(၇၂)နှစ်မြောက်ကချင်ပြည်နယ်နေ့ ခေါင်းစီးစာတန်း စကားအသုံးအနှုန်းအပေါ် သဘောထားကွဲလွဲ

မြစ်ကြီးနား၊ဒီဇင်ဘာ ၂၃-၂၀၁၉
ရန်အောင်ထွန်း(VOM)

(၇၁) နှစ်မြောက်ကချင်ပြည်နယ်နေ့မှာ အသုံးပြုမယ့် (KACHIN MUNGDAW NHTOI) ဆိုတဲ့ စကားလုံးအသုံးအနှုန်းအပေါ်မှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။
ကန့်ကွက်သူတွေကတော့ (JINGHPAW MUNGDAW NHTOI) ဆိုပြီး အသုံးပြုတာမဟုတ်ရင် လက်မခံဘူးလို့ သိရပြီး ယခင်နှစ်ကလည်း အဲ့ဒီစကားလုံးအသုံးအနှုန်း ပြဿနာကြောင့် ကချင်ပြည်နယ်နေ့အတွက် စိုက်ထူထားတဲ့ မုဒ်ဦးဆိုင်းပုဒ် မီးရှို့ခံရတဲ့အထိဖြစ်ခဲ့လို့ ခေါင်းစီးစာတန်း ပြောင်းလဲခဲ့ရပါတယ်။

“ ကချင်ရိုးရာမနောပွဲကို အကြောင်းပြပြီး ပြည်နယ်ရဲ့အမည်ကို ပြောင်းလဲမှု ပြုလုပ်မှာကို လက်မခံနိုင်ဘူး”လို့ ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်ရဲ့ ဆက်ဆံရေးတာဝန်ခံ ကိုဇုတ်ဒေါ့စောမ်နော်က ပြောပါတယ်။

အခုနှစ်မှာလည်း (JINGHPAW MUNGDAW NHTOI) စာသားကို အသုံးမပြုဘူးဆိုရင် ကန်ကွက်မှုတွေ ထပ်ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။

“ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေရှိလာခဲ့ရင်တော့ ကချင်မျိုးနွယ်စုအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း (WUNPAWNG HTUNGHKING HPUNG GINJAW)နဲ့ ပြည်နယ်အစိုးအဖွဲ့တို့ကသာ တာဝန်ယူဆုံးဖြတ်ပေးသွားရမှာဖြစ်တယ်၊ လူမျိုးစုဝင် ၆ စုထဲက အများစုသဘောတူတာကို ဆောင်ရွက်တာဖြစ်တယ်၊ သဘောမတူလို့ ကန့်ကွက်မှုရှိနေတာကိုလည်း အကြမ်းမဖက်ဘဲ ဖြေရှင်းသင့်တယ်”လို့ မနောပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတန်ဂွန်းက ပြောပါတယ်။

ကချင်မျိုးနွယ်စုဝင်တွေကြားမှာ ပြီးခဲ့တဲ့နှစ်ကလည်း ဒီစကားအသုံးအနှုန်းအတွက် သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး သက်ဆိုင်ရာ စာပေယဉ်ကျေးမှုကော်မတီတွေက တရားဝင်စာထုတ်ပြန် ကန့်ကွက်ခဲ့လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်ညှိနှိုင်းပေးခဲ့ရတာလည်း ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကျင်းပပြီးချိန်မှာ တိုင်းရင်းသားစာပေယဉ်ကျေးမှုကော်မတီအားလုံးနဲ့ တွေ့ဆုံပြီး ဌာနေတိုင်းရင်းသား အားလုံးလက်ခံနိုင်မယ့် အမည်နာမတစ်ခုကို ဝိုင်းဝန်းဆွေးနွေးကြဖို့ လုပ်ဆောင်ပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပေမယ့် အခုနှစ်အထိ အကောင်ထည်ဖော်ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲတော်ကို (၂၀၂၀)ခုနှစ် ဇန်ဝါရီ (၅) ရက်ကနေ (၁၂) ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကချင် #ပြည်နယ်နေ့ #သဘောထားကွဲလွဲ

Zawgyi

(၇၂)ႏွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔ ေခါင္းစီးစာတန္း စကားအသုံးအႏႈန္းအေပၚ သေဘာထားကြဲလြဲ

