မန်တလေး၊ ဒီဇငျဘာ ၂၃-၂၀၁၉ လငျးခိုငျ(VOM) မန်တလေးမွို့၊ အမရပူရမွို့နယျ၊ ရတနာပုံတက်ကသိုလျကြောငျးအနီးတဝိုကျကို မန်တလေးတိုငျးရဲတပျဖှဲ့မှူးရုံးက ရဲလုံခွုံရေးအငျအားခထြားပေးမယျလို့ ရတနာပုံတက်ကသိုလျကြောငျးသားမြားသမဂ်ဂ ဗကသမြားအဖှဲ့ခြုပျကနေ သိရပါတယျ။ ရတနာပုံတက်ကသိုလျကြောငျးသားမြားသမဂ်ဂ ဗကသမြားအဖှဲ့ခြုပျအဖှဲ့ဝငျတှကေ ဒီကနေ့နေ့လညျပိုငျးမှာ တက်ကသိုလျကြောငျးသား ကိုစိုးမိုးဟိနျးသဆေုံးခဲ့တဲ့ကိစ်စကို မန်တလေးတိုငျးနယျလုံဝနျကွီးနဲ့ လာရောကျတှေ့ဆုံခြိနျ တိုငျးအစိုးရတာဝနျရှိသူတှနေဲ့ ရဲမှူးခြုပျစိနျလှငျက ပွောကွားခဲ့တယျလို့ ရတနာပုံတက်ကသိုလျကြောငျးသားမြားသမဂ်ဂ ဗကသမြားအဖှဲ့ခြုပျမှ တှဲဖကျအတှငျးရေးမှူး ကိုခစြျဇောျရဲ့ ပွောပွခကြျအရ သိရပါတယျ။ #VOM #voiceofmyanmar #မန်တလေး #တက်ကသိုလျအနီး #လုံခွုံရေး Zawgyi ကျောင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် ရတနာပုံတက္ကသိုလ်အနီး လုံခြုံရေးချထားပေးမယ် ရဲမှူးချုပ်ကတိပေး မန္တလေး၊ ဒီဇင်ဘာ ၂၃-၂၀၁၉ လင်းခိုင်(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ကျောင်းအနီးတဝိုက်ကို မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲလုံခြုံရေးအင်အားချထားပေးမယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်ကနေ သိရပါတယ်။ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်အဖွဲ့၀င်တွေက ဒီကနေ့နေ့လည်ပိုင်းမှာ တက္ကသိုလ်ကျောင်းသား ကိုစိုးမိုးဟိန်းသေဆုံးခဲ့တဲ့ကိစ္စကို မန္တလေးတိုင်းနယ်လုံ၀န်ကြီးနဲ့ လာရောက်တွေ့ဆုံချိန် တိုင်းအစိုးရတာ၀န်ရှိသူတွေနဲ့ ရဲမှူးချုပ်စိန်လွင်က…
Read More
ဗစ်တိုးရီးယားအမှုမှာ ရဲတပ်ဖွဲ့က ကျင့်ဝတ်ချိုးဖောက်တဲ့အတွက် ဆန္ဒပြတောင်းဆို
Read More
(၇၂)နှစ်မြောက်ကချင်ပြည်နယ်နေ့ ခေါင်းစီးစာတန်း စကားအသုံးအနှုန်းအပေါ် သဘောထားကွဲလွဲ
မြစ်ကြီးနား၊ဒီဇင်ဘာ ၂၃-၂၀၁၉ ရန်အောင်ထွန်း(VOM) (၇၁) နှစ်မြောက်ကချင်ပြည်နယ်နေ့မှာ အသုံးပြုမယ့် (KACHIN MUNGDAW NHTOI) ဆိုတဲ့ စကားလုံးအသုံးအနှုန်းအပေါ်မှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။ ကန့်ကွက်သူတွေကတော့ (JINGHPAW MUNGDAW NHTOI) ဆိုပြီး အသုံးပြုတာမဟုတ်ရင် လက်မခံဘူးလို့ သိရပြီး ယခင်နှစ်ကလည်း အဲ့ဒီစကားလုံးအသုံးအနှုန်း ပြဿနာကြောင့် ကချင်ပြည်နယ်နေ့အတွက် စိုက်ထူထားတဲ့ မုဒ်ဦးဆိုင်းပုဒ် မီးရှို့ခံရတဲ့အထိဖြစ်ခဲ့လို့ ခေါင်းစီးစာတန်း ပြောင်းလဲခဲ့ရပါတယ်။ “ ကချင်ရိုးရာမနောပွဲကို အကြောင်းပြပြီး ပြည်နယ်ရဲ့အမည်ကို ပြောင်းလဲမှု ပြုလုပ်မှာကို လက်မခံနိုင်ဘူး”လို့ ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်ရဲ့ ဆက်ဆံရေးတာဝန်ခံ ကိုဇုတ်ဒေါ့စောမ်နော်က ပြောပါတယ်။ အခုနှစ်မှာလည်း (JINGHPAW MUNGDAW NHTOI) စာသားကို အသုံးမပြုဘူးဆိုရင် ကန်ကွက်မှုတွေ ထပ်ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ “ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေရှိလာခဲ့ရင်တော့ ကချင်မျိုးနွယ်စုအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း (WUNPAWNG HTUNGHKING…
Read More
ကျွန်းလှမြို့က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုး ကွယ်လွန်
