ဧရာဝတီတိုင်းအလုပ်သမားဝန်ကြီးနဲ့ အလုပ်သမားရေးရာဌာနဆိုင်ရာ တာဝန်ရှိသူတွေ နူတ်ထွက်ပေးရေးဆန္ဒပြ

Unicode

 

ဧရာဝတီတိုင်းအလုပ်သမားဝန်ကြီးနဲ့ အလုပ်သမားရေးရာဌာနဆိုင်ရာ တာဝန်ရှိသူတွေ နူတ်ထွက်ပေးရေးဆန္ဒပြ

ပုသိမ်-ဒီဇင်ဘာ ၂၂-၂၀၁၉

ကိုအောင် (VOM)

ဧရာဝတီတိုင်းပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံလုပ်သား အင်အား ၉၀၀ ခန့်က အလုပ်သမားဝန်ကြီးနဲ့ အလုပ်သမားရေးရာဌာနဆိုင်ရာတွေ နူတ်ထွက်ပေးဖို့ ဒီနေ့ မှာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်းက အလုပ်သမားအလုပ်ရှင် ပြသနာဖြစ်ပေါ်တိုင်းမှာ အစိုးရနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးမူမရှိတာတွေနဲ့ ၁၄ရက်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ကန်ကြီးထောင့်ဟွာမူန်အထည်ချုပ် သပိတ်ကိုဖြေရှင်းမပေးနိင်တာကြောင့် ခုလိုဆန္ဒဖော်ထုတ်ခဲ့ကြတာလို့သိရပါတယ်။

ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ် သပိတ်ခေါင်းဆောင်တွေနဲ့အလုပ်ရှင် အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာလဲ အလုပ်ရှင်ဘက်ကတက်ရောက်ဖို့ပျက်ကွက်ခဲ့တဲ့အပေါ်မှာလည်း အစိုးရကအရေးယူပေးခြင်းမရှိတာကြောင့် ခုလို ဆန္ဒဖော်ထုတ်
ပွဲပါဝင် လာတဲ့သူတစ်ဦးကပြောပါတယ်

“ဝန်ကြီးကအစ အလုပ်သမားဌာနဆိုင်ရာက
တာဝန်ရှိသူတွေ အလုပ်သမားအရေးတွေ မကိုင်တွယ်နိင်ရင် နူတ်ထွက်ပေးကြပါ ဒါကို သိအောင်လမ်းပေါ်ထွက်ဆန္ဒပြတာ”လို့ဟွာမူန်အထည်ချုပ်သပိတ်ခေါင်းဆောင် မစုပုံချစ် ကပြောပါတယ်။

လက်ရှိအစိုးရက တာဝန်ယူဖြေရှင်းပေးခြင်းမရှိတာကြောင့် အထည်ချုပ်စက်ရုံ တချို့မှာ အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံနေရပြီး
အလုပ်ရှင် အလုပ်သမားပြသနာတွေအပေါ် ဖျန်ဖြေဖို့ အားကောင်းစေရန်နဲ့ နိင်ငံတော်အဆင့် တာဝန်ရှိသူတွေသိအောင် ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာလို့ ဦးဆောင်သူ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ တာဝန်ခံ ဒေါ်ခခက ပြောပါတယ်။

ဒီနေ့ဆန္ဒဖော်ထုတ်ပွဲမှာ လက်ရှိသပိတ်မှောက်နေတဲ့ ကန်ကြီးထောင်ဟွာမူန်အထည်ချုပ်စက်ရုံကလုပ်သားတွေ ပုသိမ်အထည်ချုပ်စက်ရုံ ကလုပ်သားတွေ နဲ့ အလုပ်သမားအရေး ဆောက်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

#voiceofmyanmar #VOM #ကန်ကြီးဒေါင့် #အလုပ်သမားဆန္ဒပြ

Zawgyi

 

ဧရာဝတီတိုင္းအလုပ္သမားဝန္ၾကီးနဲ႕ အလုပ္သမားေရးရာဌာနဆိုင္ရာ တာဝန္ရွိသူေတြ နူတ္ထြက္ေပးေရးဆႏၵျပ

ပုုသိမ္-ဒီဇင္ဘာ ၂၂-၂၀၁၉

ကိုေအာင္ (VOM)