ျမစ္ႀကီးနား၊ဒီဇင္ဘာ ၂၃-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

(၇၁) ႏွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔မွာ အသုံးျပဳမယ့္ (KACHIN MUNGDAW NHTOI) ဆိုတဲ့ စကားလုံးအသုံးအႏႈန္းအေပၚမွာ ကန႔္ကြက္မႈေတြ ရွိေနပါတယ္။
ကန္႔ကြက္သူေတြကေတာ့ (JINGHPAW MUNGDAW NHTOI) ဆိုၿပီး အသုံးျပဳတာမဟုတ္ရင္ လက္မခံဘူးလို႔ သိရၿပီး ယခင္ႏွစ္ကလည္း အဲ့ဒီစကားလုံးအသုံးအႏႈန္း ျပႆနာေၾကာင့္ ကခ်င္ျပည္နယ္ေန႔အတြက္ စိုက္ထူထားတဲ့ မုဒ္ဦးဆိုင္းပုဒ္ မီးရႈိ႕ခံရတဲ့အထိျဖစ္ခဲ့လို႔ ေခါင္းစီးစာတန္း ေျပာင္းလဲခဲ့ရပါတယ္။

“ ကခ်င္႐ိုးရာမေနာပြဲကို အေၾကာင္းျပၿပီး ျပည္နယ္ရဲ႕အမည္ကို ေျပာင္းလဲမႈ ျပဳလုပ္မွာကို လက္မခံႏိုင္ဘူး”လို႔ ကခ်င္႐ိုးရာယဥ္ေက်းမႈႏွင့္ စာေပအဖြဲ႕ခ်ဳပ္ရဲ႕ ဆက္ဆံေရးတာဝန္ခံ ကိုဇုတ္ေဒါ့ေစာမ္ေနာ္က ေျပာပါတယ္။

အခုႏွစ္မွာလည္း (JINGHPAW MUNGDAW NHTOI) စာသားကို အသုံးမျပဳဘူးဆိုရင္ ကန္ကြက္မႈေတြ ထပ္ျဖစ္လာလိမ့္မယ္လို႔ သိရပါတယ္။

“ ျပင္းထန္တဲ့ ကန္႔ကြက္မႈေတြရွိလာခဲ့ရင္ေတာ့ ကခ်င္မ်ိဳးႏြယ္စုအားလုံး ပါဝင္ဖြဲ႕စည္းထားတဲ့ ျမန္မာႏိုင္ငံကခ်င္လူမ်ိဳး ႐ိုးရာယဥ္ေက်းမႈအသင္း (WUNPAWNG HTUNGHKING HPUNG GINJAW)နဲ႔ ျပည္နယ္အစိုးအဖြဲ႕တို႔ကသာ တာဝန္ယူဆုံးျဖတ္ေပးသြားရမွာျဖစ္တယ္၊ လူမ်ိဳးစုဝင္ ၆ စုထဲက အမ်ားစုသေဘာတူတာကို ေဆာင္႐ြက္တာျဖစ္တယ္၊ သေဘာမတူလို႔ ကန႔္ကြက္မႈရွိေနတာကိုလည္း အၾကမ္းမဖက္ဘဲ ေျဖရွင္းသင့္တယ္”လို႔ မေနာပြဲျဖစ္ေျမာက္ေရးေကာ္မတီဥကၠ႒ ဦးတန္ဂြန္းက ေျပာပါတယ္။

ကခ်င္မ်ိဳးႏြယ္စုဝင္ေတြၾကားမွာ ၿပီးခဲ့တဲ့ႏွစ္ကလည္း ဒီစကားအသုံးအႏႈန္းအတြက္ သေဘာထားကြဲလြဲမႈေတြရွိခဲ့ၿပီး သက္ဆိုင္ရာ စာေပယဥ္ေက်းမႈေကာ္မတီေတြက တရားဝင္စာထုတ္ျပန္ ကန္႔ကြက္ခဲ့လို႔ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ၾကားဝင္ညႇိႏႈိင္းေပးခဲ့ရတာလည္း ျဖစ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ကခ်င္ျပည္နယ္ေန႔ မေနာပြဲေတာ္က်င္းပၿပီးခ်ိန္မွာ တိုင္းရင္းသားစာေပယဥ္ေက်းမႈေကာ္မတီအားလုံးနဲ႔ ေတြ႔ဆုံၿပီး ဌာေနတိုင္းရင္းသား အားလုံးလက္ခံႏိုင္မယ့္ အမည္နာမတစ္ခုကို ဝိုင္းဝန္းေဆြးေႏြးၾကဖို႔ လုပ္ေဆာင္ေပးမယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ေပမယ့္ အခုႏွစ္အထိ အေကာင္ထည္ေဖာ္က်င္းပႏိုင္ျခင္း မရွိေသးပါဘူး။

(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အထိမ္းအမွတ္ မေနာပြဲေတာ္ကို (၂၀၂၀)ခုႏွစ္ ဇန္ဝါရီ (၅) ရက္ကေန (၁၂) ရက္ထိ က်င္းပသြားမွာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ကခ်င္ #ျပည္နယ္ေန႔ #သေဘာထားကြဲလြဲ

Related posts

Leave a Comment

VOM News

FREE
VIEW