မန္တလေး၊ ဒီဇင်ဘာ ၂၃-၂၀၁၉ လင်းခိုင်(VOM) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးဟာ ဒီကနေ့မနက်(၆)နာရီခွဲ‌လောက်က မန္တလေးမြို့၊ နန်းတော် ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်းလူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ” ဒီနေ့မနက် ၆နာရီခွဲလောက် မန္တလေးက နန်းတော်ဆေးရုံမှာ ဆုံးသွားတယ်၊ ဦးလှဖြိုးကလည်း ကျောင်းဆရာထွက်၊ သူ့မိန်းမကလည်း ကျောင်းဆရာမ အငြိမ်းစား၊ သူကလေးတွေကလည်း ပညာတတ်တွေပါ ၊ ၉၆ပါးရောဂါနဲ့ ဆုံးသွားတာပါ၊ ခု စစ်ကိုင်းတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး သူ့ဆီကို နာရေးသွားမေးနေပါတယ်” လို့ ကျွန်းလှမြို့ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးကျော်လင်းကပြောပါတယ်။ ဦးလှဖြိုးဟာ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်မှာ နေထိုင်သူဖြစ်ပြီး ကျောင်းဆရာအငြိမ်းစားတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတ နှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ နဲ့ စီးပွားရေး၊ ကူးသန်းရောင်း၀ယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီမှာလည်း အဖွဲ့၀င်တစ်ဦးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးရဲ့ ဈာပနအခမ်းအနားကို ဒီဇင်ဘာ…
Read More
ဟွန်ဒူးရပ် ထောင်အတွင်း ပြိုင်ဘက်ဂိုဏ်းနှစ်ခုတိုက်ခိုက်မှု အကျဉ်းသား ၁၆ ဦးသေဆုံး
တေဂူစီဂယ်ပါ၊ ဒီဇင်ဘာ-၂၃-၂၀၁၉ မျိုးဆက် (VOM)   ဟွန်ဒူးရပ်နိုင်ငံ ထောင်တစ်ခုမှာ လူသေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး နောက်နှစ်အကြာမှာ နောက်ထပ်ထောင်တစ်ခုမှာ ပြိုင်ဘက်ဂိုဏ်းနှစ်ခုအကြား တိုက်ခိုက်မှုကြောင့် အကျဉ်းသား ၁၆ ဦးသေဆုံးခဲ့ပါတယ်။   မြို့တော်တေဂူစီဂယ်ပါ အရှေ့ပိုင်းမှာရှိတဲ့ အယ်လ်ပရိုဗန်နီးယားထောင်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ အကျဉ်းသားတွေဟာ သေနတ်တွေ၊ ဓါးတိုတွေအပြင် ဓါးရှည်တွေကိုပါ အသုံးပြုခဲ့ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။   အကျဉ်းသားတွေ စုပြုံထားတယ်လို့ နာမည်ဆိုးကျော်ကြားတဲ့ ဟွန်ဒူးရပ်က အကျဉ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။   ဒီဇင်ဘာ ၂၀ ရက်ကလည်း နိုင်ငံမြောက်ပိုင်း တီလာမြို့မှာရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ ဆူပူမှုကြောင့် အကျဉ်းသား ၁၈ ဦးသေဆုံးပြီး ၁၆ ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။   အစိုးရကတော့ ထောင်တွင်းစနစ်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာလိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်ပေးဖို့ လွှဲပြောင်းထားပါတယ်။   Ref:…
Read More
မြင်းမူမြို့ဧရိယာအတွင်းက တိုးဂိလ်ကို ဖယ်ရှားပေးဖို့ ဆန္ဒပြ
မြင်းမူ၊ ဒီဇင်ဘာ ၂၃-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်ခရိုင်၊ မြင်းမူမြို့၊ မြို့ဧရိယာအတွင်းကျရောက်နေတဲ့ တိုးဂိလ်ကို ဖယ်ရှားပေးဖို့ ဒီကနေ့မနက်ပိုင်းက မြင်းမူမြို့ပေါ်ရပ်ကွက်တွေက ယာဉ်ပိုင်ရှင်တွေနဲ့ ကျေးရွာသားတွေ စုပေါင်းပြီး လူဦးရေ ၁၀၀ ခန့်က တိုးဂိလ်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ မြင်းမူမြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေဟာ မြို့နယ်အတွင်းကနေ အခြားတနေရာကို သွားလာတဲ့အခါ လမ်းအသုံးပြုခတွေကို အဆမတန် ပေးဆောင်နေရပြီး