ဧရာဝတီတိုင္းပုသိမ္ျမိဳ႕မွာ အထည္ခ်ဳပ္စက္ရုံလုပ္သား အင္အား ၉၀၀ ခန္႕က အလုပ္သမားဝန္ၾကီးနဲ႕ အလုပ္သမားေရးရာဌာနဆိုင္ရာေတြ နူတ္ထြက္ေပးဖို႔ ဒီေန႕ မွာဆႏၵေဖာ္ထုတ္ခဲ႕ၾကပါတယ္။

ဧရာဝတီတိုင္းက အလုပ္သမားအလုပ္ရွင္ ျပသနာျဖစ္ေပၚတိုင္းမွာ အစိုးရနဲ႕ ဌာနဆိုင္ရာေတြအေနနဲ႕ တာဝန္ယူေျဖရွင္းေပးမူမရွိတာေတြနဲ႕ ၁၄ရက္ေက်ာ္ၾကာျမင့္ေနျပီျဖစ္တဲ႕ ကန္ၾကီးေထာင့္ဟြာမူန္အထည္ခ်ဳပ္ သပိတ္ကိုေျဖရွင္းမေပးနိင္တာေၾကာင့္ ခုလိုဆႏၵေဖာ္ထုတ္ခဲ႕ၾကတာလို႕သိရပါတယ္။

ကန္ၾကီးေထာင့္ဟြာမူန္ အထည္ခ်ဳပ္ သပိတ္ေခါင္းေဆာင္ေတြနဲဲ႕အလုပ္ရွင္ အစိုးရ သံုးပြင့္ဆိုင္ေတြ႕ဆံုပြဲမွာလဲ အလုပ္ရွင္ဘက္ကတက္ေရာက္ဖို႕ပ်က္ကြက္ခဲ႕တဲ႕အေပၚမွာလည္း အစိုးရကအေရးယူေပးျခင္းမရွိတာေၾကာင့္ ခုလို ဆႏၵေဖာ္ထုတ္
ပြဲပါဝင္ လာတဲ႕သူတစ္ဦးကေျပာပါတယ္

“ဝန္ၾကီးကအစ အလုပ္သမားဌာနဆိုင္ရာက
တာဝန္ရွိသူေတြ အလုပ္သမားအေရးေတြ မကိုင္တြယ္နိင္ရင္ နူတ္ထြက္ေပးၾကပါ ဒါကို သိေအာင္လမ္းေပၚထြက္ဆႏၵျပတာ”လို႕ဟြာမူန္အထည္ခ်ဳပ္သပိတ္ေခါင္းေဆာင္ မစုပံုခ်စ္ ကေျပာပါတယ္။

လက္ရွိအစိုးရက တာဝန္ယူေျဖရွင္းေပးျခင္းမရွိတာေၾကာင့္ အထည္ခ်ဳပ္စက္ရုံ တခ်ိဳ႕မွာ အလုပ္သမားအခြင့္အေရးေတြခိ်ဳးေဖာက္ခံေနရျပီး
အလုပ္ရွင္ အလုပ္သမားျပသနာေတြအေပၚ ဖ်န္ေျဖဖို႔ အားေကာင္းေစရန္နဲဲ႔ နိင္ငံေတာ္အဆင့္ တာဝန္ရွိသူေတြသိေအာင္ ရည္ရြယ္ျပီး ဆႏၵေဖာ္ထုတ္တာလို႕ ဦးေဆာင္သူ အလုပ္သမားအခ်င္းခ်င္း ရုိင္းပင္းကူညီေရးအဖြဲဲ႕ တာဝန္ခံ ေဒၚခခက ေျပာပါတယ္။

ဒီေန႕ဆႏၵေဖာ္ထုတ္ပြဲဲမွာ လက္ရွိသပိတ္ေမွာက္ေနတဲ႕ ကန္ၾကီးေထာင္ဟြာမူန္အထည္ခ်ဳပ္စက္ရုံကလုပ္သားေတြ ပုသိမ္အထည္ခ်ဳပ္စက္ရုံ ကလုပ္သားေတြ နဲဲ႕ အလုပ္သမားအေရး ေဆာက္ရြက္ေပးေနတဲ႕အဖြဲ႕အစည္းေတြ ပါဝင္ဆႏၵျပခဲဲ႕ၾကပါတယ္။

#voiceofmyanmar #VOM #ကန္ၾကီးေဒါင့္ #အလုုပ္သမားဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW