တမန်တော်ကို လူမှုကွန်ရက်မှာဝေဖန်သူ တက္ကသိုလ်ပါမောက္ခတစ်ဦးအား ပါကစ္စတန်တရားရုံး သေဒါဏ်ချ

တမန်တော်ကို လူမှုကွန်ရက်မှာဝေဖန်သူ တက္ကသိုလ်ပါမောက္ခတစ်ဦးအား ပါကစ္စတန်တရားရုံး သေဒါဏ်ချ

အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ-၂၂-၂၀၁၉
မျိုးဆက် (VOM)

ပါကစ္စတန်နိုင်ငံက တက္ကသိုလ်ပါမောက္ခတစ်ဦးကို ဘာသာရေးစော်ကားမှုနဲ့ တရားရုံးကနေ သေဒါဏ်ချမှတ်လိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျူနိုက်ဟာဖက်ဟာ လူမှုကွန်ရက်ပေါ်မှာ တမန်တော်မိုဟာမက်အကြောင်းကို မမှန်မကန်ဝေဖန်ရေးသားတယ်လို့ စွပ်စွဲခံရပြီး ၂၀၁၃ ခုနှစ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ပါကစ္စတန်မှာ ဘာသာရေးစော်ကားမှုပြုတဲ့ စွပ်စွဲချက်တွေဟာ အလွန်အကဲဆတ်ပြီး အလေးအနက်ထားစီရင်ကြပါတယ်။

မစ္စတာဟာဖက်ရဲ့ ပထမဆုံးရှေ့နေဖြစ်သူ ရာရှစ်ရက်မန်းကတော့ ဒီအမှုကိုလိုက်ပေးမယ်လို့ လက်ခံလိုက်ပြီးနောက် ၂၀၁၄ ခုနှစ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ဘာသာရေးစော်ကားတယ်လို့စွပ်စွဲခံရတဲ့ ဟာဖက်ဟာ ထောင်ထဲမှာလည်း အခြားအကျဉ်းသားတွေရဲ့ ကြိမ်ဖန်များစွာ တိုက်ခိုက်မှုတွေကိုခံရပြီးနောက် တိုက်ပိတ်ထားတဲ့အခန်းထဲမှာ နှစ်ပေါင်းများစွာ တစ်ဦးထဲနေထိုင်ခဲ့ရပါတယ်။

သူဟာ အမေရိကန်စာပေ၊ ဓါတ်ပုံနဲ့ ပြဇာတ်အထူးပြုဘာသာရပ်ကို ပညာသင်ဆုနဲ့ အမေရိကန်မှာ မဟာဘွဲ့ကိုလေ့လာခဲ့သူဖြစ်ပါတယ်။

ပါကစ္စတန်တရားရုံးရဲ့ စီရင်ချက်ဟာ တရားမျှတမှုလုံးဝမရှိပဲ အလွန်စိတ်ပျက် အံသြဖွယ်ဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဝေဖန်ပြောဆိုပါတယ်။

Ref : BBC
Photo: Reuters

#voiceofmyanmar #VOM #တမန်တော် #ပါကစ္စတန်

 

Zawgyi

တမန္ေတာ္ကို လူမႈကြန္ရက္မွာေ၀ဖန္သူ တကၠသိုလ္ပါေမာကၡတစ္ဦးအား ပါကစၥတန္တရားရံုး ေသဒါဏ္ခ်

အစၥလာမၼာဘတ္၊ ဒီဇင္ဘာ-၂၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ပါကစၥတန္နုိင္ငံက တကၠသို္လ္ပါေမာကၡတစ္ဦးကို ဘာသာေရးေစာ္ကားမႈနဲ႔ တရားရံုးကေန ေသဒါဏ္ခ်မွတ္လိုက္ပါတယ္။

အသက္ ၃၃ နွစ္အရြယ္ ဂ်ဴနိုက္ဟာဖက္ဟာ လူမႈကြန္ရက္ေပၚမွာ တမန္ေတာ္မိုဟာမက္အေၾကာင္းကို မမွန္မကန္ေ၀ဖန္ေရးသားတယ္လို႔ စြပ္စြဲခံရျပီး ၂၀၁၃ ခုနွစ္မွာ အဖမ္းခံခဲ႔ရတာျဖစ္ပါတယ္။

ပါကစၥတန္မွာ ဘာသာေရးေစာ္ကားမႈျပဳတဲ႔ စြပ္စြဲခ်က္ေတြဟာ အလြန္အကဲဆတ္ျပီး အေလးအနက္ထားစီရင္ၾကပါတယ္။

မစၥတာဟာဖက္ရဲ႕ ပထမဆံုးေရွ႕ေနျဖစ္သူ ရာရွစ္ရက္မန္းကေတာ႔ ဒီအမႈကိုလိုက္ေပးမယ္လို႔ လက္ခံလိုက္ျပီးေနာက္ ၂၀၁၄ ခုနွစ္မွာ ေသနတ္နဲ႔ပစ္သတ္ခံခဲ႔ရပါတယ္။

ဘာသာေရးေစာ္ကားတယ္လို႔စြပ္စြဲခံရတဲ႔ ဟာဖက္ဟာ ေထာင္ထဲမွာလည္း အျခားအက်ဥ္းသားေတြရဲ႕ ၾကိမ္ဖန္မ်ားစြာ တိုက္ခိုက္မႈေတြကိုခံရျပီးေနာက္ တိုက္ပိတ္ထားတဲ႔အခန္းထဲမွာ နွစ္ေပါင္းမ်ားစြာ တစ္ဦးထဲေနထိုင္ခဲ႔ရပါတယ္။

သူဟာ အေမရိကန္စာေပ၊ ဓါတ္ပံုနဲ႔ ျပဇာတ္အထူးျပဳဘာသာရပ္ကို ပညာသင္ဆုနဲ႔ အေမရိကန္မွာ မဟာဘြဲ႕ကိုေလ႔လာခဲ႔သူျဖစ္ပါတယ္။

ပါကစၥတန္တရားရံုးရဲ႕ စီရင္ခ်က္ဟာ တရားမွ်တမႈလံုး၀မရိွပဲ အလြန္စိတ္ပ်က္ အံၾသဖြယ္ျဖစ္တယ္လို႔ နိုင္ငံတကာလြတ္ျငိမ္းခ်မ္းသာခြင္႔အဖြဲ႔က ေ၀ဖန္ေျပာဆိုပါတယ္။

Ref : BBC
Photo: Reuters

#voiceofmyanmar #VOM #တမန္ေတာ္ #ပါကစၥတန္

Related posts

Leave a Comment

VOM News

FREE
VIEW