတွေ့ရှိခဲ့ပြီး ပြည်နယ်သုံးခုမှာ တောမီးများလောင်ကျွမ်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ စက်တင်ဘာလကတည်းက ဖြစ်ပေါ်နေတဲ့ သြစတြေးလျတောမီးလောင်ကျွမ်းမှု ကြောင့် လူကိုးဦးထက်မနည်းသေဆုံးသွားပြီဖြစ်သလို လူနေအိမ်ပေါင်း ၇၀၀ကျော်ပျက်ဆီးခဲ့ပြီး မြေဟက်တာ ပေါင်းသန်းနှင့်ချီကာ မီးလောင်ပြင်တွေဖြစ်သွားပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ်တောမီးလောင်ကျွမ်းမှုဒဏ်ကို သြစတြေးလျနိုင်သားအများစု ဆိုးဆိုးရွားရွားခံစားပြီးနောက် ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုတိုးမြင့်ဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီးချုပ် မိုက်ကယ်မက်ကောမက်က အစောပိုင်းကပင် ကတိပြုပြောခဲ့ပါတယ်။ Ref : BBC Photo: Getty Images #voiceofmyanmar #VOM #သြစတြေးလျဝန်ကြီးချုပ်   Zawgyi…

Read More

ဧရာဝတီတိုင်းအလုပ်သမားဝန်ကြီးနဲ့ အလုပ်သမားရေးရာဌာနဆိုင်ရာ တာဝန်ရှိသူတွေ နူတ်ထွက်ပေးရေးဆန္ဒပြ

Unicode   ဧရာဝတီတိုင်းအလုပ်သမားဝန်ကြီးနဲ့ အလုပ်သမားရေးရာဌာနဆိုင်ရာ တာဝန်ရှိသူတွေ နူတ်ထွက်ပေးရေးဆန္ဒပြ ပုသိမ်-ဒီဇင်ဘာ ၂၂-၂၀၁၉ ကိုအောင် (VOM) ဧရာဝတီတိုင်းပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံလုပ်သား အင်အား ၉၀၀ ခန့်က အလုပ်သမားဝန်ကြီးနဲ့ အလုပ်သမားရေးရာဌာနဆိုင်ရာတွေ နူတ်ထွက်ပေးဖို့ ဒီနေ့ မှာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဧရာဝတီတိုင်းက အလုပ်သမားအလုပ်ရှင် ပြသနာဖြစ်ပေါ်တိုင်းမှာ အစိုးရနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးမူမရှိတာတွေနဲ့ ၁၄ရက်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ကန်ကြီးထောင့်ဟွာမူန်အထည်ချုပ် သပိတ်ကိုဖြေရှင်းမပေးနိင်တာကြောင့် ခုလိုဆန္ဒဖော်ထုတ်ခဲ့ကြတာလို့သိရပါတယ်။ ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ် သပိတ်ခေါင်းဆောင်တွေနဲ့အလုပ်ရှင် အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာလဲ အလုပ်ရှင်ဘက်ကတက်ရောက်ဖို့ပျက်ကွက်ခဲ့တဲ့အပေါ်မှာလည်း အစိုးရကအရေးယူပေးခြင်းမရှိတာကြောင့် ခုလို ဆန္ဒဖော်ထုတ် ပွဲပါဝင် လာတဲ့သူတစ်ဦးကပြောပါတယ် “ဝန်ကြီးကအစ အလုပ်သမားဌာနဆိုင်ရာက တာဝန်ရှိသူတွေ အလုပ်သမားအရေးတွေ မကိုင်တွယ်နိင်ရင် နူတ်ထွက်ပေးကြပါ ဒါကို သိအောင်လမ်းပေါ်ထွက်ဆန္ဒပြတာ”လို့ဟွာမူန်အထည်ချုပ်သပိတ်ခေါင်းဆောင် မစုပုံချစ် ကပြောပါတယ်။ လက်ရှိအစိုးရက တာဝန်ယူဖြေရှင်းပေးခြင်းမရှိတာကြောင့် အထည်ချုပ်စက်ရုံ တချို့မှာ အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံနေရပြီး အလုပ်ရှင် အလုပ်သမားပြသနာတွေအပေါ် ဖျန်ဖြေဖို့ အားကောင်းစေရန်နဲ့…

Read More
VOM News

FREE
VIEW