ထိခိုက်နစ်နာမှုတွေ များစွာရှိလာတဲ့အတွက် ယခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးမင်းမင်းစိန် ကပြောပါတယ်။ ”ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု လိုင်းကနေ ခရိုင်စီမံခန့်ခွဲမှုကော်မတီကို တင်ပြထားပြီဖြစ်ပါတယ်။ ခရိုင်စီမံခန့်ခွဲမှုကော်မတီကနေ အစိုးရအဖွဲ့ကို ဆက်ပြီးတင်ပြမှာပါဗျ “လို့ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က ပြောပါတယ်။ #VOM #voiceofmyanmar #မြင်းမူ #တိုးဂိတ် #ဆန္ဒပြ Zawgyi မြင်းမူမြို့ဧရိယာအတွင်းက တိုးဂိလ်ကို ဖယ်ရှားပေးဖို့…
Read More
ဆီးရီးယားဒုက္ခသည်တွေကို နောက်ထပ်လက်မခံနိုင်တော့ဘူးလို့ တူရကီသမ္မတ သတိပေး
အန်ကာရာ၊ ဒီဇင်ဘာ-၂၃-၂၀၁၉ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံက နောက်ထပ်ဒုက္ခသည်တွေ ဝင်ရောက်လာတာကို တူရကီအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က သတိပေးပြောဆိုလိုက်ပါတယ်။ ဆီးရီးယားအနောက်မြောက်ပိုင်း သူပုန်တွေတပ်စွဲထားရာ အိုင်ဒလစ်ပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြင့်လာနေချိန်မှာ တူရကီနယ်စပ်ကို ဒုက္ခသည်သိန်းနဲ့ချီပြီး ထွက်ပြေးနေကြပါတယ်။ တူရကီမှာ ယခင်ကတည်းက ဆီးရီးယားဒုက္ခသည် ၃ ဒသမ ၇သန်းကို လက်ခံထားပြီး ကမ္ဘာပေါ်မှာ ဒုက္ခသည်အများဆုံးလက်ခံထားရာ အကြီးဆုံးစခန်းဖြစ်ပါတယ်။ ဒီလိုဒုက္ခသည်အသစ်တွေ ထပ်မံဝင်ရောက်လာတာဟာ ဥရောပနိုင်ငံတွေအားလုံးခံစားကြရလိမ့်မယ်လို့ တူရကီသမ္မတ အာဒိုဂန်က သတိပေးပြောဆိုပါတယ်။ အိုင်ဒလစ်ပြည်နယ်မှာ လူဦးရေ သုံးသန်းကျော်နေထိုင်ကြပြီး ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို တော်လှန်နေကြတဲ့ တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်အခြေချထားရာ အဓိကနေရာတစ်ခုဖြစ်ပါတယ်။ Ref : BBC Photo: Getty Image #VOM #voiceofmyanmar #တူရကီ #ဆီးရီးယား #ဒုက္ခသည် Zawgyi ဆီးရီးယားဒုက္ခသည်တွေကို နောက်ထပ်လက်မခံနိုင်တော့ဘူးလို့…
Read More
ဘိလပ်မြေကုန်ကြမ်းအတွက် တရားမဝင်မြေတူးဖော်မှုတွေ ရှိနေတယ်လို့ ဒေသခံအချို့က စွပ်စွဲ
ပြင်ဦးလွင် ဒီဇင်ဘာ ၂၃ ဖြူဖြူ (VOM) ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ သစ်တောမြေနဲ့ တောင်သူပိုင်ယာမြေအချို့မှာ ဘိလပ်မြေကုန်ကြမ်းအတွက် အသုံးပြုတဲ့ သံကျောက်မြေတွေကို စက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်တူးယူတာ တွေရှိနေတယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုပါတယ်။ ဒါ့အပြင် ကျေးရွာချင်းဆက်လမ်းတွေကို အသုံးပြုပြီး နေ့စဉ်မြေသယ်ကား ၅၀ ကျော်လောက်ဖြတ်သန်းနေမှုတွေကြောင့် လမ်းပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကတော့ ဌာနပေါင်းစုံပူးပေါင်းပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ #voiceofmyanmar #ပြင်ဦးလွင် #တရားမဝင် #မြေတူးဖော် Zawgyi ဘိလပ်မြေကုန်ကြမ်းအတွက် တရားမဝင်မြေတူးဖော်မှုတွေ ရှိနေတယ်လို့ ဒေသခံအချို့က စွပ်စွဲ ပြင်ဦးလွင် ဒီဇင်ဘာ ၂၃ ဖြူဖြူ (VOM) ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ သစ်တောမြေနဲ့ တောင်သူပိုင်ယာမြေအချို့မှာ ဘိလပ်မြေကုန်ကြမ်းအတွက် အသုံးပြုတဲ့ သံကျောက်မြေတွေကို စက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်တူးယူတာ…
Read More
VOM News
FREE
VIEW